ကိုညီညီအောင်မိသားစုနှင့် တွေ့ခွင့်ပိတ်ပင်ခံရ

မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခ) ကျော်ဇောလွင် အား အာဏာပိုင်များကမိသားစုတွေ့ခွင့်နှင့် ထောင်ဝင်စာတွေခွင့်ကို လုံးဝ ခွင့်မပြုတော့ကြောင်း သတင်းရရှိပါသည်။ကိုညီညီအောင်၏ မိသားစုမှ ၂၀၁ဝ ဇန္နဝါရီလ ၁၈ ရက်နေ့တွင် ထောင်ဝင်စာ သွားတွေ့ခဲ့ရာထောင်မှုးကျော်မင်းထွန်းမှ လောလောဆယ် တွေ့ခွင့်မရသေးကြောင်းနှင့် လာမည့် ဇန္နဝါရီလ ၂ရ ရက်နေ့(စီရင်ချမည့်ရက်) တွင် တွေ့ခွင့်ရနိုင်မည်ထင်ကြောင်း မိသားစုထံ ပြောကြားခဲ့သည်။ ထို့နောက် ဇန္နဝါရီလ ၂၅ရက်နေ့တွင် အမေရိကန်သံရုံး တာဝန်ရှိသူတဦးမှတဆင့် ကိုညီညီအောင်၏ မိသားစုထံသို့ ၂ရ ရက်နေ့တွင်ထောင်ဝင်စာ တွေ့ခွင့် ရမည်မဟုတ်ကြောင်း အကြောင်းကြားလာခဲ့သည်။…




