ဖမ်းဆီးခံကျောင်းသားများ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်
Detained students need proper health care Source: DVB TVnews
Detained students need proper health care Source: DVB TVnews
ရက်စွဲ —– ၂၂ ဇန်နဝါရီလ ၂၀၁၆ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အကျဉ်းသား ၁၀၂ ဦးအား နိုင်ငံတော် အစိုးရမှ ပုဒ်မ ၄၀၁(၁) ဖြင့် လွှတ်ပေးခဲ့ကြောင်းသိရှိရသည်။ လွှတ်ပေးခဲ့သည့် အကျဉ်းသားများထဲတွင် ယခုအချိန်(၂း၃ဝ နာရီ) အထိ နိုင်ငံရေးအကျဉ်းသား ၅၂ ဦးသာ ပါဝင်သေးကြောင်းသိရှိရသည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာသည်ကို ကြိုဆိုရမည်ဖြစ်သော်လည်း ကျန်ရှိနေသးသည့် နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးနှင့် နိုင်ငံသားအခွင့်အရေးအတွက် လုပ်ဆောင်ရင်း အမှုရင်ဆိုင်နေရသူ ၄၀၈ ဦးတို့မှာ လွတ်မြောက်ခြင်းမရှိသေးသည့်အတွက်…

လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် မြန်မာနိုင်ငံ အကျဉ်း ထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၂၉ ဦး အကျဉ်းကျခံနေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၀၈ ဦးတို့ို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရား ရင်ဆိုင်နေရပါသည်။ တစ်လအတွင်း သုံးသပ်ချက် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစု ပေါင်း ၄ ဦး ဖမ်းဆီးခံခဲ့ရသည်။ တက်ကြွ လှုပ်ရှားသူ ရ ဦး ပြစ် ဒဏ်ချမှတ် ခံခဲ့ရပြီး…

စာတမ်း အနှစ်ချုပ် မြန်မာ့သမိုင်းမှတ်တမ်းများတွင် ထူးခြားမှုအဖြစ် ထင်ကျန်ရစ်ခဲ့မည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက် ရွေးကောက်ပွဲကြီးမှတဆင့် ၂၀၁၆ ခုနှစ် မတ်လကုန်မှ စပြီး နိုင်ငံတော်အစိုးရတာဝန်ကို ထမ်းဆောင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တာဝန်အပ်နှင်းတော့မည်ဖြစ်သည်။ ထို့အတွက်ကြောင့် အစိုးရသစ်အနေနဲ့ ဦးသိန်းစိန် အစိုးရက စတင်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်သော ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ခုအပါအဝင် အခြားသော လက်မှတ်မထိုးရသေးသည့်…

အသင်း၏လုပ်ငန်းစဉ်များ ၁။ နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေး။ ၂။ နိုင်ငံရေးအကျဉ်းသားများ အကျဉ်းကျခံရစဉ်အတွင်း လူ့အခွင့်အရေး ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေး။ ၃။ နိုင်ငံရေးဆောင်ရွက်သူများ၊ တရားလက်လွတ်ဖမ်းဆီးခံရမှု၊ ပျောက်ဆုံးမှု၊ နှိပ်စက်ညှင်းပမ်းခံရမှုများ ပပျောက်ရေး။ ၄။ စိတ်ပို်င်း၊ ရုပ်ပို်င်းဆိုင်ရာ ပြန်လည်ပြုစုပျိုးထောင်ရေး။ ၅။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုပေါ်ပေါက်ရေး။ ၆။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို စောင့်ကြည့်ခြင်း။ ၇။ စည်းရုံးရေးနှင့် အဖွဲ့အစည်းတည်ဆောက်ရေး။ ဦးတည်ချက် ၁။ နိုင်ငံရေးအကျဉ်းသားမာျး ချွင်းချက်မရှိလွတ်မြောက်၍ မြန်မာနိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်ထဲတွင် ဘေးကင်းလုံခြုံစွာ ပါဝင်ရေး။ ၂။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ လူ့အခွင့်အရေး…

လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင် များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၂ရ ဦး အကျဉ်းကျခံ နေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၇ရ ဦးတို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရပါ သည်။ တစ်လအတွင်း သုံးသပ်ချက် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၂၃ ဦး ဖမ်းဆီးခံခဲ့ရသည်။ တက်ကြွ လှုပ်ရှားသူ ၃၂ ဦး ပြစ်ဒဏ်ချမှတ် ခံခဲ့ရပြီး နိုင်ငံရေး…
ရက်စွဲ။ ။ ၂ဝ နိုဝင်ဘာ ၂၀၁၅ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးအား အောင်မြင်စွာကျင်းပပြီး ဖြစ်ပါသည်။ ပြည်သူများအနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် ရင်တမမ ဖြင့် စောင့်စားခဲ့ကြသည်။ ရွေးကောက်ပွဲ ကာလတွင်လည်း အခက်အခဲအမျိုးမျိုးကြားမှ မဲဆန္ဒပေးခွင့်ရနိုင်ရန် အစွမ်းကုန် ကြိုးစားကြသည်ကိုလည်း တွေ့မြင်ကြရပါသည်။ ရွေးကောက်ပွဲကာလ ဆန္ဒမဲပေးရာတွင်လည်း အဆင်မပြေမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းဖြင့် ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ထိုအထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များသည် ပြည်သူ့…

သတင်းထုတ်ပြန်ချက် ရက်စွဲ။ ။ ၁၂ နိုဝင်ဘာ ၂၀၁၅ အမျိုးသားပညာရေးဥပဒေ မူကြမ်းကို ဆန့်ကျင်ဆန္ဒပြခဲ့သဖြင့် မြင်းခြံအကျဉ်းထောင်တွင် အချုပ်ကျခံနေရပြီး အမှုရင်ဆိုင်နေရသော ကိုစည်သူမြတ်နှင့် ကိုစိုးလှိုင် နှစ်ဦးသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်အတွက် အကျဉ်းထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့ကြသည်။ ထိုသို့အစာငတ်ခံဆန္ဒပြသည်ကို ထောင်ဝန်ထမ်းများမှ စောင်နှင့်အုပ်ပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့သည်။ ထိုနေ့က တနေကုန် ရေလည်းဖြတ်လိုက်ပြီး ညဖက်မှသာ ရေပေးခဲ့သည်။ ထိုသို့ ရိုက်နှက်မှု၊ ရေဖြတ်မှုများကြောင့် နိုဝင်ဘာလ ၉ ရက်နေ့တွင် အစာငတ်ခံဆန္ဒပြခြင်းအား ရပ်တန့်ခဲ့သည်။…
လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလကုန်တွင် မြန်မာနိုင်ငံ အကျဉ်း ထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၁၂ ဦး အကျဉ်းကျခံနေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၈၆ ဦး တို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင် နေရသည်။ တစ်လအတွင်း သုံးသပ်ချက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၁ဝ ဦး ဖမ်းဆီးခံရပြီး ထို ၁ဝ ဦးထဲမှ ၈ ဦးသည် ထောင်ဒဏ် ချမှတ်…

ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်နုခိုင်အား နောက်ကြောင်းပြန်တရားစွဲဆိုခြင်း၊ ချုပ်နှောင်ခြင်းအား ကန့်ကွက် ရက်စွဲ။ ။ အောက်တိုဘာလ ၂၂ ရက်၊ ၂၀၁၅ ခုနှစ် ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ မြတ်နုခိုင် (တသီးပုဂ္ဂလ) အား ၂၀၁၄ ခုနှစ် ရန်ကုန်မြို့ တရုတ်နိုင်ငံသံရုံးရှေ့တွင် ဆန္ဒပြသည့် ကိစ္စနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁ရ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ယခုအခါ ဒေါက်တာမြတ်နုခိုင်အား အင်းစိန်ထောင်ထောင်တွင် ချုပ်နှောင်ထားပြီး ပုဒ်မ ၁၈၊ ၅၀၅ (ခ)၊…