အေအေပီပီမှ စီစဉ်ပြုလုပ်သည့် MHAP မှ နှစ်သိမ့်ဆွေးနွေးမှု ပြုလုပ်

အေအေပီပီမှ စီစဉ်ပြုလုပ်သည့် MHAP မှ နှစ်သိမ့်ဆွေးနွေးမှု ပြုလုပ်ပေးမည့်သူများ (Counselor)အတွက် Common Elements Treatment Approach (CETA) သင်တန်းကို လေ့လာရန်အတွက်၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် HRW မှ လာရောက်လည်ပတ်စဉ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးတွင် အေအေပီပီ၏ တွဲဖက်အတွင်းရေးမှူးနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ (FPPS) အဖွဲ့ဝင်များ မှ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တွေ့ဆုံ

နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အချက်အလက်များ ကောက်ယူရန်အတွက် ရန်ကုန်မြို့၊ ကြည်းမြင့်တိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးတွင် အေအေပီပီ၏ တွဲဖက်အတွင်းရေးမှူးနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ (FPPS) အဖွဲ့ဝင်များ မှ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တွေ့ဆုံနေစဉ်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ စိတ်ဓါတ်မြှင့်တင်ရေးအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို Johns Hopkins Bloomberg School of Public Health နှင့် ပူးပေါင်းကျင်းပ

၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ စိတ်ဓါတ်မြှင့်တင်ရေးအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို Johns Hopkins Bloomberg School of Public Health နှင့် အေအေပီပီတို့မှ ရန်ကုန်မြို့တွင် ပူးပေါင်းကျင်းပခဲ့ကြပါသည်။ထိုစတင်လုပ်ဆောင်မည့်အစီအစဉ်မှ နိုင်ငံရေးအကျဉ်းသားဟောင်းများ နှိပ်စက်ခံရမှုကြောင့် တွေ့ကြုံခံစားရမှုများ၊ စိတ်ဓါတ်ကျဆင်းမှုများ နှင့် မြန်မာနိုင်ငံလူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ထူထောင်နိုင်ရေးတို့အတွက် ၎င်းတို့၏မိတ်ဆွေ (သို့) ရဲဘော်ရဲဘက်များ ဖြစ်ကြသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများမှ နှစ်သိမ့်ဆွေးနွေးမှုများကို ပြုလုပ်ပေးမည်ဖြစ်သည်။

အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဒေးဗစ်ဒ်မက်သဆင် တို့တွေ့ဆုံ

အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဒေးဗစ်ဒ်မက်သဆင် တို့ ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ် (Traders Hotel) တွင် ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေး။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဝင်များ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနှင့် စပ်လျဉ်းသည့် မေးခွန်းများကို ကိုဘိုကြည်မှ ဖြေဆိုစဉ်။

ဘိုကလေးမြို့ သို့ အေအေပီပီမှ သွားရောက်လည်ပတ်ခဲ့

၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဧရာဝတီတိုင်း ဘိုကလေးမြို့ သို့ အေအေပီပီမှ  သွားရောက်လည်ပတ်ခဲ့စဉ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီဘီ) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်ဦးဆောင်သော အဖွဲ့သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဘိုကလေးမြို့နယ်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် သွားရောက်တွေ့ဆုံပြီး အေအေပီပီဘီ ၏ လုပ်ငန်းစဉ်များ၊ နိုင်ငံရေးအကျဉ်းသားများစာရင်း ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးခြင်းလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားကို ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့ပြီး အခမ်းအနားအမှူးအဖြစ် ကိုထင်အောင် မှဆောင်ရွက်ခဲ့ပါသည်။ ဦးဘိုကြည်မှ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း…

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ရှိ Tuol Slong လူမျိုးတုန်းသတ်ဖြတ်မှု ပြခန်း

ကမော္ဘဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ရှိ Tuol Slong လူမျိုးတုန်းသတ်ဖြတ်မှု ပြခန်း S-21 (ခမာရုချ် အာဏာရှင်၏ ညှင်းပန်းနှိပ်စက်ရေးနှင့် စစ်ကြောရေး ဗဟိုဌာန) တွင် MHAP အဖွဲ့သားများအား ၂၀၁၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့တွင် တွေ့ရစဉ်။  ရှေ့ဆုံးတန်းတွင် ထိုင်နေသူ Mr. Chum Mey သည် လူမျိုးတုန်း သတ်ဖြတ်ခံရမှုတွင် အသက်မသေပဲ ကျန်ရစ်သူ။

အေအေပီပီ- စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေး(MHAP) အဖွဲ့သားများ၏ ကမ္ဘောဒီးယားနိုင်ငံ လေ့လာရေးခရီးစဉ်

ကိုသန်းမြင့်အောင်၊ ကိုကျော်စိုးဝင်း၊ ကိုကျော်ဆန်း၊ ကိုသက်နောင်နှင့် မခင်ငြိမ်းချမ်းစိုးတို့အား ကမော္ဘဒီးယားနိုင်ငံသို့ သွားရန် သုဝဏ္ဏဘူမိလေဆိပ် ဘန်ကောက်မြို့၌ တွေ့ရစဉ်။ ကမော္ဘဒီးယားနိုင်ငံသို့ တပတ်ကြာ လေ့လာခြင်း အစီစဉ် ဖြစ်ပြီး၊ ခရီးစဉ်၏ ရည်မှန်းချက်မှာ အေအေပီပီ၏ MHAP အစီအစဉ် နှင့် တူညီသော ကမ္ဘောဒီးယားနို်င်ငံ လူမှု့ကွန်ယက်အဖွဲ့အစည်းများ၏ စိတ်ကျမ္မာရေးမြှင့်တင်ရေးအစီအစဉ် သတင်းအချက်အလက်နှင့် လုပ်ကိုင်ဆောင်ရွက်ပုံများကို လေ့လာရန်ဖြစ်သည်။

George W. Bush Presidential Center

အေအေပီပီ-ဘီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်နှင့် အမေရိကန်သမ္မတ ဂျော့ချ် ဒဗယ်လျူ ဘုရှ် တည်ထောင်ခဲ့သည့် George W. Bush Presidential Center မှ အဖွဲ့ဝင်များ ရန်ကုန်မြို့ အေအေပီပီရုံး ၌ ၂၀၁၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် တွေ့ဆုံနေစဉ်

အေအေပီပီ၏ စိတ်ဓါတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် (MHAP)

အေအေပီပီ၏ စိတ်ဓါတ်ပြန်လည် မြှင့်တင်ရေး အစီအစဉ် (MHAP) မှ ကိုကျော်စိုးဝင်းအား ဖနွမ်ပင်မြို့အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးဒုတာဝန်ခံ၊ အဖွဲ့ဝင်တို့နှင့်အတူ ၂၀၁၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် တွေ့ဆုံစဉ်။

ရေဆန်လမ်း

“ရေဆန်လမ်း” မှတ်တမ်းဗွီဒီယိုအား အေအေပီပီနှင့် ဒီမိုကရက်တစ် မြန်မာ့အသံတို့မှ ၂၀၁၂ ခုနှစ်တွင် ပူးတွဲထုတ်လုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတို့၏ ထောင်တွင်း အတွေ့အကြုံများကို ပြသထားပါသည်။