ဘာလဲဟဲ့လူ့ငရဲ (ဟံသာဝတီဦးဝင်းတင်)

လူ့ငရဲထောင်ပြန် စာရေးသူရဲ့ ကျယ်လောင်မြည်ဟိန်းတဲ့ တိုးတိုးအမှာစကား ဒီနေ့ ၂၀၁ဝ ခုနှစ် မတ်လ ၁၂ ရက်။ ကျွန်တော် အသက် ၈ဝ ပြည့်တယ်ဗျာ။ အသက် ၈ဝ ဆိုတာ အတော်ကြီး ကြီးလွန်းပြီဗျ။ သင်္ချိုင်းမီးသင်္ဂြိုလ်စက်ကို လှမ်းမြင်နေရပြီ။ မဝေးတော့ဘူး။ မဝေးတော့ဘူးဆိုမှ ဒီခရီးနီးသလား လာမေးမနေနဲ့။ ဝေးပါသေးတယ်လည်း လာပြော မနေနဲ့။ ခရီးဆုံး နီးနေတာကိုလည်းသိတယ်။ မီးသင်္ဂြိုလ်စက် မဝေးတော့တာလည်း သိတယ်။ ရှင်ချိန်နည်းလာပြီဆိုတာလည်း သိတယ်။ သေချိန်ကပ်လာပြီ ဆိုတာလည်း သိတယ်။ အဲဒါတွေ သိတာထက်…





