ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများစာရင်း (၈ ဧပြီ ၂၀၁၆)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဧပြီ ရ ရက်နေ့တွင် နည်းလမ်းသုံးသွယ်ဖြင့် ကြေညာချက်ထုတ်ပြန်ပြီးနောက် ဧပြီလ ၈ ရက်နေ့တွင် တရားရုံးချိန်းများ ခေါ်ဆိုပြီး ကျင့် ၄၉၄ အရ လက်ရှိအမှုရင်ဆိုင်နေရသော ပုဒ်မများအား အမှုရုတ်သိမ်းပေးပြီး တရားရင်ဆိုင်ရသော အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် လက်ပံတန်းတွင် အကြမ်းဖက်နှိမ်နှင်းဖမ်းဆီးခံခဲ့ရသော ကျောင်းသား၊ ကျောင်းသူ ဝန်းရံပြည်သူများအပါအဝင် အင်းစိန်ထောင်တွင်ဖမ်းဆီးခံထားရသော ကျောင်းသားများနှင့် အလုပ်သမားသပိတ်တွင် ပါဝင်ကူညီသူများလည်း ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ ထိုသို့လွတ်မြောက်လာသူများအား မိမိတို့အေအေပီပီမှ ပြုစုထားသည့် စာရင်းများကို ထုတ်ပြန်ပေးလိုက်ပါသည်။ အပြည့်အစုံကို ဒေါင်းလော့ရယူရန်—- 114 released on…

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ကြေညာချက်အမှတ် ၁/၂၀၁၆ ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။  ။ ဧပြီလ ၈ ရက်နေ့၊ ၂၀၁၆ ခုနှစ် ၁) ၂၀၁၆ ခုနှစ်၊ ဧပြီလ ရ ရက်နေ့တွင်ထုတ်ပြန်လိုက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ကြေညာချက်အမှတ် ၁/၂၀၁၆ အား မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ လေးနက်စွာ ထောက်ခံကြိုဆို လိုက်ပါသည်။ ၂) နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသော ကျောင်းသား၊ ကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ပြီး ဤသို့ဆောင်ရွက်နိုင်ရန်…

၁၂၁ လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းနှင့် အမှုရင်ဆိုင်ဆဲစာရင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသော လက်ကျန်နိုင်ငံရေးအကျဉ်းသား စာရင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) မှ ပြုစုထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်းကို ထုတ်ပြန်လိုက်ပါသည်။ ထိုနိုင်ငံရေးအကျဉ်းသားများစာရင်းအား ၂၀၁၄ ဩဂုတ် ၁၇-၁၈ ရက်များတွင် ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲမှထွက်ပေါ်လာသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ်တွင် အခြေခံ၍ ပြုစုထားခြင်းဖြစ်သည်။ ဧပြီ၊ ၇၊ ၂၀၁၆ နေ့အထိ မိမိတို့ ပြုစုထားသောစာရင်းများအရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား (၁၂၁) ဦး ခန့် မှာ မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင် ဆက်လက်အကျဉ်းကျခံနေရဆဲဖြစ်ပါသည်။ ထို့ပြင် တက်ကြွ လှုပ်ရှားသူများအား…

ဒုတိယအကြိမ် ကျဆုံးနိုင်ငံရေးအကျဉ်းသားများဂုဏ်ပြုပွဲ

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တို့မှ ကျင်းပသည့် ဒုတိယအကြိမ်မြောက် နုိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို မတ်၂၃ရက်နေ့က ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုုပ်ခဲ့ပါသည်။ အဖြူရောင်ဝိဉာဉ်တို့အား ဂုဏ်ပြုကြပါစို့ ========================== ကျော်စွာလင်း ( မြန်မာစာ ) မဆလ တစ်ပါတီအာဏာရှင် ဦးနေဝင်းလက်ထက်မှစတင်ရေတွက်လျှင် ၅၄ နှစ်၊ ရာစုနှစ်တစ်ဝက် ကျော်၊ ၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှ စတင်ရေတွက်လျှင် ၂၈ နှစ် ကျော် အမှောင်ကာလများတို့သည် အတိတ်တွင် တိတ်ဆိတ်ငြိမ်သက်စွာကျန်ရစ်ခဲ့ပြီလော၊ မြန်မာဒီမိုကရေစီရေးကြိုးပမ်း မှုကာလတစ်လျှောက်လုံး ခက်ခဲပြီးကြမ်းတမ်းသော…

ကျဆုံးနိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲသို့ အေအေပီပီမှ ဦးဘိုကြည်ပြောကြားသည့်အမှာစကား

ရက်စွဲ။       ။ ၂၃ မတ်လ ၂၀၁၆ အားလုံးမင်္ဂလာနေ့လည်ခင်းပါ။ လွန်ခဲ့တဲ့ ၁၆ နှစ် ဒီလိုအချိန် မဲဆောက်ဆိုတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့ကလေးမှာ အေအေပီပီ ဆိုတဲ့အဖွဲ့အစည်းကို နိုင်ကျဉ်းဟောင်းတချို့နဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အေအေပီပီ စတင်ဖွဲ့စည်းပြီးကတည်း က ကျနော်တို့လုပ်ခဲ့ချင်တာက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိတော့ဘဲ အေအေပီပီ ကို ကျနော်တို့ကိုယ်တိုင် ပြန်ဖျက်သိမ်းလိုက်ဖို့ပါ။ သို့သော်လည်း ယနေ့အချိန်ထိ ဖျက်သိမ်းနိုင်ဖို့ မလွယ်သေးပါ။ အေအေပီပီ ၏ အဓိက မျှော်မှန်းချက်မှာ မြန်မာနိုင်ငံတွင် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးများ ပေါ်ထွန်းလာစေရေးတွင်…

ကျဆုံးနိုင်ငံရေးအကျဉ်းသားများဂုဏ်ပြုပွဲသို့ အေအေပီပီမှ ဦးတိတ်နိုင်ပြောကြားသည့်အမှာစကား

ရက်စွဲ ။        ။ ၂၃ မတ် ၂၀၁၆ အားလုံးမင်္ဂလာပါ ကျနော်က နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှုး တိတ်နိုင် ပါ။ ကျနော်အနေနဲ့ ဒီအခမ်းအနားကျင်းပ ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အနည်းငယ်ရှင်းပြဖို့ဖြစ်ပါတယ်။ ဒီနေ့ဟာ စစ်ကြောရေးစခန်း၊ အကျဉ်းထောင်၊ ရဲဘက်စခန်း၊ ဝန်ဆောင်လို့ခေါ်တဲ့ ရှေ့တန်းစစ်ဆင်ရေးတွေ အတွက် ပေါ်တာပါရင်း ကျဆုံးသွားကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုတဲ့အခမ်းအနားဖြစ်ပါတယ်။  ဒုတိယအကြိမ် ပြုလုပ်တဲ့ အခမ်းအနားဖြစ်ပါ။ ၂၀၁၄ ဇန်နဝါရီလ မှာ ဒီနေရာမှာပဲ ပထမအကြိမ် ဂုဏ်ပြုပွဲ လုပ်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်…

လှောင်ချိုင့်ထဲကတေး

လှောင်ချိုင့်ထဲကတေး ၁-လှောင်ချိုင့်ထဲကတေး  (တေးရေး-သခင်မျိုး – တေးဆို လင်းလင်း) ၂ – ဘဝတက္ကသိုလ် (တေးရေး- ၅ညလူငယ် – တေးဆို ဂျွန်ဂလင်း) ၃ – ၅ညသံစဉ် (ခရီးသွားခြေလှမ်းများ) ( သံစဉ်၊ စာသား – ကိုစိုင်းတေးဆို၊ ဟာမိုနီ – လင်းလင်း၊ ဇူးဇီ၊ ဂေါ်ဒွင်ခြေဆင်း – အားဗီ) ၄ – ဒေါ်အောင်ဆန်းစုကြည် (တေးရေး – ၅ညလူငယ် – တေးဆို ဘိုလေး) ၅…

၂၀၁၆ ဖေဖော်ဝါရီလ နိုင်ငံရေးအကျဉ်းသား အခြေအနေပြ လစဉ်အစီရင်ခံစာနှင့် နိုင်ကျဉ်းစာရင်း ထုတ်ပြန်

လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၉ဝ ဦး အကျဉ်းကျခံနေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၁၈ ဦးတို့ို့ို့သည် နိုင်ငံရေး လှုပ်ရှားမှု များကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရပါသည်။ တရား ရင်ဆိုင်နေရသော တက်ကြွလှုပ်ရှားသူ  ၄၁၈ ဦးထဲတွင် ၁၃၂ ဦး သည် အကျဉ်းထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရသည်။ တစ်လအတွင်း သုံးသပ်ချက် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၁၉ …

၂၀၁၆ ဇန်နဝါရီလ နိုင်ငံရေးအကျဉ်းသားအခြေအနေပြလစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားများစာရင်းထုတ်ပြန်

လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၆ ခုနှစ်၊ ဇန္နဝါရီလကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၈၆ ဦး အကျဉ်းကျခံနေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၃၉၉ ဦးတို့ို့သည် နိုင်ငံရေး လှုပ်ရှားမှု များကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရပါသည်။ တစ်လအတွင်း သုံးသပ်ချက် ၂၀၁၆ ခုနှစ်၊ ဇန္နဝါရီလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ရ ဦး ဖမ်းဆီးခံခဲ့ရသည်။ တက်ကြွလှုပ်ရှားသူ ၁၂ ဦး ပြစ်ဒဏ်ချမှတ်ခံခဲ့ ရပြီး နိုင်ငံရေး အကျဉ်းသား ၆၉…