ပြည်ပရောက်နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပြည်တွင်းပြန်လည်ဝင်ရောက်ရေးနှင့်အခြေချနေထိုင်ရေး အစိုးရမူဝါဒအပေါ်သဘောထားကြေညာချက်

ပြည်ပရောက်နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပြည်တွင်းပြန်လည်ဝင်ရောက်ရေးနှင့်အခြေချနေထိုင်ရေး အစိုးရမူဝါဒအပေါ်သဘောထားကြေညာချက် ၁၈ ရက် ဒီဇင်ဘာလ ၂၀၁၄ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ညီမျှခြင်းမြန်မာ၊ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ ပြည်ပရောက်နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပြည်တွင်းပြန်လည်ဝင်ရောက်ရေးနှင့် အခြေချနေထိုင်ရေး ရှင်းလင်းတိကျသောမူဝါဒနှင့် ထိရောက်သော အကောင်အထည်ဖော်မှုများ ရှိရန်လိုအပ်သည် ၂၀၁ဝ ရွေးကောက်ပွဲအပြီး ပြုပြင်ပြောင်းလဲရေးကာလအစတွင် ပြည်ပရောက်အတိုက်အခံနိုင်ငံရေး အင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ထွက်ခွာခဲ့ကြသော မြန်မာလူမျိုးများကို ပြန်လည်အခြေချနေထိုင်ရန် ဦးသိန်းစိန်အစိုးရမှ ဖိတ်ခေါ်ခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရသည် ပြည်ပရောက် အတိုက်အခံနိုင်ငံရေးအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများနှင့် အခြားမြန်မာ့ဒီမိုကရေစီအရေး ဝိုင်းဝန်းဆောင်ရွက်ကြသော…









