မဖြူနှင်းထွေး ပြန်လည်လွှတ်မြောက်

မုံရွာ၊ အောက်တိုဘာ ၁၅။ ဝမ်ပေါင်ကုမ္ပဏီ စီမံကိန်းတာဝန်ခံ ဦးလှစိန်မှ ဗ.က.သ ကျောင်းသူ မဖြူနှင်းထွေး အပေါ်စွဲဆိုထားသည့် အမှုအား ပြန်လည် ရုပ်သိမ်းကြောင်း ယင်းမာပင်ခရိုင် တရားသူကြီးထံ ယနေ့မွန်းလွဲပိုင်းက စာတင်သွင်းလိုက်သဖြင့် အမှုရင်ဆိုင် နေရသည့် မဖြူနှင်းထွေးသည် တရားရှင်လွှတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။ “အခု တရားသူကြီးဆီကနေ အမိန့်စာစောင့်ယူနေပါတယ်၊ ရှေ့ဆက် ဆောင်ရွက်မယ့် ကိစ္စတွေကိုတော့ ကျွန်တော်တို့ မုံရွာပြန်ရောက်မှပဲ ဆုံးဖြတ်ကြပါမယ်”ဟု ဗ.က.သ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ယနေ့မွန်းလွဲ ၂:၅ဝ နာရီတွင် ပြောသည်။ source…








