စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ်

ရက်စွဲ ဇန်နဝါရီလ ၆ ရက်၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုမှ အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း (၇၀၁၂) အား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြန်လည် လွှတ်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ AAPP မှ အဆိုပါ အကျဉ်းထောင်လွှတ်ပေးမှု အခြေအနေနှင့်ပတ်သက်၍ စောင့်ကြည့်မှတ်တမ်းတင်လျက်ရှိရာ လက်ရှိအချိန်ထိရရှိထား သော အချက်အလက်များအရ အကျဉ်းထောင် (၁၉) ခုထက်မနည်းမှ နိုင်ငံရေးအကျဉ်းသား (၃၀၀) ဝန်းကျင် လွတ်မြောက်လာကြောင်းသိရှိရသည်။…









