ကျွန်ုပ်လွတ်မြောက်လာသော်လည်း မလွတ်လပ်ပါ (၂၀၁၅ တွင် လိုအပ်နေသော နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု)
“ကျွန်ုပ်လွတ်မြောက်လာသော်လည်း ကျွန်ုပ်မလွတ်လပ်ပါ” ဟူသည့် သတင်းစကားနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသား ပြသနာအား ၂၀၁ဝ ဓါတ်ပုုံလှုပ်ရှားမှု နည်းလမ်းအသစ်အား အသုံးပြုကာ နိုင်ငံတကာသို့ အသိပေးတင်ပြခဲ့ပါသည်။ လွတ်လပ်ခြင်း ဟူသည် ထောင်မှလွတ် မြောက်ခြင်း သက်သက်သာမဟုတ်ပဲ နိုုင်ငံရေး လွတ်လပ်ခွင့်များ၊ ပြည်သူ့အခွင့်အရေးများ လေးစား အသိအမှတ်ပြုမှု ရှိမှ၊ နိုုင်ငံရေးအကျဉ်း သားများ လုံးဝမရှိတော့မှသာ မြန်မာပြည်သည် အမှန်တကယ်လွတ်လပ်သော နိုုင်ငံတစ်ခု အနေအထားသို့ ရောက်ရှိမည်ဖြစ်သည်။ ယခု ဓါတ်ပုုံ လှုပ်ရှားမှုအား ဆုရ သတင်းမှတ်တမ်း သတင်းထောက် James Mackay နှင့် နိုုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) တိုု့မှ ဒီမိုကရက်တစ်မြန်မာ့အသံနှင့် အတူပူးပေါင်းကာ စတင်ခဲ့ပြီး၊ နိုုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အကျဉ်းကျခံဆဲ နိုုင်ငံရေး အကျဉ်းသားများကြား တစ်ဦးနှင့်တစ်ဦး တစ်စိတ် တစ်ဝမ်းတည်းရှိခြင်း၊ တာဝန်ယူမှုရှိခြင်းတို့အား ပြသခဲ့သည်။ ၂၀၁ဝခုနှစ် ဇွန်လတွင် လန်ဒန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဌာနချုပ်တွင် နိုုင်ငံရေးအကျဉ်းသားဟောင်း ၁၆ဝ ၏ ဓါတ်ပုံများနှင့် ပွဲဦးထွက် အဖြစ်စတင်ခဲ့သည်။
၂၀၁ဝ လှုပ်ရှားမှုဖေါ်ဆောင်ချိန်တွင် မြန်မာပြည် အကျဉ်းထောင်အသီးသီး၌ နိုင်ငံရေးအကျဉ်းသားထောင်နှင့်ချီကာ အကျဉ်းချ ခံနေရဆဲ ဖြစ်သည်။ အေအေပီပီ အချက်အလက်များအရ ၂၀၁၅ တွင် လက်ကျန်နိုင်ငံရေးအကျဉ်းသား ၁၆၄ ယောက် ဝန်းကျင်သာ ကျန်ရှိတော့သဖြင့် ယခင်ကာလနှင့် နှိုင်းယှဉ်ပါက အတော်အတန် လျော့နည်းသွားပြီဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ဤအရေအတွက်သည် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအား လုံလုံလောက်လောက် ထင်ဟပ်စေနိုင်ခြင်းမရှိပါ။ ထောင်မှလွှတ်ပေးသည့် (သို့မဟုတ်) လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အရေအတွက် များပြားလာခြင်းသည် လက်ရှိမြန်မာ အစိုးရက ပြည်သူလူထု၏ အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့အား အသိအမှတ်ပြုသယောင်ယောင် ဖြစ်စေသော်လည်း လက်တွေ့တွင်မူ ၂၀၁၄နှစ်စမှ အစပြု၍ နိုင်ငံရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူတို့အား ဖမ်းဆီးအကျဉ်းချခြင်း အရေအတွက်မှာ တဖြည်းဖြည်း တိုးလာသည့်အပြင် ထိုသို့ဖမ်းဆီးအကျဉ်းချခံရသည့် တက်ကြွလှုပ်ရှားသူများအား အစိုးရတာဝန်ရှိသူများမှ နိုင်ငံရေးအကျဉ်းသားအဖြစ်ပင် အသိအမှတ်မပြုခဲ့ပေ။ ၎င်းတို့သည် ရာဇဝတ်ပုဒ်မများဖြင့် ရည်ရွယ်ချက်ရှိရှိ အမှုဆင်ကာ ရာဇဝတ်အကျဉ်းသားများအဖြစ် အကျဉ်းချခံနေရဆဲဖြစ်ပါသည်။ ၎င်းတို့အနက်မှ အများစုမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးတို့အတွက် တိုက်ပွဲဝင်ခြင်း ရဲရင့်သော ပေးဆပ်မှုကို စဉ်ဆက်မပြတ်ဖေါ်ဆောင်ခြင်းအတွက် အကြိမ်ကြိမ် ထောင်သွင်း အကျဉ်းချခံရသူများဖြစ်ပါသည်။ ဤနိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုသည် ဒီမိုကရေစီ စံနစ်သို့ ဦးတည်ချီတက်နေသော တိုင်းပြည်တစ်ခု အနေဖြင့် မည်သည့်နိုင်ငံရေးအကျဉ်းသားမျှ ထောင်တွင်းတွင် ကျန်ရှိမနေစေရ ဟူသည့် ယုံကြည်ချက်အား ဖေါ်ပြနေသော သင်္ကေတတစ်ရပ်ပင်ဖြစ်ပါသည်။ ဤလှုပ်ရှားမှုသည် ၎င်းတို့၏ပေးဆပ်မှုနှင့် ရင်ဆိုင်နေရသည့် တိုက်ပွဲကိုသာမက ၎င်းတို့သည် အမေ့အလျော့ခံများ မဟုတ်ကြောင်း ပြသနေသည့် ပြယုဂ်ပင်ဖြစ်ပါသည်။
၂၀၁၅ ခုနှစ် ဇန္နဝါရီလ (၄) ရက်နေ့သည် မြန်မာနိုင်ငံ၏ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည့်အပြင် ၂၀၁၅ ခုနှစ်သည်လည်း တိုင်းပြည်၏ အနာဂတ်အတွက် အရေးကြီးသော နှစ်တစ်နှစ်ပင်ဖြစ်ပါသည်။ လွတ်လပ်ရေးနေ့သည် ၁၉၄၈ ခုုနှစ်တွင် အင်္ဂလိပ် ကိုုလိုုနီလက်အောက်မှ မိမိတို့တိုင်းပြည် လွတ်မြောက်လာခြင်း အထိမ်းအမှတ်ဖြစ်ပြီး ယနေ့ မြန်မာပြည်၏ရှေ့ရေးသည် ၂၀၁၅ ဟူသော ခရီးလမ်းတွင် ကြီးစွာတည်မှီနေကြောင်း သတိချပ်သင့်ပါသည်။ စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မဖေါ်ဆောင်မီ အခြေခံဥပဒေပြင်ဆင်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အား ဦးစွာပထမ မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်ပါသည်။
၂၀၁၅ ရွေးကောက်ပွဲသို့ သွားရာလမ်းတစ်လျှောက်တွင် စိန်ခေါ်မှုများစွာ၊ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံအား နိုင်ငံတကာ ဖိအားပေးမှုလျော့ကျလာခြင်းကြောင့် နိုင်ငံရေးအကျဉ်းသားအရေးကိစ္စသည်လည်း စိုးရိမ်စရာ ကောင်းလောက်အောင် မှေးမှိန်လာလျက်ရှိသည်။ မိမိတို့၏ အခြေခံ ပြည်သူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများအား ကာကွယ်ခြင်းတွင် ဖိနှိပ်မှု၊ အနိုင်အထက်ပြုကျင့်မှု၊ အကြမ်းဖက်မှုနှင့် ဖမ်ဆီးထိန်းသိမ်းမှု စသည်တို့အား ပြည်သူတရပ်လုံး အနေဖြင့် ရင်ဆိုင်နေရဆဲဖြစ်ပါက ကျွန်ုပ်တို့လိုလားသော လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် နိုင်ငံတကာစံချိန်စံနှုန်းမှီ ဒီမိုကရေစီစံနစ်အား ကျွန်ုပ်တို့မြန်မာနိုင်ငံ ရရှိမည်မဟုတ်ပေ။ လက်ရှိမြန်မာအစိုးရသည် ပြည်သူတို့၏ လူ့အခွင့်အရေးများအား အသိအမှတ်ပြုခြင်း ကာကွယ် ပေးခြင်း မရှိသည့်အပြင် ဖမ်းဆီးထောင်ချနေခြင်းများမှာလည်း လျော့ပါးသွားခြင်းမရှိပါ။ ယခုနိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုသည်လည်း နိုင်ငံရေးအကျဉ်းသားများ ထောင်နှင့်ချီရှိနေခဲ့သည့် ယခင်ကာလ ကဲ့သို့ပင် အရေးပါသည့် လှုပ်ရှားမှုအဖြစ် လိုအပ်ချက်တရပ်အဖြစ် ရှိနေဆဲဖြစ်ပါသည်။
စည်းလုံးညီညွတ်မှု တစ်စိတ်တစ်ဝမ်းတည်းရှိမှုတို့အား တခဲနက်ဖေါ်ပြနေသော မြန်မာပြည်လူ့အဖွဲ့အစည်းအတွင်းမှ ကျွန်ုပ်တို့၏ မိတ်ဆွေ၊ သူငယ်ချင်းများ၊ ထောက်ခံသူများ၊ လုပ်ဖေါ်ကိုင်ဖက်များ၊ ရဲဘော်ရဲဖက် တက်ကြွလှုပ်ရှားသူများအား ကျွန်ုပ်တို့မှ များစွာ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ပြောကြားလိုပါသည်။ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေသူများဖြစ်သည့် မိမိတို့အနေဖြင့် နိုင်ငံရေးအကျဉ်းသားများရှိနေသ၍ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မရနိုင်ဟူသော ယုံကြည်ချက်အား တာဝန်သိသိ ခိုင်ခိုင်မာမာ ဆက်လက် ကိုင်စွဲရပ်တည်ပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်း ဆက်လက်ဖြစ်ပွား နေသော ဖမ်းဆီး ထိန်းသိမ်း အကျဉ်းချ နေမှုအား ချက်ခြင်းရပ်တံ့ရန်နှင့် ထောင်အသီးသီးတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသား အားလုံးအား ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် ဤလှုပ်ရှားမှုမှတဆင့် အလေးအနက် ထပ်မံ တောင်းဆိုအပ်ပါသည်။
ဆက်သွယ်မေးမြန်းရန်
ကိုသက်ဦး +၉၅(၀)၉ ၇၃၁ဝ ၇၉၃၃
ကိုတင်မောင်ဦး +၉၅ (၀) ၉၅၅၀၁၄၂၉
ကိုအောင်မျိုးကျော် +၉၅ (၀) ၉၄၂၈၁၁ ၇၃၄၈
ဒေါင်းလော့ရယူရန်2015 Campaign Background Bur-1

