ရှစ်စက္ကန့်ငြိမ် (စွန့်လွှတ်သူတို့ရဲ့ ရာဇဝင်)

၁၉၈၈ နောက်ပိုင်း ဒီမိုကရေစီအရေးအတွက် လှုပ်ရှားရင်း ကျဆုံးသွားသူများကို ၁၉၈၈ ခုနှစ်၊ ၈လပိုင်း ၈ရက်နေ့ ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှုကို အသိအမှတ် ပြုခြင်းအားဖြင့် ရှစ်စက္ကန့်ငြိမ်သက်ခြင်းဖြင့် အမှတ်တရ ဂုဏ်ပြုလေ့ရှိသည်။ ကျေးဇူးတင်လွှာ အကျဉ်းကျစဉ်ကာလအတွင်း ကျဆုံးသွားသော ဒီမိုကရေစီရေး လှုပ်ရှားခဲ့သူ နိုင်ငံရေးအကျဉ်းသားများကို ကျွန်ုပ်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ” ရှစ်စက္ကန့်ငြိမ်” ဤစာအုပ်ဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ထိုပုဂ္ဂိုလ်များသည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး မြန်မာ့လွတ်မြောက်ရေးသမိုင်းတွင် ရဲဝံ့ပြောင်မြောက်စါာ စွန့်လွှတ်ပေးဆပ်ခဲ့ကြသော ခေတ်သစ်အာဇာနည်များပင်ဖြစ်ကြပါသည်။ ထို့ကြောင့်…

