The Oslo Centre မှ Mr. Espen Skran နှင့် အေအေပီပီတို့ တွေ့ဆုံ

၄ရက် အောက်တိုုဘာ ၂၀၁၄ တွင် The Oslo Centre မှ Mr. Espen Skran နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဦးဘိုုကြည်၊ ဦးစောသက်ထွန်းနှင့် ကိုဇော်မိုးတိုု့ ရန်ုကုုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ရှိ အေအေပီပီ ရုုံးတွင် တွေ့ဆုုံ ဆွေးနွေးကြသည်။ ဆွေးနွေးပွဲတွင် ဦးဘိုကြည်မှ အေအေပီပီ အနေနှင့် ပြည်တွင်း ပြန်လည်ဝင်ရောက်လာခြင်းအကြောင်း၊ အေအေပီပီ၏ နုိုုင်ငံရေးအကျဉ်းသားစိစစ်ရေး ကော်မတီတွင် ပါဝင်ဆောင်ရွက်သော အခန်းကဏ္ဍ၊ လက်ကျန်နိုင်ငံရေးအကျဉ်းသား အခြေအနေ၊ မြေယာပြသနာနှင့် ဖမ်းဆီးခံ လယ်သမားများအရေး၊ …

မဖြူနှင်းထွေး ပြန်လည်လွှတ်မြောက်

  မုံရွာ၊ အောက်တိုဘာ ၁၅။ ဝမ်ပေါင်ကုမ္ပဏီ စီမံကိန်းတာဝန်ခံ ဦးလှစိန်မှ ဗ.က.သ ကျောင်းသူ မဖြူနှင်းထွေး အပေါ်စွဲဆိုထားသည့် အမှုအား ပြန်လည် ရုပ်သိမ်းကြောင်း ယင်းမာပင်ခရိုင် တရားသူကြီးထံ ယနေ့မွန်းလွဲပိုင်းက စာတင်သွင်းလိုက်သဖြင့် အမှုရင်ဆိုင် နေရသည့် မဖြူနှင်းထွေးသည် တရားရှင်လွှတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။ “အခု တရားသူကြီးဆီကနေ အမိန့်စာစောင့်ယူနေပါတယ်၊ ရှေ့ဆက် ဆောင်ရွက်မယ့် ကိစ္စတွေကိုတော့ ကျွန်တော်တို့ မုံရွာပြန်ရောက်မှပဲ ဆုံးဖြတ်ကြပါမယ်”ဟု ဗ.က.သ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ယနေ့မွန်းလွဲ ၂:၅ဝ နာရီတွင် ပြောသည်။ source…

ချက်သမ္မတနိုင်ငံမှနိုင်ကျဉ်းဟောင်းများဘဝပြန်လည်ထူထောင်ရေးအတွေ့အကြုံ အလုပ်ရုံဆွေးနွေးပွဲ

ချက်နိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားဘဝပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့်ပတ်သက်၍ Professor Roman David (Lingnan University ,Hongkong) မှဆွေးနွေးပွဲကို ၂၉-၉-၂၀၁၄ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (ရန်ကုန်) ရုံး၌ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို နံနက် ၁ဝနာရီမှ နေ့လည် ၂နာရီအထိကျင်းပခဲ့ပြီး Professor Roman David မှ ချက်နိုင်ငံအတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ မြန်မာနိုင်ငံနှင့် ်ဆက်စပ်၍မေးမြန်းခဲ့သည်။ ဆွေးနွေးပွဲအား ၈၈ပွင်းလင်း၊ နိုင်ကျဉ်းအဖွဲ့ဝင်များ စိတ်ပါဝင်စားသူနိုင်ကျဉ်းဟောင်းများ ၄ဝကျော်တက်ရောက်ခဲ့သည်။

ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အချက်အလက်ကောက်ယူ

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ ပူးပေါင်းပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ အချက်အလက်ကောက်ယူရေးလုပ်ငန်းများကို စက်တင်ဘာလ ၁ဝ ရက်၊ ၂၀၁၄ တွင် ရှမ်းပြည်နယ်တောင်ကြီးမြို့၌ သွားရောက်ကောက်ယူခဲ့ပါသည်။ တောင်ကြီးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်ရုံးတွင် တောင်ကြီး၊ လွိုင်လင်း၊ နမ့်စန်မြို့မှ နိုင်ကျဉ်းများနှင့်တွေဆုံခဲ့ပါသည်။ ဆက်လက်ပြီးရှမ်းပြည်နယ်(တောင်ပိုင်း)နိုင်ကျဉ်းယာယီအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် တောင်ကြီးမြို့မှ သက်ကြီးနိုင်ငံရေးအကျဉ်းသားဟောင်း ဦးခန်းအိမ်သို့ သွားရောက်ဂါရဝပြုခဲ့ပါသည်။ ဦးခန်းဟာအသက်(၁၀၀)ပြည့်ရန် (၆)လသာလိုပါတော့သည်။ တချိန်က တောင်ကြီးမြို့တော်ဝန်ဖြစ်ခဲ့ပြီး ပင်လုံစာချုပ် ချုပ်ဆိုရေးမှာ ပါဝင်ခဲ့သူဖြစ်ပါသည်၊

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်

နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက် မည်သူမဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့် အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ဖြစ်စေ လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်း တို့ကြောင့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံးကိုလည်းကောင်း၊ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အရဖြစ်စေ၊ ဥပဒေတစ် ရပ်ရပ် အရဖြစ်စေ၊ ဖွဲ့စည်းပေါ်ပေါက်လာသော မဏ္ဍိုင် (၃)ရပ်နှင့် လုပ်ငန်းအဖွဲ့များ (သို့မဟုတ်) ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲ့များ၏…

နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုရေး ဆွေးနွေးပွဲ ကျင်းပမည်

နိုင်ငံရေးအကျဉ်းသားတွေအတွက် တိကျတဲ့အဓိပ္ပါယ် ဖွင့်ဆိုသတ်မှတ်ချက်တစ်ခု ပေါ်ပေါက်လာဖို့ အတွက် ပြည်တွင်း ပြည်ပအဖွဲ့အစည်းတွေ ပါဝင်မယ့်ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်း မြို့နယ် ဓမ္မပီယကျောင်းတိုက်မှာကျင်းပဖို့ ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် အေအေပီပီ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနဲ့ ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့သတင်းရရှိပါတယ်။ ဒီအစီအစဉ်ကို လာမယ့် ဩဂုတ်လ ၁၇ နဲ့ ၁၈ ရက် နှစ်ရက်တာပြုလုပ်မှာ ဖြစ်တဲ့အကြောင်း AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က RFA ကိုပြောပါတယ်။ “မြန်မာနိုင်ငံထဲမှာရှိတဲ့ အကျဉ်းသားနဲ့ပတ်သက်ပြီး လုပ်နေတဲ့အဖွဲ့တွေ၊ ရှေ့နေတွေ နောက်တခြား…

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခင်ဇော် ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ပေးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာ

ရက်စွဲ။  ။ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ရ ရက်နေ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုခင်ဇော် (အသက် ၅၉ နှစ်) သည် ၂၀၁၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ ည ၈ နာရီ ၂ဝ မိနစ်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေနှင့် မိသားစုနှင့်ထပ်တူ အထူးပင် ဝမ်းနည်းကြေကွဲမိပါသည်။ ကိုခင်ဇော် ကွန်လွန်ခြင်းသည် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အတွက်သာမက တိုင်းပြည်အတွက် ဆုံးရှုံးမှုတခုပင်ဖြစ်သည်။…

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အရေးအသင်းမှမြင်းခြံမြို့တွင် ပြုလုပ်သော လူ့အခွင့်အရေးသင်တန်း

မြင်းခြံမြို့တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက စီစဉ်ပြုလုပ်သော လူ့အခွင့်အရေး သင်တန်းကို ဩဂုတ်လ ၁ ရက်နေ့ ၂၀၁၄ ခုနှစ်က ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကာလမှာ ၁ဝ ရက်ကြာမြင့်မည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ မြောင်းမြ၊ ကျုံပျော်၊ တောင်ငူ၊ ကျောက်ပန်းတောင်း၊ တောင်သာ၊ ညောင်ဦး၊ နွားထိုးကြီးနှင့် မြင်းခြံမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် စိတ်ပါဝင်စားသော ဒေသခံများစုစုပေါင်း ၂၃ ဦးတက်ရောက်ခဲ့ကြပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစိုးမြင့်အောင် ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ

ရက်စွဲ။  ။ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုစိုးမြင့်အောင် (အသက် ၄၈ နှစ်) သည် ၂၀၁၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့ ည ၁ဝ နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေနှင့် မိသားစုနှင့်ထပ်တူ အထူးပင်ဝမ်းနည်းကြေကွဲမိပါသည်။ ကိုစိုးမြင့်အောင် ကွန်လွန်ခြင်းသည် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အတွက်သာမက တိုင်းပြည်အတွက် ဆုံးရှုံးမှုတခုပင်ဖြစ်သည်။ ကိုစိုးမြင့်အောင်သည် မန္တလေးမြို့ဇာတိဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင်…

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမောင်မောင် ကျန်းမာရေးကုသမှုခံယူ

အရိုးနဲ့ အဆုတ်ကင်ဆာခံစားနေရပြီး Green Cross ဆေးရုံတွင် ကုသမှုခံယူနေရသော နိုင်ငံရေးအကျဉ်းသား ဟောင်းတဦးဖြစ်သည့် ကိုမောင်မောင်အား ဇူလိုင်လ ၂၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ သွားရောက်အားပေးစကားပြောကြား၍ ဆေးကုသရာတွင် အထောက်အကူပြုနိုင်ရန် ငွေကြေး ထောက်ပံ့မှုပေးခဲ့သည်။