ဒီဇင်ဘာလ နိုင်ငံရေးအကျဉ်းသားများ အခြေအနေပြလစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားများစာရင်းထုတ်ပြန်ချက်
လက်ရှိအခြေအနေ အကျဉ်းချုပ်
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် မြန်မာနိုင်ငံ အကျဉ်း ထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၂၉ ဦး အကျဉ်းကျခံနေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၀၈ ဦးတို့ို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရား ရင်ဆိုင်နေရပါသည်။
တစ်လအတွင်း သုံးသပ်ချက်
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစု ပေါင်း ၄ ဦး ဖမ်းဆီးခံခဲ့ရသည်။ တက်ကြွ လှုပ်ရှားသူ ရ ဦး ပြစ် ဒဏ်ချမှတ် ခံခဲ့ရပြီး နိုင်ငံရေး အကျဉ်းသား ၆ ဦး ပြန်လည် လွတ် မြောက် လာခဲ့ပါသည်။ နိုင်ငံရေး အကျဉ်းသား ၁၉ ဦးမှာ ကျန်းမာရေး ဆိုးဝါးလျက်ရှိ ကြောင်း သိရှိရပါသည်။
သမိုင်းတွင်သော ရွေးကောက်ပွဲပြီး၍ တစ်လကြာပြီးနောက် ပြည် သူလူထုသည် နိုင်ငံရေး လှုပ်ရှားမှုများနှင့် ၎င်းတို့၏ အခွင့်အရေး များကို တောင်းဆိုခြင်းအတွက် ဆက်လက် ဖမ်းဆီးခံနေရ သည်။
ဒီဇင်ဘာလတွင်း ပထမဦးဆုံးအကြိမ်အဖြစ် Facebook စာမျက်နှာတွင် အစိုးရကို အသရေဖျက်သော ဓါတ်ပုံတင်ခဲ့သည်ဟု စွပ်စွဲခြင်းခံရပြီး နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်
ဒီဇင်ဘာလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်
နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် လူထုစုဝေးရန်ကိုလည်း ဦး ဆောင်စီစဉ်သူများကို အာဏာပိုင်များမှ မပြုလုပ်ရန် ဖိအားပေး၍ တားမြစ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ရှမ်းပြည်နယ်တွင် မြေယာ သိမ်းဆည်းမှုကို ဆန့်ကျင် ၍ ဆန္ဒပြပွဲကျင်းပခြင်းအတွက် ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသော လယ်သမား ၁၂ ဦး၏ အမှုကို ကြည့်ခြင်းဖြင့် သိမ်းဆည်းခံ လယ်မြေများ ပြန်လည်ရရှိရန် တောင်းဆို သော တောင်သူလယ်သမားများကို ဆန့်ကျင်သော ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ကန့်သတ်ထားမှုများဆက်လက်ရှိနေသည်
ဆက်သွယ်မေးမြန်းနိုင်ရန်
တိတ်နိုင် အတွင်းရေးမှူး +၆၆(၀)၈၁၂၈၇၈ ၇၅၁
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၉၅(၀) ၉၄၂၅၃ဝ ၈၈၄၀
လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း 131 remaining political prisoners (bur) 19 Jan 2016
အမှုရင်ဆိုင်နေရသူများစာရင်း 409 burmese version facing trial list Updated on 19 Jan 2016
သာယာဝတီထောင်တွင်း အဖမ်းခံနေရသည့် ကျောင်းသားနှင့် ဝန်းရံပြည်သူများစာရင်း LPT list in Tharawaddy prison and facing trial list (Bur)2016

