အပြည်ပြည်ဆိုင်ရာ ညှဉ်းပမ်းနှိပ်စက်မှု ပပျောက်ရေးနေ့ ၂၆ ဇွန် ၂၀၁၆

အပြည်ပြည်ဆိုင်ရာညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးနေ့ ၊၂၆ရက်၊ ဇွန်၊ ၂၀၁၆ ကို ND-Burma, ဝိမုတ္တိ၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း နှင့် AJAR တို့ ပူးပေါင်း၍ ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် မြင်ကွင်း ..

အေအေပီပီမှ မေလအတွက် နိုင်ငံရေးအကျဉ်းသားအခြေအနေပြ လစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများစာရင်း

လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၆ ခုနှစ်၊ မေလကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၆ရ ဦး အကျဉ်းကျခံနေရသည်။ တက်ကြွလှုပ်ရှားသူ ၁၈၉ ဦးသည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရပြီး ထိုထဲမှ ၄ရ ဦးသည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရသည်။ တစ်လအတွင်း သုံးသပ်ချက် ၂၀၁၆ ခုနှစ်၊ မေလတွင် အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ ၇၁ ဦး အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူစုစုပေါင်း ၉ဝ ဦး ဖမ်းဆီးခံခဲ့ရ သည်။ တက်ကြွလှုပ်ရှားသူ…

ကိုဘိုကြည်(တွဲဖက်အတွင်းရေးမှူး)နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနှင့် တွေ့ဆုံမေးမြန်းခန်း

ကိုဘိုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း Posted by DVB on June 6, 2016 in တွေ့ဆုံမေးမြန်းခန်း ရိုက်ကူး၊ တင်ဆက် – စောဖိုးစီ တည်းဖြတ် – မောင်တူး

ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်တခုလုံး ပြုပြင်ပြောင်းလဲရန် လိုအပ်ဟု အေအေပီပီ အကြံပြု

 By လေးလေးမွန် ၆ ဇွန် ၂၀၁၆ အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် ထောင်စနစ်တခုတည်းသာ မကဘဲ ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာ စနစ်တခုလုံး ပြုပြင်ပြောင်းလဲဖို့ပါ လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က အကြံပြုထားပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ တကယ့်ပြဿနာတွေကို ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် အကျဉ်းထောင်စနစ်အပြင် ထောင်နဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲ၊ တရားရေး စတာတွေကိုပါ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရလိမ့်မယ်လို့ အေအေပီပီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။ “ရဲဆိုတဲ့ Institution ကို ကျနော်တို့ ပြုပြင်…

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ မေတ္တာရပ်ခံချက်

နေ့စွဲ။   ။ ၃ရက်၊ ဇွန်လ၊ ၂၀၁၆ ပြီးခဲ့သည့် ဇွန်လ ၂ ရက်၊ ၂၀၁၆ တွင် ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း မှ ဤအစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဆိုသော ဝေါဟာရများနှင့် ပတ်သတ်၍ အဓိပ္ပါယ်ဖွင့်ဆိုရန် ရှိမရှိ ဆိုုသည့် မေးခွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဌ မှတဆင့် မေးမြန်းခဲ့ပါသည်။ ထိုမေးခွန်းကို သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးမှ ပြန်လည် ရှင်းလင်းဖြေကြားရာတွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဆိုုသော ဝေါဟာရများနှင့် ပတ်သက်သည့်…

“လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်” မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံများနှင့်ပြန်လည်ပေါင်းစည်းရေး စိန်ခေါ်မှု ပြဿနာများ အစီရင်ခံစာ

အစီရင်ခံစာ၏ အမှာ မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် စစ်တပ်မှအာဏာသိမ်းပြီးချိန်မှစ၍ အာဏာသိမ်းစစ်အစိုးရ အဆက်ဆက်တို့က အတိုက်အခံ နိုင်ငံရေးအကျဉ်းသားများအား ရန်သူသဖွယ်သဘောထားကာ ဖိနှိပ်မှုချုပ်ချယ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများ တစိုက် မတ်မတ်ပြုလုပ်ခဲ့ပြီး မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းများကို အစဉ်တစိုက် ပြုလုပ်ခဲ့ကြပေသည်။ ၁၉၆၂ ခုနှစ်မှ နဝတ၊ နအဖ စစ်အစိုးရအဆက်ဆက်နှင့် သမ္မတဦးသိ်န်းစိန် အစိုးရလက်ထက်တွင် ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားပေါင်းမှာ သောင်းချီ၍ ရှိနိုင်ပေသည်။ စစ်ကြောရေးစခန်းများတွင် အသက်သေဆုံး သည်အထိ နှိပ်စက်ညှဉ်းပန်းမှုများရှိခဲ့သလို အကျဉ်းထောင်၊ ရဲဘက်စခန်းများတွင်လည်း နှိပ်စက်ညှင်းပန်းမှု၊ အစာရေစာမလုံ လောက်မှု၊…

“လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်” မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံများနှင့်ပြန်လည်ပေါင်းစည်းရေး စိန်ခေါ်မှု ပြဿနာများ အစီရင်ခံစာထုတ်ပြန်ကြေညာချက်

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့၏ “လွတ်မြောက်ပြီးတဲ့အခါ ဘဝကို အစကနေ ပြန်စကြရတယ်” မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံများနှင့်ပြန်လည်ပေါင်းစည်းရေး စိန်ခေါ်မှု ပြဿနာများ အစီရင်ခံစာ ထုတ်ပြန်ကြေညာချက် ၂၅ မေလ ၂၀၁၆ ယနေ့ ၂၅ရက် မေလ၊ ၂၀၁၆တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့မှ “လွတ်မြောက်ပြီးတဲ့အခါဘဝကိုအစကနေ ပြန်စကြရတယ်” မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံများနှင့် ပြန်လည်ပေါင်းစည်းရေး စိန်ခေါ်မှုပြဿနာများအစီရင်ခံစာအား ထုတ်ပြန်လိုက်သည်။ ဤအစီရင်ခံစာအား နိုင်ငံရေးအကျဉ်းသားများ…

အေအေပီပီမှ ဧပြီလအတွက် နိုင်ငံရေးအကျဉ်းသားများအခြေအနေပြ လစဉ်အစီရင်ခံစာ နှင့် နိုင်ငံရေးအကျဉ်းသားမာျးစာရင်း

လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၆ ခုနှစ်၊ ဧပြီလကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင်များအ တွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၆၄ ဦး အကျဉ်းကျခံနေရ သည်။ လယ်သမား ၃ဝ ဦး အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၃၈ ဦးသည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေရပြီး ထိုထဲမှ ၄၃ ဦးသည် ထောင်တွင်းမှနေ၍ အမှုရင်ဆိုင်နေရသည်။ တစ်လအတွင်း သုံးသပ်ချက် ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၃၅ ဦးသည် သမ္မတ၏…

လွတ်ငြိမ်းသက်သာဖြင့် ပြန်လည်လွတ်မြောက်လာသည့် ၈၃ ဦးစာရင်း

နှစ်ဆန်းတစ်ရက်နေ့တွင် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား ၈၃ ဦး၏ အမည်စာရင်းကို အေအေပီပီအနေဖြင့် စုံစမ်းသိရှိရပါသည်။ ထို ၈၃ ဦးတွင် (ပြည်ထောင်)မှ လွတ်မြောက်ခဲ့သော ဦးမျိုးသူထွဋ် သည် ဧပြီလ ၈ ရက်နေ့ကတည်းက လွတ်မြောက်ခဲ့သူဖြစ်သည်။ ထို့အပြင် နေပြည်တော် ဝဲကြီးကျေးရွာမှ မြေယာပြဿနာဖြင့် ဖမ်းဆီးခံရပြီး ရဲဘက်စခန်းများမှ ပြန်လည်လွတ်မြောက်လာခဲ့သော ဦးတင်ဆန်း (ကိုးပင်သာစည်၊ ၊ ဦးတင်ငွေ(ကင်းသာ ၁)၊ ဦးမြင့်ဌေး(ကင်းသာ ၁)တို့သည် အေအေပီပီ မှတ်တမ်းများအရ ၂၂ ဇန်နဝါရီ ၂၀၁၆နေ့…

မတ်လအတွက် နိုင်ငံရေးအကျဉ်းသားအခြေအနေပြ လစဉ်အစီရင်ခံစာ

လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၆ ခုနှစ်၊ မတ်လကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၁ဝဦး အကျဉ်းကျခံ နေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၂၈ ဦးတို့သည် နိုင်ငံရေး လှုပ်ရှားမှု များကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင် နေရပါသည်။ တရား ရင်ဆိုင်နေရသော တက်ကြွလှုပ်ရှားသူ ၄၂၈ ဦးထဲမှ ၁၃ဝ ဦး သည် အကျဉ်းထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရသည်။ တလအတွင်းသုံးသပ်ချက် ၂၀၁၆ ခုနှစ်၊ မတ်လတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၉…