ပုဒ်မ ၄၃၆ ဆန္ဒပြုလက်မှတ် ထိုးရန်

နိုင်ငံတကာမှ ညီအကို မောင်နှမများလည်း ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးနိုင်ပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်းတို့ ပူးပေါင်းဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်ရေးထိုးခြင်းအား ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများလည်း မိမိဆန္ဒအရ ပါဝင်ဆောင်ရွက်နိုင်ပါြ့ပီခင်ဗျာ။ ပြည်ပတွင်ရောက်ရှိနေသောမြန်မာနိုင်ငံသားများအနေဖြင့် ၁။ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်။ ၂။ မြန်မာနိုင်ငံသားဖြစ်ရမည်။ ၃။ မြန်မာနိုင်ငံသားလက်မှတ်အမှတ်(သို့မဟုတ်)မြန်မာနိုင်ငံကူးလက်မှတ်အမှတ်စဉ် ထည့်သွင်းဖေါ်ပြနိုင်ရမည်။ ၄။ မိမိဆန္ဒအရသာ ဆန္ဒပြုလက်မှတ်ရေးထိုးခြင်းဖြစ်ရမည်။ ၅။ လူတစ်ဦးလျှင် တစ်ကြိမ်သာလက်မှတ်ရေးထိုးဆန္ဒပြုရပါမည်။ အထက်ပါအချက်များနှင့်အညီ အောက်တွင်တင်ပေးထားသော ဆန္ဒပြုလက်မှတ်ထိုးဇယားပုံစံအတိုင်းသာ လက်မှတ်ရေးထိုးကြပြီးနောက် စကန်ဖတ်၍ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် ရုံးချုပ်…









