ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများစာရင်း (၁ရ ဧပြီ ၂၀၁၆)

                           ဓါတ်ပုံအား DVB သတင်းဌာနမှ ကူးယူဖော်ပြပါသည်။ မြန်မာနှစ်သစ်ကူးအခါသမယ(၁ရ ဧပြီလ ၂၀၁၆) နေ့တွင် နိုင်ငံတော်သမ္မတ၏ ထုတ်ပြန်လိုက်သော ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည့် ကြေညာချက်ကြောင့် နိုင်ငံရေးအကျဉ်းသား ၈၃ ဦးအား ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုခဲ့ပါသည်။ ထိုပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုထားသော နိုင်ငံရေးအကျဉ်းသား ၈၃ ဦးအနက် မိမိတို့ အေအေပီပီမှ မှတ်တမ်းများအရ ထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၆၆ ဦးပါဝင်ခဲ့ပါသည်။ ကျန်ရှိနေသေးသော လွတ်မြောက်နိုင်ငံရေးအကျဉ်းသားများ၏ စာရင်းများကိုလည်း စုံစမ်းစိစစ်ရရှိပြီးလျှင် ထပ်မံထုတ်ပြန်ပေးပါမည်။ လွတ်မြောက်လာသူများစာရင်းအား ဒေါင်းလော့ရယူနိုင်ပါသည်။ Released 83 PP list…

ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများစာရင်း (၈ ဧပြီ ၂၀၁၆)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဧပြီ ရ ရက်နေ့တွင် နည်းလမ်းသုံးသွယ်ဖြင့် ကြေညာချက်ထုတ်ပြန်ပြီးနောက် ဧပြီလ ၈ ရက်နေ့တွင် တရားရုံးချိန်းများ ခေါ်ဆိုပြီး ကျင့် ၄၉၄ အရ လက်ရှိအမှုရင်ဆိုင်နေရသော ပုဒ်မများအား အမှုရုတ်သိမ်းပေးပြီး တရားရင်ဆိုင်ရသော အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆန္ဒပြမှုဖြင့် လက်ပံတန်းတွင် အကြမ်းဖက်နှိမ်နှင်းဖမ်းဆီးခံခဲ့ရသော ကျောင်းသား၊ ကျောင်းသူ ဝန်းရံပြည်သူများအပါအဝင် အင်းစိန်ထောင်တွင်ဖမ်းဆီးခံထားရသော ကျောင်းသားများနှင့် အလုပ်သမားသပိတ်တွင် ပါဝင်ကူညီသူများလည်း ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ ထိုသို့လွတ်မြောက်လာသူများအား မိမိတို့အေအေပီပီမှ ပြုစုထားသည့် စာရင်းများကို ထုတ်ပြန်ပေးလိုက်ပါသည်။ အပြည့်အစုံကို ဒေါင်းလော့ရယူရန်—- 114 released on…

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ကြေညာချက်အမှတ် ၁/၂၀၁၆ ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။  ။ ဧပြီလ ၈ ရက်နေ့၊ ၂၀၁၆ ခုနှစ် ၁) ၂၀၁၆ ခုနှစ်၊ ဧပြီလ ရ ရက်နေ့တွင်ထုတ်ပြန်လိုက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ကြေညာချက်အမှတ် ၁/၂၀၁၆ အား မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ လေးနက်စွာ ထောက်ခံကြိုဆို လိုက်ပါသည်။ ၂) နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသော ကျောင်းသား၊ ကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ပြီး ဤသို့ဆောင်ရွက်နိုင်ရန်…

၁၂၁ လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းနှင့် အမှုရင်ဆိုင်ဆဲစာရင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးသော လက်ကျန်နိုင်ငံရေးအကျဉ်းသား စာရင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) မှ ပြုစုထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားစာရင်းကို ထုတ်ပြန်လိုက်ပါသည်။ ထိုနိုင်ငံရေးအကျဉ်းသားများစာရင်းအား ၂၀၁၄ ဩဂုတ် ၁၇-၁၈ ရက်များတွင် ရန်ကုန်မြို့၌ပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲမှထွက်ပေါ်လာသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ်တွင် အခြေခံ၍ ပြုစုထားခြင်းဖြစ်သည်။ ဧပြီ၊ ၇၊ ၂၀၁၆ နေ့အထိ မိမိတို့ ပြုစုထားသောစာရင်းများအရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား (၁၂၁) ဦး ခန့် မှာ မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင် ဆက်လက်အကျဉ်းကျခံနေရဆဲဖြစ်ပါသည်။ ထို့ပြင် တက်ကြွ လှုပ်ရှားသူများအား…

အမိန့်ချမှတ်ခံရပြီးသော နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်အကျဉ်း (၂)

ကိုဝင်းလှိုင် (ဘ) ဦးမောင်လေး နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး ပုဒ်မ ၅၀၅(ခ)၊ ၁၈၊ ၁၉ တို့ဖြင့်တရားစွဲဆိုခံရပြီး ပြည်အကျဉ်းထောင်တွင် ထောင်ဒဏ် ၃နှစ် ၈လ ပြစ်ဒဏ်ချမှတ်နေရသည်။  ပုဒ်မ ၁၈၊ ၃မှုဖြင့် ပြည်တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ ၂၅ မေ ၁၅ တွင်အဖမ်းခံရသည်။ ဧပြီလ ၁၇၊ ၂၀၁၆ နေ့တွင် နိုင်ငံတော်သမ္မတသစ်ဦးထင်ကျော်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်။       အောင်စိုး (ဘ) ဦးစိုးမြင့် လယ်ယာမြေအရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး၊ ပုဒ်မ 505(B), 145, 143,427,447,353 တို့ဖြင့်တရားစွဲဆိုခံခဲ့ရကာ၊…

အမိန့်ချမှတ်ခံရပြီးသော နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်အကျဉ်းများ (၁)

ထင်ကျော် (ဘ) ဦးလှိုင် ၅၊ မေ၊ ၂၀၁၄ တွင် အဖမ်းခံရပြီး မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့်ထောင်ဒဏ် ၁၃ နှစ် ၆ လကျခံနေရပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရသည်။ ယခုအခါတွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ပုဒ်မ ၄၂၇၊ ၄၄ရ တို့ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ ဧပြီလ ၁ရ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ထုတ်ပြန်ချက်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဧပြီလအတွင်းမှာပင် မြောက်ဥက္ကလာပ တရားရုံးတွင်…

အမှုရင်ဆိုင်နေရဆဲနိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်အကျဉ်းများ (၃)

နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်အကျဉ်းများ (၃) ဝင်းကျော့မှူး (ဘ) ဦးသိန်းညွန့် အမျိုးသားပညာရေးဥပဒေကြမ်းပြင်ဆင်ရေး တွင် ဝန်းရံပါဝင်ခဲ့ပြီး ဧပြီလ ၄ ရက် ၂၀၁၅ နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံရပြီး ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၅၀၅(ခ) တို့ဖြင့် ကမာရွတ်မြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရဆဲဖြစ်သည်။       စိုးလှိုင် (ဘ) ဦးကျော်ဌေး အမျိုးသားပညာရေးဥပဒေကြမ်းပြင်ဆင်ရေး တွင် ဝန်းရံပါဝင်ခဲ့ပြီး မတ် ၁၁၊ ၂၀၁၅ နေ့တွင် မုံရွာမြို့၌ ဖမ်းဆီးခံရပြီး မြင်းခြံထောင်တွင်…

နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်အကျဉ်း (၂)

  နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်အကျဉ်း (၂) ခိုင်မာငြိမ်း (ဘ) ဦးဝင်းမြင့် အမျိုးသားပညာရေးဥပဒေကြမ်းပြင်ဆင်ရေး ဗကသမှ ဦးဆောင်ပါဝင်ခဲ့ပြီး မတ် ၁၀၊ ၂၀၁၅ နေ့တွင် လက်ပံတန်းမြို့၌ အကြမ်းဖက်ဖမ်းဆီးခံရပြီး ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ) တို့ဖြင့် သာယာဝတီတရားရုံးတွင် တရားရင်ဆိုင်နေရဆဲဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်လိုအပ်နေသည်။ အာရုံကြောဝေဒနာ ခံစားနေရသည်။ ဧပြီလ ၈ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ကြေညာချက်ဖြင့် အမှုများရုတ်သိမ်းပြီး ပြန်လည်လွတ်မြောက်လာခဲ့သည်။       ဌေးနိုင် (ဘ)…

နိုင်ငံရေးအကျဥ်းသားများ၏ကိုယ်ရေးအချက်အလက်အကျဉ်း (၁)

နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်အကျဉ်းများ   မဖြိုးဖြိုးအောင် (ခ) မနှင်းပွင့်ဝေ (ဘ) ဦးနေဝင်းဗကသ အတွင်းရေးမှူး၊ မတ်လ ၁ဝ ၂၀၁၅ နေ့တွင် လက်ပံတန်းတွင် အကြမ်းဖက်ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီတရားရုံးတွင် ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂၊ ၅၀၅(ခ) တို့ဖြင့် တရားရင်ဆိုင်နေရပြီး ရန်ကုန်မြို့ မြို့နယ်ပေါင်း ၁ဝ မြို့နယ်ခန့်တွင် ပုဒ်မ ၁၈ ဖြင့် အမှုပေါင်း ၂ဝ ကျော်ဖြင့် တရားရင်ဆို်င်နေရသည့် နို်င်ကျဉ်းဟောင်းတယောက်ဖြစ်သည်။ ဧပြီလ ၈ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏…