နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်

နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက် မည်သူမဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်း တို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံးကိုလည်းကောင်း၊ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အရဖြစ်စေ၊ ဥပဒေတရပ်ရပ် အရဖြစ်စေ၊ ဖွဲ့စည်းပေါ်ပေါက်လာသော မဏ္ဍိုင် (၃)ရပ်နှင့် လုပ်ငန်းအဖွဲ့များ (သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲ့များ၏ ရပ်တည်ချက်၊ ဆောင်ရွက်ချက်များအပေါ် နည်းလမ်းအမျိုးမျိုးဖြင့်…

နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုရေး ဆွေးနွေးပွဲ ကျင်းပမည်

နိုင်ငံရေးအကျဉ်းသားတွေအတွက် တိကျတဲ့အဓိပ္ပါယ် ဖွင့်ဆိုသတ်မှတ်ချက်တစ်ခု ပေါ်ပေါက်လာဖို့ အတွက် ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေ ပါဝင်မယ့်ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ် ဓမ္မပီယကျောင်းတိုက်မှာကျင်းပဖို့ ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနဲ့ ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့သတင်းရရှိပါတယ်။ ဒီအစီအစဉ်ကို လာမယ့် ဩဂုတ်လ ၁၇ နဲ့ ၁၈ ရက် နှစ်ရက်တာပြုလုပ်မှာ ဖြစ်တဲ့အကြောင်း AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က RFA ကိုပြောပါတယ်။ “မြန်မာနိုင်ငံထဲမှာရှိတဲ့ အကျဉ်းသားနဲ့ပတ်သက်ပြီး လုပ်နေတဲ့အဖွဲ့တွေ၊ ရှေ့နေတွေ နောက်တခြား…

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခင်ဇော် ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

ရက်စွဲ။  ။ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုခင်ဇော် (အသက် ၅၉ နှစ်) သည် ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့၊ ည ၈ နာရီ ၂ဝ မိနစ်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေနှင့် မိသားစုနှင့်ထပ်တူ အထူးပင် ဝမ်းနည်းကြေကွဲမိပါသည်။ ကိုခင်ဇော် ကွန်လွန်ခြင်းသည် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အတွက်သာမက တိုင်းပြည်အတွက် ဆုံးရှုံးမှုတခုပင်ဖြစ်သည်။…

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အရေးအသင်းမှမြင်းခြံမြို့တွင် ပြုလုပ်သော လူ့အခွင့်အရေးသင်တန်း

မြင်းခြံမြို့တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက စီစဉ်ပြုလုပ်သော လူ့အခွင့်အရေး သင်တန်းကို ဩဂုတ်လ ၁ ရက်နေ့ ၂၀၁၄ ခုနှစ်က ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကာလမှာ ၁ဝ ရက်ကြာမြင့်မည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ မြောင်းမြ၊ ကျုံပျော်၊ တောင်ငူ၊ ကျောက်ပန်းတောင်း၊ တောင်သာ၊ ညောင်ဦး၊ နွားထိုးကြီးနှင့် မြင်းခြံမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် စိတ်ပါဝင်စားသော ဒေသခံများစုစုပေါင်း ၂၃ ဦးတက်ရောက်ခဲ့ကြပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစိုးမြင့်အောင် ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ

ရက်စွဲ။  ။ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုစိုးမြင့်အောင် (အသက် ၄၈ နှစ်) သည် ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့၊ ည ၁ဝ နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေနှင့် မိသားစုနှင့်ထပ်တူ အထူးပင်ဝမ်းနည်းကြေကွဲမိပါသည်။ ကိုစိုးမြင့်အောင် ကွန်လွန်ခြင်းသည် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အတွက်သာမက တိုင်းပြည်အတွက် ဆုံးရှုံးမှုတခုပင်ဖြစ်သည်။ ကိုစိုးမြင့်အောင်သည် မန္တလေးမြို့ဇာတိဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင်…

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမောင်မောင် ကျန်းမာရေးကုသမှုခံယူ

အရိုးနဲ့ အဆုတ်ကင်ဆာခံစားနေရပြီး Green Cross ဆေးရုံတွင် ကုသမှုခံယူနေရသော နိုင်ငံရေးအကျဉ်းသား ဟောင်းတဦးဖြစ်သည့် ကိုမောင်မောင်အား ဇူလိုင်လ ၂၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ သွားရောက်အားပေးစကားပြောကြား၍ ဆေးကုသရာတွင် အထောက်အကူပြုနိုင်ရန် ငွေကြေး ထောက်ပံ့မှုပေးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်ဟန် ဆေးကုသမှုခံယူ

ခြေတောက်တွင် အနာရောဂါနှင့် ဆီးချိုရောဂါခံစားနေရပြီး Green Cross ဆေးရုံတွင် ကုသမှုခံယူနေရသော နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည့် ကိုမြင့်ဟန်အား ဇူလိုင်လ ၂၁ ရက်နေ့တွင်နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရေးအသင်း (အေအေပီပီ)မှ သွားရောက်အားပေးစကားပြောကြား၍ ဆေးကုသရာတွင် အထောက်အကူပြုနိုင်ရန် ငွေကြေး ထောက်ပံ့မှုပေးခဲ့သည်။

အမှန်တရားပြန်လည်ဖော်ထုတ်ခြင်းအခမ်းအနား

၁၉၉ရ ခုနှစ်တွင် ရေတာရှည်မြို့နယ် အဖွဲ့ချုပ်အဖွဲ့ဝင် ၃၆ ဦးအား ပေါ်တာဆွဲခဲ့ပြီး ရှေ့တန်းသို့ ပို့ခံခဲ့ရသည့် ကာယကံရှင်များမှ ၎င်းတို့တွေ့ကြုံ ခံစားရမှုများကို ပြန်လည်ဖေါ်ထုတ်သော အခမ်းအနားကို ရေတာရှည်မြို့နယ် အမျိုးသားဒီမိုကရေစီရုံး၌ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

သတင်းထောက်များအပေါ် ဖိနှိပ်မှုများအတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မှ သဘောထားထုတ်ပြန်ချက်

ထုတ်ပြန်ကြေညာချက် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ၁၆ရက်၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်နေ့ (ကြာသာပတေးနေ့) တွင် “နိုင်ငံတော်အစိုးရ၏ လျှို့ဝှက်ချက် အားဖေါက်ဖျက်ကျူးလွန်သည်”ဟုဆိုကာ ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်၊ အယ်ဒီတာချုပ်နှင့် သတင်းထောက် ၄ ဦးတို့အားထောင်ဒဏ် ၁ဝ နှစ်စီအသီးသီးချမှတ်ခဲ့ပါသည်။ အစိုးရမှ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်များအား ခွင့်ပြုပါမည်ဟုကတိကဝတ်များ ပြုခဲ့ပါသော်လည်း ထိုကဲ့သို့နိုင်ငံရေးအရှိန်အဝါ ဩဇာအာဏာဖြင့် ချမှတ်လိုက်သည့် ထောင်ဒဏ်သည် လွတ်လပ်စွာသတင်းထုတ်ဖေါ်ခွင့်အား ကာကွယ်ပါမည် ဆိုသော အစိုးရ၏ထုတ်ဖေါ်ပြောကြားမှုများနှင့် များစွာဆန့်ကျင်လျှက်ရှိပါသည်။ ယူနတီဂျာနယ်မှ ဝန်ထမ်းများသည် ဓါတုလက်နံစက်ရုံဟုထင်ရသော အဆောက်အဦးအားစုံစမ်းရန်…

ကျောင်းကုန်းမြို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အချက်အလက်ကောက်ယူမှု

  နိုင်ငံရေးအကျဉ်းသားဟောင်းများ အချက်အလက်ကောက်ယူရေးအတွက် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့ပူးပေါင်းပြီး ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ရှိ နို်င်ငံရေးအကျဉ်းသားဟောင်းများနှင့်သွားရောက်တွေ့ဆုြံပီး အချက်အလက်ကောက်ယူမှုများကို ပြုလုပ်ခဲ့ကြပါသည်။