နိုင်ငံရေးအကျဉ်းသားဟောင်း ဦးမြင့်ဟန် ဆေးကုသမှုခံယူ

ခြေတောက်တွင် အနာရောဂါနှင့် ဆီးချိုရောဂါခံစားနေရပြီး Green Cross ဆေးရုံတွင် ကုသမှုခံယူနေရသော နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည့် ကိုမြင့်ဟန်အား ဇူလိုင်လ ၂၁ ရက်နေ့တွင်နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရေးအသင်း (အေအေပီပီ)မှ သွားရောက်အားပေးစကားပြောကြား၍ ဆေးကုသရာတွင် အထောက်အကူပြုနိုင်ရန် ငွေကြေး ထောက်ပံ့မှုပေးခဲ့သည်။

အမှန်တရားပြန်လည်ဖော်ထုတ်ခြင်းအခမ်းအနား

၁၉၉ရ ခုနှစ်တွင် ရေတာရှည်မြို့နယ် အဖွဲ့ချုပ်အဖွဲ့ဝင် ၃၆ ဦးအား ပေါ်တာဆွဲခဲ့ပြီး ရှေ့တန်းသို့ ပို့ခံခဲ့ရသည့် ကာယကံရှင်များမှ ၎င်းတို့တွေ့ကြုံ ခံစားရမှုများကို ပြန်လည်ဖေါ်ထုတ်သော အခမ်းအနားကို ရေတာရှည်မြို့နယ် အမျိုးသားဒီမိုကရေစီရုံး၌ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

သတင်းထောက်များအပေါ် ဖိနှိပ်မှုများအတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မှ သဘောထားထုတ်ပြန်ချက်

ထုတ်ပြန်ကြေညာချက် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ၁၆ရက်၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်နေ့ (ကြာသာပတေးနေ့) တွင် “နိုင်ငံတော်အစိုးရ၏ လျှို့ဝှက်ချက် အားဖေါက်ဖျက်ကျူးလွန်သည်”ဟုဆိုကာ ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်၊ အယ်ဒီတာချုပ်နှင့် သတင်းထောက် ၄ ဦးတို့အားထောင်ဒဏ် ၁ဝ နှစ်စီအသီးသီးချမှတ်ခဲ့ပါသည်။ အစိုးရမှ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်များအား ခွင့်ပြုပါမည်ဟုကတိကဝတ်များ ပြုခဲ့ပါသော်လည်း ထိုကဲ့သို့နိုင်ငံရေးအရှိန်အဝါ ဩဇာအာဏာဖြင့် ချမှတ်လိုက်သည့် ထောင်ဒဏ်သည် လွတ်လပ်စွာသတင်းထုတ်ဖေါ်ခွင့်အား ကာကွယ်ပါမည် ဆိုသော အစိုးရ၏ထုတ်ဖေါ်ပြောကြားမှုများနှင့် များစွာဆန့်ကျင်လျှက်ရှိပါသည်။ ယူနတီဂျာနယ်မှ ဝန်ထမ်းများသည် ဓါတုလက်နံစက်ရုံဟုထင်ရသော အဆောက်အဦးအားစုံစမ်းရန်…

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ  ဒေါင်းလော့ရယူရန်လင့် 26.ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ

ကျောင်းကုန်းမြို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အချက်အလက်ကောက်ယူမှု

  နိုင်ငံရေးအကျဉ်းသားဟောင်းများ အချက်အလက်ကောက်ယူရေးအတွက် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့ပူးပေါင်းပြီး ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ရှိ နို်င်ငံရေးအကျဉ်းသားဟောင်းများနှင့်သွားရောက်တွေ့ဆုြံပီး အချက်အလက်ကောက်ယူမှုများကို ပြုလုပ်ခဲ့ကြပါသည်။

ကျုံပျော်မြို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အချက်အလက်ကောက်ယူမှု

  နိုင်ငံရေးအကျဉ်းသားဟောင်းများ အချက်အလက်ကောက်ယူရေးအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့ပူးပေါင်းပြီး ဧရာဝတီတိုင်း ကျုံပျော်မြို့ရှိ နို်င်ငံရေးအကျဉ်းသားဟောင်းများနှင့်သွားရောက်တွေ့ဆုြံပီး အချက်အလက်ကောက်ယူမှုများကို ပြုလုပ်ခဲ့ကြပါသည်။

လူ့အခွင့်အရေးရက်တိုသင်တန်းဖွင့်ပွဲ (မြောင်းမြမြို့)

  မြောင်းမြခရိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ လူ့အခွင့်အရေးရက်တိုသင်တန်းကို AAPP အဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် ( ၄/၉ – ရ – ၂၀၁၄)နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ AAPP မှ အထွေထွေအတွင်းရေးမှုး ဦးတိတ်နိုင်မှ သင်တန်းဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်

၂၅၊ ဇွန်လ၊ ၂၀၁၄ ခုနှစ် အေအေပီပီအဖွဲ့ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာတဲ့ နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ပါတယ် နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်၁။ မည်သူမဆို ဒီမိုကရေစီအရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း၊ စာရွက်စာတမ်းများ ရေးသားပုံနှိပ် ထုတ်ဝေဖြန့် ချီခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဟောပြောခြင်း၊ အသင်းအပင်းဖွဲ့ စည်းခြင်းတို့ကြောင့် ဖမ်းဆီးထိန်းသိမ်းပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံး။၂။ အထက်ပါလှုပ်ရှားဆောင်ရွက်သူများကို ထောက်ခံအားပေးကူညီခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတို့ကြောင့် ဖမ်းဆီးထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ အားလုံး။၃။ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး အမှန်တကယ် နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခြင်း၊ ငြိမ်းချမ်းစွာတောင်းဆိုခြင်း၊ ဦးဆောင်စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊…

AAPP နှင့် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတွေ့ဆုံဆွေးနွေး

၁၂-၆-၁၄ ရက်နေ့ နေ့လည် ၁နာရီအချိန်တွင် NDF ပါတီဌာနချုပ်ရုံးခန်းတွင် ဦးခင်မောင်ဆွေ၊ (ဥက္ကဌ) နှင့်တာဝန်ရှိသူများ၊ အေအေပီပီမှ ကိုဘိုကြည်၊ ကိုအောင်မျိုးကျော်တို့ နိုင်ကျဉ်းစာရင်းကောက်ယူရေးကိစ္စအတွက်ဆွေးနွေးခဲ့ပါသည်။ NDF ပါတီဘက်မှ စာရင်းကောက်ယူရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည့်အကြောင်း၊ ပါတီရုံးစိုက်ရာမြို့များတွင် စာရင်းကောက်ယူရေးကိစ္စအပြင် အေအေပီပီမှဆောင်ရွက်နေသော နိုင်ငံရေးအကျဉ်းသား ကိစ္စများအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးကိစ္စများ၊ နိုင်ကျဉ်းကိစ္စများ၊ နိုင်ငံရေးအကျဉ်းသားအဓိပါယ်ဖွင့်ဆိုချက် ကိစ္စများ ကိုဆွေးနွေး ခဲ့ကြပြီး နေ့လည်၂နာရီတွင်အစည်းအဝေးပြီးဆုံးခဲ့သည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသား(၆၅)ဦးစာရင်း

  ၂၀၁၃ ခုနှစ် အကုန်ပိုင်းတွင်၊ မြန်မာနိုင်ငံ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်သွားပြီဖြစ်ကြောင်း မြန်မာအစိုးရ၏ များစွာသော သတင်းထုတ်ပြန်ချက်များအရ နိုင်ငံတကာမှ ထိုအချက်အား ယုံကြည်သွားစေသည်။ ထိုသတင်းထုတ်ပြန်ချက်များသည် ၂၀၁၄ ခုနှစ် နှစ်ဦးတွင်၊ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း၌ ဆက်လက် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ၏ အခက်အခဲများအား လျစ်လျူရှုထားယုံသာမက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပေါ် ကန့်သတ်မှုများနှင့် နှောက်ယှက်မှုများ ဆက်လက်ဖြစ်ပွါးနေသည့်အပေါ် အာရုံစိုက်မှုအားလည်း လုံးဝလျှော့ပါးသွားစေပါသည်။  ၂၀၁၃ အကုန်တွင် နိုင်ငံရေးအကျဉ်းသား အယောက် ၃ဝ သည် အကျဉ်းထောင်များအတွင်း၌ ဆက်လက် အကျဉ်းကျခံနေရပြီး…