AAPP နှင့် FPPS တို့မှ အစိုးရသတင်းစာများတွင်ပါရှိသော ထုတ်ပြန်ချက်အပေါ် သဘောထားထုတ်ပြန်ချက်

နေ့စွဲ။ ။နိုဝင်ဘာ ၃၊ ၂၀၁၄။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့(FPPS) တို့သည် စတင်တည်ထောင်ချိန်မှစ၍ နိုင်ငံရေးအကျဉ်းသား တစ်ဦးချင်းစီ၏ အမှုဖြစ်စဉ်များ၊ အမှုတွဲဖိုင်များ၊စီရင်ချက်များကိုရနိုင်သမျှလေ့လာစစ်ဆေးသုံးသပ်ပြီး၊မိမိတို့ဖွင့်ဆိုထားသည့်နိုင်ငံရေးအကျဉ်း သား အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်အညီ နိုင်ငံရေးအကျဉ်းသားစာရင်းကို ပြုစုခဲ့ခြင်းဖြစ်သည်။ လွတ်လပ်မျှတစွာ တရားစီရင်ခံရခြင်းရှိ မရှိ၊ ဥပဒေနှင့်အညီ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိ မရှိ၊၎င်းတို့အပေါ်စွဲဆိုထားသည့်ရာဇဝတ်ပုဒ်မများအား အမှန်တကယ် ကျူးလွန်ခဲ့ခြင်းရှိ မရှိ ကိုလည်း ရနိုင်သမျှ လေ့လာစစ်ဆေးခဲ့ပြီးဖြစ်သည်။ထိုသို့ပြုစုထားသည့်စာရင်းအတိုင်းနိုင်ငံရေးအကျဉ်းသားများအားလုံးအားခြွင်း ချက် မရှိလွှတ်ပေးရန်လည်း အကြိမ်ကြိမ် တောင်းဆိုတင်ပြခဲ့ပါသည်။ အစိုးရသတင်းစာများတွင်ပါရှိသည့်ထုတ်ပြန်ချက်သည်အမျိုးသားပြန်လည်သင့်မြတ်ရေးကို…








