အေအေပီပီနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ဆက်လက်ဖမ်းဆီးနေဆဲ ရက်စွဲ။ ။ ၂၀၁၄ ခုနှစ်၊ မေလ ၂၇ ရက် ၂၀၁၃ ခုနှစ် အကုန်ပိုင်းတွင်၊ မြန်မာနိုင်ငံ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်သွားပြီဖြစ်ကြောင်း မြန်မာအစိုးရ၏ များစွာသော သတင်းထုတ်ပြန်ချက်များအရ နိုင်ငံတကာမှ ထိုအချက်အား ယုံကြည်သွားစေသည်။ ထိုသတင်းထုတ်ပြန်ချက်များသည် ၂၀၁၄ ခုနှစ် နှစ်ဦးတွင်၊ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း၌ ဆက်လက် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ၏ အခက်အခဲများအား လျစ်လျူရှုထားယုံသာမက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပေါ် ကန့်သတ်မှုများနှင့် နှောက်ယှက်မှုများ ဆက်လက်ဖြစ်ပွါးနေသည့်အပေါ် အာရုံစိုက်မှုအားလည်း လုံးဝလျှော့ပါးသွားစေပါသည်။…









