AAPP-B နှင့် FPPS တို့မှ မှတ်တမ်းကောက်ယူရေးလုပ်ငန်းစဉ် ကြားဖြတ်အစီရင်ခံစာ

မှတ်တမ်းကောက်ယူရေးလုပ်ငန်းစဉ် ကြားဖြတ်အစီရင်ခံစာ။ မှတ်တမ်းကောက်ယူရေးလုပ်ငန်းစဉ် ကြားဖြတ်အစီရင်ခံစာ။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)  နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)  တို့မှ လုပ်ဆောင်နေသည့် နိုင်ငံရေးအကျဉ်းသား များ မှတ်တမ်းကောက်ယူရေး အစီအစဉ် ကနဦးတွေ့ ရှိချက်များ အစီရင်ခံစာအကျဉ်းချုပ် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ပတ်ဝန်းကျင်အသိုင်းအ ဝိုင်းအတွင်း အဆင်ပြေချောမွေ ့စွာ ပြန်လည်ဝင်ဆန့် နိုင်ရေးအတွက် ကူညီစောင့်ရှောက်ရန် အစိုးရမှတာဝန်ယူလုပ်ဆောင်ပေးမှုဆိုသည်မှာမြန်မာနိုင်ငံတွင်ယနေ့ ကာလအထိ မရှိသလောက်ပင်ဖြစ်ပါသည်။ ထိုသို့ အရေးစိုက်လုပ်ဆောင်ရန်ပျက်ကွက်မှု၏အကျိုး သက်ရောက်မှုများသည် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်၎င်းတို့မိသားစု ဝင်များ၏နေ့တဓူဝဘဝများကိုသာမကမြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက်ကြိုးပမ်းအားထုတ်မှုများကိုပါ များစွာထိခိုက်…

အေအေပီပီ မှ၂၀၁၅ခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံရေးဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြချက်

လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ လကုန်တွင် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၅၉ ဦး မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ထိန်းသိမ်းခံနေ ရဆဲဖြစ်ပြီး၊ တက်ကြွလှုပ်ရှားသူ ၂၁၃ ဦးတို့ တရားရင်ဆိုင်နေရ ဆဲဖြစ်ပါသည်။ အောက်ပါ ရေးသားဖေါ်ပြချက်များသည် သတင်းမီဒီ ယာများနှင့် အေအေပီပီ မြန်မာနိုင်ငံအတွင်းမှ လက်ခံရရှိသော နိုင်ငံရေးအကျဉ်းသား အရေး၊ မြန်မာနိုင်ငံရှိ နိုင်ငံသား အခွင့်အရေး များနှင့် လွတ်လပ်မှုတို့နှင့်စပ်လျဉ်းသည့် တိုးတက်ဖြစ်ထွန်းမှုများ အပေါ် မီးမောင်းထိုးပြထားသည့် သတင်း အချက်အလက်များကို ဆန်းစစ် လေ့လာထားခြင်းဖြစ်ပါသည်။…

ကျွန်ုပ်လွတ်မြောက်လာသော်လည်း မလွတ်လပ်ပါ (၂၀၁၅ တွင် လိုအပ်နေသော နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု)

“ကျွန်ုပ်လွတ်မြောက်လာသော်လည်း ကျွန်ုပ်မလွတ်လပ်ပါ” ဟူသည့် သတင်းစကားနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသား ပြသနာအား ၂၀၁ဝ ဓါတ်ပုုံလှုပ်ရှားမှု နည်းလမ်းအသစ်အား အသုံးပြုကာ နိုင်ငံတကာသို့ အသိပေးတင်ပြခဲ့ပါသည်။ လွတ်လပ်ခြင်း ဟူသည် ထောင်မှလွတ် မြောက်ခြင်း သက်သက်သာမဟုတ်ပဲ နိုုင်ငံရေး လွတ်လပ်ခွင့်များ၊ ပြည်သူ့အခွင့်အရေးများ လေးစား အသိအမှတ်ပြုမှု ရှိမှ၊ နိုုင်ငံရေးအကျဉ်း သားများ လုံးဝမရှိတော့မှသာ မြန်မာပြည်သည် အမှန်တကယ်လွတ်လပ်သော နိုုင်ငံတစ်ခုု အနေအထားသို့ ရောက်ရှိမည်ဖြစ်သည်။ ယခုု ဓါတ်ပုုံ လှုပ်ရှားမှုအား ဆုုရ သတင်းမှတ်တမ်း သတင်းထောက် James Mackay…

၆၇နှစ်ပြည့် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ပူးတွဲကြေညာချက်

ရက်စွဲ။  ။ ဇန်နဝါရီလ ၄ ရက်၊ ၂၀၁၅ ခုနှစ် ၁။ ယနေ့ (၄၊ ၁၊ ၂၀၁၄) သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ၆ရ နှစ်မြောက် လွတ်လပ်ရေးအောင်ပွဲနေ့ ပင်ဖြစ် သည်။ သို့သော်လည်း မြန်မာပြည်သူလူထုကြီးမှာ လွတ်လပ်ရေး၏ အနှစ်သာရကို တင်းပြည့် ကြပ်ပြည့် မခံစားရဘဲ အခြေခံလူ့အခွင့်အရေးများ၊ ဘဝလုံခြုံရေးများ ပျောက်ဆုံးနေဆဲပင်ဖြစ်ပေသည်။ ၂။ လွတ်လပ်ရေးရရှိပြီး ဆယ်စုနှစ် ရ ခုနီးပါးကြာမြင့်လာသည့်တိုင် ပြည်သူလူထုမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်၊ လုံခြုံအေးချမ်းစွာနေထိုင်နိုင်ခွင်၊့ တိုင်းပြည်နှင့်လူမျိုးတို့ အကျိုးစီးပွားအတွက်…

ပြည်ပရောက်နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပြည်တွင်းပြန်လည်ဝင်ရောက်ရေးနှင့်အခြေချနေထိုင်ရေး အစိုးရမူဝါဒအပေါ်သဘောထားကြေညာချက်

ပြည်ပရောက်နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပြည်တွင်းပြန်လည်ဝင်ရောက်ရေးနှင့်အခြေချနေထိုင်ရေး အစိုးရမူဝါဒအပေါ်သဘောထားကြေညာချက် ၁၈ ရက် ဒီဇင်ဘာလ ၂၀၁၄ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ ညီမျှခြင်းမြန်မာ၊ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့   ပြည်ပရောက်နိုင်ငံရေးအင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများ ပြည်တွင်းပြန်လည်ဝင်ရောက်ရေးနှင့် အခြေချနေထိုင်ရေး ရှင်းလင်းတိကျသောမူဝါဒနှင့် ထိရောက်သော အကောင်အထည်ဖော်မှုများ ရှိရန်လိုအပ်သည် ၂၀၁ဝ ရွေးကောက်ပွဲအပြီး ပြုပြင်ပြောင်းလဲရေးကာလအစတွင် ပြည်ပရောက်အတိုက်အခံနိုင်ငံရေး အင်အားစုများနှင့် တက်ကြွလှုပ်ရှားသူများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ထွက်ခွာခဲ့ကြသော မြန်မာလူမျိုးများကို ပြန်လည်အခြေချနေထိုင်ရန် ဦးသိန်းစိန်အစိုးရမှ ဖိတ်ခေါ်ခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရသည် ပြည်ပရောက် အတိုက်အခံနိုင်ငံရေးအင်အားစုများ၊ တက်ကြွလှုပ်ရှားသူများနှင့် အခြားမြန်မာ့ဒီမိုကရေစီအရေး ဝိုင်းဝန်းဆောင်ရွက်ကြသော…

ကုထုံးများကိုအခြေခံသောကုသနည်းစီမံကိန်းမှ တွေ့ရှိချက်များအားတင်ပြဆွေးနွေးပွဲ

 ယနေ့ ၁-၁၂-၁၄ ရက်နေ့ တွင် AAPP-JHU- USAID တို့မှ ကြီးမှူးကျင်းပသော CETA ၏ Dissemination of Findings Meeting ကို ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill Hotel တွင် နံနက် ၉နာရီမှ စတင်၍ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ကိုကိုကြီး(၈၈ ငြိမ်း/ပွင့်)၊ဒေါက်တာတင်မျိုးဝင်း နှင့် US Embassy မှ လက်ထောက်သံအမတ်တို့ Mrs.Virginia Murray မှအဖွင့်စကားပြောကြားခဲ့သည်။ ၎င်းနောက်တွင် အေအေပီပီ(MHAP) မှ Chief Supervisor…

ကုထုံးများကိုအခြေခံသောကုသနည်းစီမံကိန်းမှ တွေ့ရှိချက်များအားတင်ပြဆွေးနွေးမည့်အစည်းအဝေးအားဖိတ်ကြားခြင်း

ကုထုံးများကိုအခြေခံသောကုသနည်းဆိုင်ရာ ကောင်းဆဲလင်းဝန်ဆောင်မှုအစီအစဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ၎င်း ကုထုံးအား တိုးချဲ့ခြင်း၊ အသုံးပြုခြင်းများကို ဆွေးနွေးနိုင်ရန်နှင့် ပိုမို သိရှိသင်ယူနိုင်ရန်အတွက် (၂) ရက်တာမျှ ပြုလုပ်သည့် အစည်းအဝေးအား တက်ရောက်ပါရန် လူကြီးမင်းအား နွေးထွေးစွာ ဖိတ်ကြားလိုပါသည်။ ဖိတ်စာအပြည့်အစုံကို ဒေါင်းလော့ရယူနိုင်ရန် MHAP Yangon meeting invitation_11Nov14 EngBur

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလှမျိုးနောင် ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလှမျိုးနောင် ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ၂၈၊ နိုဝင်ဘာလ၊ ၂၀၁၄ ခုနှစ် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ကိုလှမျိုးနောင် (၄၆ နှစ်) သည် ၂၈၊ နိုဝင်ဘာလ၊ ၂၀၁၄ ခုနှစ် (သောကြာနေ့) နံနက် ၈ နာရီ ၄၅ မိနစ်တွင် သင်္ကန်းကျွန်းမြို့နယ်၊ စံပြဆေးရုံတွင် ကွန်လွန်သွားကြောင်းသိရှိရသည့်အတွက် မိသားစုနှင့်အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ကိုလှမျိုးနောင်သည် ဥပဒေကျောင်းသားတဦးဖြစ်ပြီး ၁၉၈၈ ခုနှစ် မတ်လ အရေးတော်ပုံ ကာလကတည်းက ဦးဆောင်သူတဦးအနေဖြင့်…

AAPP နှင့် FPPS တို့မှ အစိုးရသတင်းစာများတွင်ပါရှိသော ထုတ်ပြန်ချက်အပေါ် သဘောထားထုတ်ပြန်ချက်

နေ့စွဲ။ ။နိုဝင်ဘာ ၃၊ ၂၀၁၄။             နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့(FPPS) တို့သည် စတင်တည်ထောင်ချိန်မှစ၍ နိုင်ငံရေးအကျဉ်းသား တစ်ဦးချင်းစီ၏ အမှုဖြစ်စဉ်များ၊ အမှုတွဲဖိုင်များ၊စီရင်ချက်များကိုရနိုင်သမျှလေ့လာစစ်ဆေးသုံးသပ်ပြီး၊မိမိတို့ဖွင့်ဆိုထားသည့်နိုင်ငံရေးအကျဉ်း သား အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်အညီ နိုင်ငံရေးအကျဉ်းသားစာရင်းကို ပြုစုခဲ့ခြင်းဖြစ်သည်။               လွတ်လပ်မျှတစွာ တရားစီရင်ခံရခြင်းရှိ မရှိ၊ ဥပဒေနှင့်အညီ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိ မရှိ၊၎င်းတို့အပေါ်စွဲဆိုထားသည့်ရာဇဝတ်ပုဒ်မများအား အမှန်တကယ် ကျူးလွန်ခဲ့ခြင်းရှိ မရှိ ကိုလည်း ရနိုင်သမျှ လေ့လာစစ်ဆေးခဲ့ပြီးဖြစ်သည်။ထိုသို့ပြုစုထားသည့်စာရင်းအတိုင်းနိုင်ငံရေးအကျဉ်းသားများအားလုံးအားခြွင်း ချက် မရှိလွှတ်ပေးရန်လည်း အကြိမ်ကြိမ် တောင်းဆိုတင်ပြခဲ့ပါသည်။                အစိုးရသတင်းစာများတွင်ပါရှိသည့်ထုတ်ပြန်ချက်သည်အမျိုးသားပြန်လည်သင့်မြတ်ရေးကို…

အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့်ပတ်သက်ပြီး အေအေပီပီ၏ သတင်းထုတ်ပြန်ချက်

ရက်စွဲ။           ။ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂ရ ရက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ စစ်တပ်၏အကျဉ်းစခန်းအတွင်း အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးသွားခြင်းသည် မြန်မာနိုင်ငံအတွင်း နိုင်ငံသားများအပေါ် မတရား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် နှိပ်စက်ညှဉ်းပန်းမှုအား ဆက်လက်အသုံးပြုကာ တရားမဲ့သက်ဖြတ်ခြင်းများကို အမှတ်ရစေသည့် ထိတ်လန့် တုန်လှုပ် ဖွယ်ရာ ကိစ္စတစ်ခုဖြစ်ပါသည်။ ကိုပါကြီးသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ကာလကြီးအတွင်းတွင် ဖွဲ့စည်းခဲ့သည့် သုံးရောင်ခြယ် ကျောင်းသားများအဖွဲ့၏ အဖွဲ့ဝင်ဖြစ်လာပြီး ထိုကာလတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် လုပ်ဆောင် ခဲ့ပါသည်။…