အကျဉ်းထောင်များအတွင်း ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေခြင်း

ဓါတ်ပုံအားကိုဘသက်အောင်ဖေ့ဘုတ်မှကူးယူဖော်ပြပါသည်။ ရက်စွဲ။ ၂၀၁၅ခုနှစ်၊ ဇွန်လ (၁၁) ရက် အကျဉ်းထောင်များအတွင်း ထိန်းသိမ်းထားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေမှာ ယခုလပိုင်းအတွင်း သိသိသာသာ ဆိုးရွားလာသည်ကို သိရှိရပါသည်။ ၂၀၁၅ ခုနှစ် မတ်လ ၁ဝ ရက်နေ့တွင် လက်ပံတန်းမြို့၌ ကျောင်းသားသပိတ်စစ်ကြောင်းကို ဝန်းရံပေးရင်း ကျောင်းသားများနှင့်အတူ သာယာဝတီထောင်တွင် ဖမ်းဆီးအကျဉ်းချ ခံနေရသည့် ကိုတင်ဝင်းသည် ယခုလ ဇွန်လ ၂ ရက်နေ့တွင် တရားရုံးထုတ်ရာ၌ အသက်ပုံမှန်ရှူမရဘဲ တရားခွင်တွင်လဲကျသွား၍ ရန်ကုန်ဆေးရုံကြီး သို့ ပို့ဆောင်ကုသနေခဲ့ရသည်။ ကိုတင်ဝင်းသည် အကြမ်းဖက်ရိုက်နှက်…

အေအေပီပီမှ မေလအတွင်း နိုင်ငံရေးဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြချက်

လက်ရှိအခြေအနေ အကျဉ်းချုပ် မေလကုန်မှ အစပြုပြီး နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆၃ ဦး မြန်မာနိုင်ငံတွင် ဖမ်းဆီးခံနေရပြီး နိုင်ငံရေး လှုပ်ရှားမှုများကြောင့် တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၄၄၂ ဦး လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရပါသည်။ တစ်လအတွင်း သုံးသပ်ချက် ယခုလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄၉ ဦး တရားစွဲဆိုခံရပြီး၊ ထို ၄၉ ဦးထဲမှ ၄၁ ဦးတို့သည့် အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံနေရကာ တရားရင်ဆိုင်နေပါသည်။ တက်ကြွလှုပ်ရှားသူ ၁၆ ဦး ထောင်ဒဏ်များ ချမှတ်ခံရကာ နိုင်ငံရေးအကျဉ်းသား ၂…

ဒေါက်ဖြုတ်သံ (ထောင်တွင်းစာစုများ)

ထောင်ထဲက နိုင်ငံရေးအကျဉ်းသားများ အကျဉ်းအကြပ်ထဲကနေ ရေးဖွဲ့ထားတဲ့ စာအုပ်ငယ်ကလေးများကို စုစည်းပြီး ပုံနှိပ်စာအုပ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ကထုတ်ဝေဖြန့်ချီတယ်။ ကျနော်တို့ ပြောချင်တဲ့စကားများ ဒီစာအုပ်ဟာ လက်ရှိ ဗမာပြည် စစ်အကျဉ်းထောင်များအတွင်း အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများကိုယ်တိုင် ထောင်ထဲမှာ ရေးသားပြုစုထားတဲ့ လက်ရေးစာစောင်များကို စုစည်းထားတာဖြစ်ပါတယ်။ ထောင်ကလွတ်ရက် ဘယ်နေ့ရယ်လို့ မမျှော်လင့်နိုင်ကြသေး။ ဒေါက်ဖြုတ်သံထောင်တွင်းစာစုများ ဒေါင်းလော့ရယူရန် Douk_Phouk_Than

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသော လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) မှ ပြုစုထားသောလက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းကို ထုတ်ပြန်လိုက်ပါသည်။ ထိုနိုင်ငံရေးအကျဉ်းသားများစာရင်းအား ၂၀၁၄ ဩဂုတ် ၁၇-၁၈ ရက်များတွင် ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲမှထွက်ပေါ်လာသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ်တွင် အခြေခံ၍ ပြုစုထားခြင်းဖြစ်သည်။ လက်ရှိအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ လုံးဝမရှိဟူသော မူကိုစွဲကိုင်ထားပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် လက်ကျန်နိုင်ငံရေးအကျဉ်းသား လုံးဝမရှိတော့ပါဟုသာ တုန့်ပြန်နေသော်လည်း လက်ရှိတွင် မိမိတို့ ပြုစုထားသောစာရင်းများအရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား (၁၅၈) ဦးခန့်မှာ မြန်မာနိုင်ငံရှိအကျဉ်းထောင် အသီးသီးတွင် ဆက်လက်အကျဉ်းကျခံနေရ ဆဲဖြစ်ပါသည်။ ထို့ပြင် တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထောင်ချနေမှုများသည်လည်း…

အေအေပီပီမှ ဧပြီလအတွင်း နိုင်ငံရေးဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြချက်

လက်ရှိအခြေအနေ အကျဉ်းချုပ် ဧပြီလကုန်တွင် နိုင်ငံရေးအကျဉ်းသား ၁၅ရ ဦး မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ဆက်လက် ထိန်းသိမ်းခံနေရပြီး၊ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် တက်ကြွလှုပ်ရှားသူ ၄၅၃ ဦးတို့ တရားရင်ဆိုင်နေရပါသည်။ အစိုးရအပေါ် နိုင်ငံသားတို့၏ ဝေဖန်မှုများကို တိတ်ဆိတ်သွားစေပြီး၊ အစိုးရအား ဆန့်ကျင်သူ များကို တရားစွဲထောင်ချခြင်းဖြင့် မြန်မာအစိုးရသည် နိုင်ငံသားများ ၏ အခွင့်အရေးများကို ဆက်လက် ချိုးဖေါက်နေပါသည်။ ထို့အပြင် ထိုသူတို့၏ အခြေခံ လူ့အခွင့်အရေးများ လုပ်ဆောင်နိုင်ရန်လည်း ဆက်လက် တားမြစ်ထားဆဲ ဖြစ်ပါသည်။ တစ်လအတွင်း သုံးသပ်ချက်…

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ မတ်လအတွက် နိုင်ငံရေးအခြေအနေများအပေါ် သုံးသပ်တင်ပြချက်

လက်ရှိအခြေအနေအကျဉ်းချုပ် မတ်လကုန်မှစ၍ နိုင်ငံရေးအကျဉ်းသား ၁၇၃ ဦး အကျဉ်းထောင်များအတွင်း ဆက်လက်ထိန်းသိမ်းခံနေရပြီး၊ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် တက်ကြွလှုပ်ရှားသူ ၃၁၆ ဦး တို့တရားရင်ဆိုင်နေရပါသည်။ အစိုးရအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများကို ပြဌာန်းရန် ၎င်းတို့၏တာဝန်အား ဆက်လက်ပျက်ကွက်လျက်ရှိပြီး ထိုသို့ပြုလုပ်ရမည့်အစား နိုင်ငံသားတို့၏ အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ သတင်းမီဒီယာများကို ဖိနှိပ်ခြင်းနှင့် ဆန့်ကျင်ဆန္ဒပြသည့် မည့်သည့်ပုံစံမျိုးကိုမဆို အကြမ်းဖက်ဖြိုခွဲခြင်းများ ပြုလုပ်ကျင့်သုံးလျက်ရှိကြောင်း တွေ့ရှိရပါသည်။ အောက်ပါနိုင်ငံရေး အကျဉ်းသားများ အခြေအနေပြ လစဉ်အစီရင်ခံစာသည် မတ်လအတွင်းရှိ နိုင်ငံရေးအကျဉ်းသား အရေအတွက်နှင့် ၂၀၁၅ ခုနှစ် မတ်လ…

အေအေပီပီမှ ဖေဖော်ဝါရီလ ၂၀၁၅ ခုနှစ်အတွက် နိုင်ငံရေးဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြချက်

လက်ရှိအခြေအနေ အကျဉ်းချုပ် ဖေဖေါ်ဝါရီ လကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း၌ နိုင်ငံရေး အကျဉ်းသား စုုစုပေါင်း ၁၇ဝ ဦး ဆက်လက် အကျဉ်းကျ နေပြီး၊ တက်ကြွလှုပ်ရှားသူ ၂၃၈ ဦးတို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် တရားစွဲဆိုခံရကာ လက်ရှိအချိန်တွင် အမှုများ ရင်ဆိုင်နေရပါသည်။ တက်ကြွ လှုပ်ရှားသူတို့၏ ဆန္ဒထုတ်ဖေါ်မှု အခွင့်အရေးများကို တားဆီးရန်အတွက် ဥပဒေပုဒ်မ မျိုးစုံ အသုံးပြုပြီး၊ အစိုးရကို ဝေဖန်ပြောဆိုသူများ၏ အသံများ တိတ်သွားစေရန် အစိုးရမှ ဆက်လက် လုပ်ဆောင်နေပါသည်။ တစ်လအတွင်း သုံးသပ်ချက်…

၂၀၁၄ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ

မာတိကာ အတွင်းရေးမှူး၏ အမှာစကား ———————– ၃ အေအေပီပီ အကြောင်း  —————————-၅ အေအေပီပီ၏ ရည်မှန်းချက်များ———————- ၇ တစ်နှစ်တာကာလအတွက် သုံးသပ်ချက်————— ၉ နိုင်ငံရေး အကျဉ်းသားဟောင်းများအတွက် ကူညီထောက်ပံ့ရေး အစီအစဉ် ————-၁၄ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ ———————-၁၈ တိုက်တွန်းလှုံ့ဆော်မှုများ —————————၂၀ အချက်အလက်များ ကောက်ယူခြင်းနှင့် မှတ်တမ်းတင်ခြင်း —————-၂၃ စိတ်ကျန်းမာရေး အထောက်အကူပြု အစီအစဉ် ————————–၂၆ အေအေပီပီ၏ အနာဂတ်အမြင် —————————————-၂၉ အေအေပီပီ၏ အလှူရှင်များ —————————————— ၃၀ အတွင်းရေးမှူး၏…

အမှောင်လှိုင်းထဲက သူရဲကောင်းတို့ တိုင်းပြည် (နှင်းပန်းအိမ်)

၁။လေးစားရတဲ့သောတရှင်များရှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်အကျဉ်းထောင်ထဲမှာကဗျာတွေအများကြီးစပ်ခဲ့ဘူးပါတယ်။ထောင်ထဲမှာကဗျာဆရာကကဗျာကိုပါးစပ်နဲ့ရေးပြီးပရိတ်သပ်ကနားနဲ့ဖတ်ပါတယ်။ဒီတော့ကဗျာကိုအပြည့်အစုံမဟုတ်တော့ဘဲမှတ်မိသလောက်ကိုဘဲပြန်ပြောနိုင်ကြတော့တယ်။အဲဒီကဗျာတွေထဲကမောင်ရုပ်ဆိုးဆိုတဲ့ကဗျာလေးကဂရုဏာသက်စရာ။ခေတ်နဲ့ယှဉ်တဲ့လူ့ဘဝကိုပေါ်လွင်တဲ့ကဗျာလေးပါပဲ။ကဗျာထဲမှာမိခင်နှမတွေသားနဲ့မောင်အတွက်သတိုးသမီးရှာသတဲ့။မိန်းကလေးမိဘတွေကယောကျင်္ား လေးရှင်ကိုမေးပါတယ်။ ”သတိုးသားလောင်းကရုပ်ချောရဲ့လား။ပညာတတ်ရဲ့လား။အလုပ်ကောင်းကောင်းရှိရဲ့လား။ငွေရှာကောင်းရဲ့လားတဲ့။ဒီတော့အမေနဲ့နှမတွေကသတိုးသားကရုပ်ရည်ကရွက် ကြမ်းရေကျို၊ကျောင်းပြီးအောင်တောင်မတက်ခဲ့ရဘူး။အလုပ်လက်မယ့်ထောင်ထွက်ဆိုတော့သတိုးသမီးဘက်ကခါးခါးသီးသီုးငြင်းလိုက်တဲ့အကြောင်းပါ။ ၂၀၀၅ခုနှစ်မှာကိုမင်းကိုနိုင်ထောင်ကပြန်လွတ်လာတော့အဲဒီ့ကဗျာအကြောင်းကျမ မေးခဲ့ပါတယ်။”ဒီကဗျာကနိုင်ငံရေးသမားလူငယ်တွေကိုကိုယ်စားပြုတာပါအမရယ်လို့သူ့ဟန်အတိုင်းပြုံးစစနဲ့အရွှန်းဖောက်တယ်။နိုင်ငံရေးသမားလူငယ်တွေရဲ့အချစ်ရေးကလဲတိုင်းပြည်ရေးနဲ့ဆက်စပ်နေတာမို့လား။နိုင်ငံရေးသမားတွေကိုနားလည်ပေးနိုင်တဲ့ဇနီးမယားတွေအများကြီးရှိသလိုဇနီးမယားတွေရဲ့အငြင်းပယ်ခံရပြီးသံတိုင်တွေနောက် ကွာရှင်းစာချုုပ်တွေရောက်ခဲ့တာလည်းရှိပါတယ်။ထောင်ထဲကနိုင်ငံရေးအကျဉ်းသမားဘယ့်လောက်ကြေကွဲခဲ့ရတယ်ဆိုတဲ့အဖြစ်အပျက်တွေလည်းကျမတို့နာနာကျင်ကျင် နားထောင်ခဲ့ရဘူးပါတယ်။ မွန်သူရဲကောင်းလဂွန်းအိမ်ကရှေ့တန်းထွက်မှသူရဲကောင်းမဟုတ်ပါဘူး။နောက်တန်းကနေပြီးသူရဲကောင်းအတွက်ပါရမီဖြည့်နေတဲ့သူကလည်းသူရဲကောင်းပါလို့ပြောခဲ့တဲ့စကားကျမဖတ်ခဲ့ဘူးပါတယ်။ခင်ပွန်းသည်ကိုအရိပ်လိုအတူလိုက်၊နောက်တန်းကနေ အင်အားဖြည့်မေတ္တာအပြည့်နဲ့ကူညီသူအမျိုးသမီးတွေကိုပြောတာဖြစ်ပါလိမ့်မယ်။အိမ်ထောင်ဖက်ဇနီးမောင်နှံဆိုတာဘဝခရီးဖော်ပါပဲ။လူ့ဘဝခရီးရှည်ကြီးကိုအတူတကွဖြတ်သန်းရတဲ့ရဲဘော်ရဲဘက်နှစ်ဦးပါ။သေအတူရှင်မကွာလောကဓံကိုရင်ဆိုင်မယ်။ဆင်းရဲအတူချမ်းသာအတူအေးအတူပူအမျှလို့စဉ်းစားဆုံးဖြတ်ပြီးဘဝခရီးကိုအတူလျှောက်ခဲ့ ကြတာပါ။ဒီထဲကမှအုပ်ချုပ်သူရဲ့ဖိနှိပ်မူကြောင့်မိမိတိုင်းပြည်ပြည်သူလူထုအတွက် တို်က်ပွဲဝင်ကြတဲ့နို်င်ငံရေးသမားလောကဓံလှိုုင်းကမိသားစုကိုပါရို်က်ခတ်ပါတော့တယ်။လှိုုင်းဆိုတာဂယက်ထတတ်ပါတယ်။ လှိုုင်းရဲ့အားပေါ်မူတည်ပြီးဂယက်အရှိန်ဆိုတာပါလာပြီ။ဒီလှိုုင်းဂယက်ကိုမျှဝေခံစားနိုင်သူဇနီးသည်ကြောင့်သေတပန်သက်တဆုံးမြဲသူ ြ မဲသလို၊မျှဝေမခံစားနိုင်သူဇနီးသည်ကြောင့်ကွဲသူတွေကွဲသွားဘူးပါတယ်။ အပြည့်အစုံဖတ်ရှုရန် ဒေါင်းလော့ရယူပါ။ Hnin Pan Ain 1 Hnin Pan Ain 2

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသူများ၊ ထောက်ခံသူများအပေါ် အကြမ်းဖက် ဖြိုခွဲခြင်း၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းများ ဖြစ်ပွားလာသည့်အတွက် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုသည့် ၂၀၁၅ ခုနှစ် လှုပ်ရှားမှုအား အချိန်တိုးချဲ့လုပ်ဆောင်ခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့မှ ပူးတွဲလုပ်ဆောင်သော နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လှုပ်ရှားမှုသည် မူလအစီအစဉ်အရ ၁၉၈၈ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်အတွင်း ကျောင်းသားများ၏ဆန္ဒပြမှုကို အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့သည့် ယနေ့ မြန်မာနိုင်ငံ လူအခွင့်အရေးနေ့ ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် အပြီးသတ်မည်ဖြစ်သော်လည်း လတ်တလောတွင် အစိုးရမှ ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွဲကာ အနည်းဆုံး ၁၂ရ ယောက်အား ဖမ်းဆီးခဲ့ခြင်းကြောင့်…