“နိုင်ငံတော်ကိုသတ်ဖြတ်ခြင်း”

စစ်တပ်အာဏာလုမှု တစ်နှစ်နှင့်ခြောက်လတာ မှတ်တမ်းဗီဒီယိုကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ စီစဉ်တင်ဆက်ပါသည်။ ဤမှတ်တမ်းဗီဒီယိုဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးကူညီခဲ့ကြသူများ၊ ဓာတ်ပုံ၊ဗီဒီယိုများ၏ မူရင်းပိုင်ရှင်များကိုလည်း ကျေးဇူးတင်ရှိပါသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ အကျဉ်းထောင်တွင်း၌ ထိန်းသိမ်းခံထားရသည့် သေဒဏ်ချမှတ်ခံထားရသူများစာရင်း

၂၇ ဇူလိုင် ၂၀၂၂ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ (၄) ဦးကို တရားလက်လွတ် သတ်ဖြတ်ခဲ့ပြီး တိကျသောထုတ်ပြန်မှုမျိုး မရှိခဲ့ပါ။ အကျဉ်းထောင်လက်စွဲဥပဒေအရဆိုလျှင် ဥပဒေပုဒ်မ ၁၀၂၇ အရ သေဒဏ်ကွပ်မျက်ခံရသူများအား မီးသဂြိုဟ်ခွင့်မရှိဘဲ သင်္ချိုင်းမြေနေရာများတွင် မှတ်တိုင်စိုက်ထူ၍ သေဆုံးသူ၏ အမည်၊ နေရပ်လိပ်စာနှင့် သေဆုံးသည့် နေ့ရက်တို့ကို ရေးသားဖော်ပြ၍ မြှုပ်နှံရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန်ပျက်ကွက်ခြင်းသည် လူသတ်အလောင်းဖျောက်ခြင်းမြောက်ပေသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အချက်အလက်မှတ်တမ်းပြုချက်အရ…

နိုင်ငံရေးအကျဉ်းသား (၄) ဦးကို တရားလက်လွတ် သေဒဏ်စီရင်ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ပြီးခဲ့သော သတင်းပတ်တွင် သေဒဏ်ပေးလိုက်ပြီးဖြစ်ကြောင်း  မြန်မာ့အလင်းသတင်းစာတွင်[1] ယနေ့ထုတ်ပြန်လိုက် သည့် သတင်းကြောင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်းအနေဖြင့် အထူးဝမ်းနည်း ကြေကွဲရပါသည်။ မတရားသဖြင့် တိုင်းပြည်အာဏာကို လုယူထားသည့် အကြမ်းဖက်စစ်အုပ်စုသည် ထိုနိုင်ငံရေးအကျဉ်းသား (၄) ဦးကို ဖမ်းဆီးခဲ့ပြီး ဥပဒေဘောင်မဝင်သော တရားရုံးတွင် စစ်ဆေးခဲ့ကြသည်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ နှိပ်စက်ခဲ့ကြပြီး အတင်းအကြပ် ဝန်ခံထွက်ခိုင်းစေမှုများ လုပ်ခဲ့ကြသည်။ အကျဉ်းဦးစီးဌာနနှင့်…

အကြမ်းဖက်စစ်အုပ်စု တာဝန်ခံရမည့် ရာဇဝတ်မှုခင်းများ

နိုင်ငံတကာဥပဒေ၏ အခြေခံနှုန်းစံများအားဖေါက်ဖျက်သည့်ရာဇဝတ်မှုများအတွက် အကြမ်းဖက် စစ်အုပ်စုခေါင်းဆောင်များ၏ ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေခြင်းကို တားဆီးရပ်တန့်ရန် ဤအစီရင်ခံစာက ရည်ရွယ်ပါသည်။ ပြည်သူလူထုကို တရားဝင်ကိုယ်စားပြုသော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် လက်ရှိတွင် ပြည်တွင်းတရားရုံးများကို လွတ်လပ်စွာ လုပ်ငန်းလည်ပတ်စေနိုင်သည့် အခြေအနေ မရှိသေးရာ၊ ရောမစာချုပ်၏ ပုဒ်မ ၁၂(၃) အရ နိုင်ငံတကာရာဇဝတ်ခုံရုံး တရားခွင်တွင် ICC ၏ စီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့်အတွက်၊ ၂၀၀၂…

သေဒဏ်ချမှတ်ထားသော နိုင်ငံရေးအကျဉ်းသား ၄ ဦးအား သေဒဏ်စီရင်ရေး အတည်ပြုခြင်းနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်

ရက်စွဲ။ ။ ဇွန်လ ၆ ရက်၊ ၂၀၂၂ ခုနှစ် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ ၄ ဦးအား အကြမ်းဖက်စစ်အုပ်စု၏ စစ်ခုံရုံးက ချမှတ်ခဲ့သည့် သေဒဏ်ကို အတည်ပြုလိုက်ပြီး ကွပ်မျက်ရန် ဆောင်ရွက်နေပြီဟု စစ်အုပ်စုမှ ဇွန်လ ၃ ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။ သို့သော်လည်း ထိုသူများကို မည်သည့် စစ်ခုံရုံး၊ မည်သည့်နေရာတွင် အမှုကို ကြားနာခဲ့ကြောင်းနှင့် အမိန့်ချမှတ်ခဲ့ကြောင်းကို သက်ဆိုင်ရာ မိသားစုများထံသို့ပင် အသိပေးခြင်း…

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၈) နှစ်ပြည့် အပြာရောင်လှုပ်ရှားမှု

ဧပြီလ ၂၁ ရက်နေ့၊ ၂၀၂၂ ခုနှစ် ယနေ့ ဧပြီလ ၂၁ ရက်နေ့သည် နိုင်ငံရေးအကျဉ်းသားဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-နာယက၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခဲ့တာ ၈နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။ မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်အောက်မှ လွတ်မြောက်ရေးအတွက် ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သည့် ဆရာကြီးအား စစ်အာဏာရှင်တို့က မတရားအမှုဆင်ကာ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သည်။ ဆရာကြီးသည် အကျဉ်းထောင်တွင်း နေထိုင်စဉ် ကာလတလျှောက်တွင်လည်း အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုများ တောက်လျှောက်ခံခဲ့ရသည်။ အိမ်ခန်းက ဖယ်ပေးခဲ့ရ သည်။…

မိသားစု အသိုက်အမြုံ အလုံးစုံ ဖျက်ဆီးခြင်း အာဏာလု စစ်အုပ်စုမှ ပြည်သူ့ ပိုင်ဆိုင်မှုများကို တရားမဲ့ သိမ်းပိုက်ခြင်း

၄-ဧပြီ-၂၀၂၂ အကြမ်းဖက်စစ်အုပ်စုသည် အာဏာကိုမတရားလုယူချိန်ကတည်းက နေ့စဉ်နှင့်အမျှ ပြည်သူလူထု၏ အသက် အိုးအိမ်၊ စည်းစိမ်ကို ခြိမ်းခြောက်၊ အနိုင်ကျင့်၊ ဖျက်ဆီးမှုများ ပြုလုပ်နေခဲ့ရာ လက်ရှိအချိန်တွင် အကြမ်းဖက် မှုများမှာ ပိုမိုအရှိန်မြှင့် ဆိုးရွားရက်စက်လာလျက်ရှိသည်။ စစ်အုပ်စုအနေဖြင့် နယ်မြေစိုးမိုးရေးလုပ်ငန်းစဉ်ဟု အကြောင်းပြကာ အဆမတန် အင်အားသုံး၍ စစ်ရေးအရှိန် မြှင့်တင်ဆောင်ရွက်လျက်ရှိသလို တစ်ဖက်တွင်လည်း ပြည်သူများကို အကြောက်တရားလွှမ်းခြုံနေစေရေး အတွက် လူမဆန်သောနည်းလမ်းပေါင်းစုံအသုံးပြုလျက်ရှိသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လက်လှမ်းမီသမျှ ကောက်ယူရရှိထား သော အချက်အလက်များအရ မတရားအာဏာလုရန်ကြိုးပမ်းချိန်ကတည်းက မတ်လ (၃၁)၊…

မတရားစစ်အာဏာလုချိန်မှ အစပြု၍ ရင်ဆိုင်နေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ စစ်ကြောရေး၊ တရားစီရင်ရေးနှင့် အကျဉ်းစံ အတွေ့အကြုံများ

ယနေ့ မတ် ၂၃ ရက်နေ့၊ ၂၀၂၂ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) စတင် ဖွဲ့စည်း ထူထောင်ခဲ့သည်မှာ (၂၂) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ စတင်ထူထောင်ချိန်မှစ၍ ၂၂ နှစ်တာကာလအတွင်း AAPP အနေဖြင့် နိုင်ငံရေးအကျဉ်းသားအရေး၊ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အစဉ်တစိုက်လေ့လာစောင့်ကြည့် မှတ်တမ်းတင်မှုများ၊ ထုတ်ပြန်မှုများကို ပြုလုပ်ခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့၊ ၂၀၂၁ ခုနှစ် စစ်အုပ်စု၏ မတရားအာဏာလုယူမှုနောက်ပိုင်း မြန်မာနိုင်ငံ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များ၏ အခြေအနေမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားလာခဲ့သည်ကို…

အကျဉ်းထောင်ထဲမှ လူမဆန်သော ဘဝများ

လက်ရှိမြန်မာနိုင်ငံမှာ  တစ်နိုင်ငံလုံးအနှံ့ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာဖြစ်ပါတယ်။ အဲဒီထဲကမှ ကမ္ဘာကရော၊ နိုင်ငံကရော၊ လူ့လောကတစ်ခုလုံးကပါ လူမသိသူမသိ ချိုးဖောက်ခံနေရဆုံးနေရာက အကျဉ်းထောင်တွေဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ နည်းမျိုးစုံနဲ့ပါဝင်ပြီး အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း အကျဉ်းထောင်ထဲ ရောက်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အာဏာရှင်ရဲ့ လက်ပါးစေ ထောင်အာဏာပိုင်များမှ နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်နေကြပါတယ်။ အဆိုပါဖြစ်ရပ်တွေကို အခြေခံပြီး အကျဉ်းထောင်တွေထဲက လူ့အခွင့်အရေး ချိုးဖောက်အခံရဆုံး အဖြစ်အပျက်တွေကို အများပြည်သူ သိရှိနိုင်အောင် ဖော်ထုတ်ဖို့အတွက် ရည်ရွယ်ပြီး “The International Day For The Right To…

နွေဦးတော်လှန်ရေးဝက်ဘ်ဆိုက်မိတ်ဆက်

အေအေပီပီမှ မှတ်တမ်းတင်လျက်ရှိသည့် နွေဦးတော်လှန်ရေးကာလအတွင်း အဖမ်းအဆီး၊ ကျဆုံး စသည့်သတင်းအချက်အလက်များနှင့် နေ့စဉ်ထုတ်ပြန်ချက်များကို အောက်ဖော်ပြပါ လင့်တွင် အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။