ထုတ်ပြန်ကြေညာချက် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ၁၆ရက်၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်နေ့ (ကြာသာပတေးနေ့) တွင် “နိုင်ငံတော်အစိုးရ၏ လျှို့ဝှက်ချက် အားဖေါက်ဖျက်ကျူးလွန်သည်”ဟုဆိုကာ ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်၊ အယ်ဒီတာချုပ်နှင့် သတင်းထောက် ၄ ဦးတို့အားထောင်ဒဏ် ၁ဝ နှစ်စီအသီးသီးချမှတ်ခဲ့ပါသည်။ အစိုးရမှ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်များအား ခွင့်ပြုပါမည်ဟုကတိကဝတ်များ ပြုခဲ့ပါသော်လည်း ထိုကဲ့သို့နိုင်ငံရေးအရှိန်အဝါ ဩဇာအာဏာဖြင့် ချမှတ်လိုက်သည့် ထောင်ဒဏ်သည် လွတ်လပ်စွာသတင်းထုတ်ဖေါ်ခွင့်အား ကာကွယ်ပါမည် ဆိုသော အစိုးရ၏ထုတ်ဖေါ်ပြောကြားမှုများနှင့် များစွာဆန့်ကျင်လျှက်ရှိပါသည်။ ယူနတီဂျာနယ်မှ ဝန်ထမ်းများသည် ဓါတုလက်နံစက်ရုံဟုထင်ရသော အဆောက်အဦးအားစုံစမ်းရန်…