ကာကွယ်ရေးဦးစီးချုပ်အား လူမှုကွန်ရက် စာမျက်နှာတွင် သိက္ခာချသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်ဆီးထားသော မချောစန္ဒီထွန်းနှင့် ပက်ထရစ်ကွမ်ဂျာလီ တို့အား အမြန်ဆုံးလွှတ်ပေးရန် လိုအပ်

ကာကွယ်ရေးဦးစီးချုပ်အား လူမှုကွန်ရက် စာမျက်နှာတွင် သိက္ခာချသည်ဟု စွပ်စွဲချက်ဖြင့့် ဖမ်ဆီး ထားသော မချောစန္ဒီထွန်းနှင့် ပက်ထရစ် ကွမ် ဂျာလီ တို့အား အမြန်ဆုံးလွှတ်ပေးရန် လိုအပ် နေ့စွဲ။ ။ အောက်တိုဘာလ ၁၆ ရက်၊ ၂၀၁၅ ခုနှစ် မချောစန္ဒီထွန်းနှင့် ပက်ထရစ် ကွမ် ဂျာလီ တို့ကို ကာကွယ်ရေးဦးစီးချုပ်အား လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်မှတဆင့် သိက္ခာချသည်ဟု စွပ်စွဲချက်ဖြင့် ယခုလ (အောက်တိုဘာလ၊ ၂၀၁၅) ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ဖမ်းဆီးခဲ့ပြီး…

အေအေပီပီမှ စက်တင်ဘာလအတွက် နိုင်ငံရေးအကျဉ်းသားများအခြေအနေပြ လစဉ်အစီရင်ခံစာ

လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလကုန်တွင် မြန်မာနိုင်ငံ အကျဉ်း ထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၉၆ ဦး အကျဉ်း ကျခံနေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၆၆ ဦးတို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင် နေရပါသည်။ တစ်လအတွင်း သုံးသပ်ချက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၆ ဦး ဖမ်းဆီခံရပြီး ထို ၆ ဦးထဲမှ ၁ ဦးသည် ထောင်ဒဏ် ချမှတ်…

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် လူမှုအဖွဲ့အစည်းများတွေ့ဆုံနှီးနှောဖလှယ်ပွဲ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများဖြစ်သော ဦးဇော်ဝင်း (အငြိမ်းစား)အကျဉ်းဦးစီးဌာန ညွှန်ချုပ်ဟောင်း။ ဦးညွန့်ဆွေ (အငြိမ်းစား) နိုင်ငံခြားရေး ဝန်းကြီဌာန။ ဒေါက်တာမြင့်ကြည်။ ဒေါက်တာဉာဏ်ဇော်။ ဦးစိုးဖုန်းမြင့် (အငြိမ်းစား- ရှေ့နေချုပ်ရုံး) တို့နှင့် ၈၈ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှဦးကိုကိုကြီး၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကိုတိတ်နိုင်၊ ကိုအောင်မျိုးကျော်၊ ကိုဇော်မိုး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုတင်မောင်ဦး၊ CSO Forum မှ ကိုသွင်လင်းအောင်၊ Triangle Women Support Group မှ မခင်လေး တို့သည် ယနေ့နေ့လည် ၂ နာရီမှ ၄ နာရီထိ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်…

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်မရေးထိုးမှီ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုခြင်း

ရက်စွဲ။ ။ ၂၈ စက်တင်ဘာ ၂၀၁၅။ မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တို့သည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအရေးနှင့်ပတ်သက်၍ စောင့်ကြည့်ခြင်း၊ အခွင့် အရေးများမှန်ကန်စွာရရှိရေးနှင့် လွတ်မြောက်ရေးတို့အတွက် အစဉ်တစိုက် ဆောင်ရွက်လျှက်ရှိပါသည်။ ယနေ့အချိန် ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ရန် မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်နေချိန်ပင်ဖြစ်သည်။ ထို့အတူတိုင်းပြည်ငြိမ်းချမ်းရေးအတွက် ပဏာမ ကြိုးပမ်းချက်ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရတို့အကြားတနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူ စာချုပ် ရေးထိုးနိုင်ရန် လက်တကမ်းအလိုတွင် ရောက်ရှိနေသောအချိန်လည်း ဖြစ်ပေသည်။ ထိုသို့သောအချိန်ကာလတွင် နိုင်ငံရေးအရဖမ်းဆီးထိန်းသိမ်း…

အေအေပီပီမှ ဩဂုတ်လအတွက် နိုင်ငံရေးအကျဉ်းသားများအခြေအနေပြ လစဉ်အစီရင်ခံစာ

လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၅ ခုနှစ် ဩဂုတ်လကုန်တွင် မြန်မာနိုင်ငံအကျဉ်းထောင်များ အတွင်း နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၁၀၈ ဦး ဆက်လက် ထိန်းသိမ်းခံနေရပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄၅၉ ဦးတို့သည် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရ ပါသည်။ တလအတွင်းသုံးသပ်ချက် ယခုလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူစုစုပေါင်း ၁၆ ဦး ဖမ်းဆီးခံရပြီး ထို ၁၆ ဦး ထဲမှ ၂ ဦးသည် လက်ရှိအချိန်တွင် အကျဉ်းချခံထားရသည်။ နိုင်ငံရေးလှုပ်ရှားသူ ၁၁ ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး နိုင်ငံရေး အကျဉ်းသား ၁၂…

မြန်မာနိုင်ငံရှိ လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်သူများ အခြေအနေနှင့် သင့်တော်သည့် ကာကွယ်စောင့်ရှောက်ရေး ယန္တရားများ အကြောင်း အစီရင်ခံစာ”

“လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ဘယ်လိုကာကွယ်ပေးမလဲ ။ ။ မြန်မာနိုင်ငံရှိ လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်သူများ အခြေအနေနှင့် သင့်တော်သည့် ကာကွယ်စောင့်ရှောက်ရေး ယန္တရားများ အကြောင်း အစီရင်ခံစာ” ဟု အမည်ပေးထားသည့် ဤအစီရင်ခံစာသည် မြေယာအခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBTIQ) များ၏ အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် တိုင်းရင်း သားအခွင့်အရေး တို့အပါအဝင် လူ့အခွင့်အရေးနယ်ပယ်စုံတွင် လုပ်ကိုင်ဆောင်ရွက်နေသော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ၇၅ ဦးတို့အား တွေ့ဆုံမေးမြန်းထားသည့် အချက်အလက်များအပေါ် အခြေခံ ရေးသားထားသည့် အစီရင်ခံစာ ဖြစ်ပါသည်။…

အေအေပီပီနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့ ထုတ်ပြန်ကြေညာချက်

ရက်စွဲ- ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် မန္တလေးမြို့ အိုးဘိုထောင်၌ တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရသည့် ဖမ်းဆီးခံကျောင်းသား ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး၊ ဉာဏ်လင်းထက် တို့နှင့်စပ်လျဉ်းပြီး မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(FPPS) မှ လွန်စွာစိုးရိမ်လျက်ရှိပါသည်။ ထိုကျောင်းသားလေးဦးတို့သည် စာမေးပွဲဖြေဆိုရန်အတွက် အာမခံလျှောက် ထားရာ ပါယ်ချခံခဲ့ရပြီး ထိုသို့ပါယ်ချခံခဲ့ရသည့်အတွက် ၎င်းတို့ကျောင်းသား လေးဦးထဲမှ ကျောင်းသား တစ်ဦးဖြစ်သူ ကိုနိုင်ရဲဝေ အစာငတ်ခံဆန္ဒပြခဲ့ခြင်းကြောင့် တိုက်ပိတ်ခံရခြင်းဖြစ်ကြောင်း မိမိတို့သိရှိရပါသည်။ မန္တလေးမြို့ ရတနာပုံတက္ကသိုလ်…

၂ဝ၁၅ ခုနှစ်၊ ဇူလိုင်လ နိုင်ငံရေး အကျဉ်းသားများ အခြေအနေပြ လစဉ်အစီရင်ခံစာ

လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင်များအ တွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၂ဝ ဆက်လက်ထိန်းသိမ်းခံ နေရပြီး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၄၈ ဦးတို့သည် နိုင်ငံရေး လှုပ်ရှားမှုကြောင့် တရားရင်ဆိုင်နေရပါသည်။ တစ်လအတွင်း သုံးသပ်ချက် ယခုလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၃၁ ဦး တရားစွဲဆို ခံရပြီး ထို ၃၁ ဦးထဲမှ ၁၆ ဦးသည် လက်ရှိအချိန်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရပါသည်။ နိုင်ငံရေး လှုပ်ရှားသူ ၂၁…

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ တို့၏ သဘောထားထုတ်ပြန်ချက်

ရက်စွဲ၊ ။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် အကျဉ်းသား ၆၉၆၆ ဦးအား လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက်လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက် လွတ်ငြိမ်းခွင့်ပေးသည်ဟုလည်း ဖေါ်ပြပါရှိသည်ကို တွေ့ရပါသည်။ အထက်ပါ ရည်ရွယ်ချက်များဖြင့် အကျဉ်းသားများကို လွှတ်ပေးမည်ဆိုပါက ငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးအတွက် ကြိုးစားလုပ်ဆောင်၍…

၂ဝ၁၅ ခုနှစ်၊ ဇွန်လ၊ နိုင်ငံရေး အကျဉ်းသားများ အခြေအနေပြ လစဉ်အစီရင်ခံစာ

လက်ရှိအခြေအနေ အကျဉ်းချုပ် ဇွန်လကုန်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆၉ ဦး ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံနေရပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ စုစုပေါင်း ၄၄၆ ဦးတို့သည် တရားရင်ဆိုင်နေရပါသည်။ တစ်လအတွင်း သုံးသပ်ချက် ယခုလတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၄ ဦး တရားစွဲဆိုခံရပြီး ထို ၂၄ ဦးထဲမှ ဘုန်းကြီးတစ်ပါး ဖမ်းဆီးခံထားရပါသည်။ တက်ကြွလှုပ်ရှား သူ ၁ရ ဦး ထောင်ဒဏ်ငွေဒဏ်များ ချမှတ်ခံခဲ့ရကာ၊ နိုင်ငံရေးအကျဉ်း သား ရ ဦး ထောင်ဒဏ်များ…