အာဏာသိမ်း ရက် ၂၀ဝ အတွင်း စစ်အုပ်စုက အပြစ်မဲ့ပြည်သူ ၁၀၀ဝ ကျော် သတ်ဖြတ်

၂၁-ဩဂုတ်-၂၀၂၁ တိုင်းပြည်အချုပ်အခြာအာဏာကို မတရားသဖြင့် အနိုင်ကျင့်လုယူထားသည့် အကြမ်းဖက်စစ်တပ်ကို ဆန့် ကျင်၍ ဒီမိုကရေစီပြန်လည်ရှင်သန်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက ကြိုးပမ်းဆောင်ရွက်ရာတွင် စစ်တပ်၏လူမဆန်သော ရက်စက်ရမ်းကားမှုများကြောင့် ကျဆုံးသွားခဲ့ရသည့် အရပ်သားပြည်သူအရေ အတွက်မှာ အာဏာသိမ်းမှုရက်ပေါင်း ၂၀ဝ ပြည့်ချိန်တွင် (၁၀၀၇) ဦး ရှိလာခဲ့ပြီဖြစ်သည်။ အရေအတွက်ကို အချိုးချကြည့်လျှင် အပြစ်မဲ့အရပ်သားပြည်သူများမှာ အကြမ်းဖက်စစ်တပ်ကြောင့် တစ်ရက်လျှင် ပျမ်းမျှ (၅) ဦးနှုန်း မတရားသတ်ဖြတ်ခြင်းခံနေရသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ယခင်ကတည်းက အချက်အလက်ကောက်ယူမှုများ ပြုလုပ်လျက်ရှိခဲ့သလို စစ်တပ် အာဏာသိမ်းမှုဖြစ်ပေါ်လာသည့်အချိန်၌လည်း…

ကနီဒေသ တဝိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ

၁၈-ဩဂုတ်-၂၀၂၁ မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၇၀) ကျော်ကြာ ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်း တိုင်းရင်းသားပြည်သူ အများစု မှာ စစ်အုပ်စု၏ နယ်မြေရှင်းလင်းရေးမူဝါဒအောက်တွင် မတရား ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ တရားမဲ့ သတ်ဖြတ် ခံရခြင်း၊ အဓမ္မပြုကျင့်ခံရခြင်း၊ မြို့ရွာများကို မီးရှို့ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း၊ အတင်းအကြပ် နေရာရွှေ့ပြောင်းခံရခြင်း စသည်များကို ခံစားနေရကြရသည်။ ထိုအခြေအနေများကို နိုင်ငံတဝှမ်းရှိ လူ့အခွင့် အရေးအဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ အစဉ်တစိုက် ထောက်ပြခဲ့ပြီး စစ်အုပ်စုအားအရေး ယူရန် တိုက်တွန်းချက်များ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။ ကုလသမဂ္ဂမှလည်း အချက်အလက်ရှာဖွေရေးအဖွဲ့ကို…

အာဏာသိမ်းမှု၊ ကပ်ရောဂါနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ

၂၃-ဇူလိုင်-၂၀၂၁ စစ်အာဏာရှင်ကို ရင်ဆိုင်တိုက်ထုတ်နေရသည့် မြန်မာနိုင်ငံသည် ကမာ္ဘလုံးအနှံ့ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါ၏ တတိယလှိုင်းဒဏ်ကို အလူးအလဲခံစားနေရလျက်ရှိသည်။ ယခင် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် အရပ်သားအစိုးရ၏ ဦးဆောင်မှုအောက်၌ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ လုပ်အားပေးများ၊ စေတနာရှင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သလို အရှေ့တောင် အာရှနိုင်ငံများတွင် ရောဂါကာကွယ်ဆေး အစောဆုံးရရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ခဲ့သည်။ ထို့အပြင် ကပ်ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ အကောင်းမြင် အသိအမှတ်ပြုခြင်းလည်း ရရှိခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ ပြည်သူ့ရွေးကောက်ခံအမတ်များ လွှတ်တော်တက်ရမည့်နေ့တွင် စစ်တပ်မှ…

အင်းစိန်အကျဉ်းထောင်တွင်း ဆန္ဒပြပွဲနှင့်ပတ်သက်၍ အရေးပေါ်ထုတ်ပြန်ချက်

၂၃၊ ဇူလိုင်၊ ၂၀၂၁ ယနေ့ ဇူလိုင် (၂၃) ရက် နံနက် ၈ နာရီခန့်အချိန်တွင် အင်းစိန်အကျဉ်းထောင်တွင်းမှ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့်ပတ်သက်သော ကြွေးကြော်သံများဟစ်ကြွေး၍ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ကြောင်း ကြားသိရသည်။ စစ်အာဏာသိမ်းမှုဖြစ်စဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်း ထားသူများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့်အတွက် ဖမ်းဆီးခံထားရသူများကို ထိန်းသိမ်းထားသော အင်းစိန်သီးသန့်ထောင်၏ အမျိုးသမီးဆောင်မှ စတင်၍ ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပြီးနောက် အကျဉ်းထောင်တစ်ခုလုံး ပူးပေါင်းပါဝင်ကာ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတချို့လည်း အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့ကြသည်ဟု သိရှိရသည်။ လက်ရှိအချိန်တွင် အကျဉ်းထောင်အတွင်းသို့…

အကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ အခြေအနေ

၁၆-ဇူလိုင်-၂၀၂၁ မြန်မာပြည်တစ်ဝှမ်း၌ ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ လျင်မြန်စွာ ကူးစက်ပြန့်ပွားလျက်ရှိ သောကြောင့် လူမှုအသိုင်းအဝိုင်းကို အလွန်အမင်း ထိခိုက်မှုဖြစ်ပေါ်လျက်ရှိသည်။ ယခုအခြေအနေတွင် အကြမ်းဖက် စစ်အုပ်စုသည် လက်နက်များကို အသုံးပြုရန်မလိုဘဲ ထိုသေစေလောက်သောရောဂါကို ပြန့်နှံ့စေခြင်းအားဖြင့် ပြည်သူများ အသက်ဆုံးရှုံးကြရာမှ ၎င်းတို့အတွက် အကျိုးဖြစ်ထွန်းလျက်ရှိသည်။ ထောင်နှင့်ချီသောပြည်သူများသည် အောက်ဆီဂျင် လုံလောက်စွာ မရရှိခြင်းကြောင့် သေဆုံးနေကြရသည့်အချိန်တွင် အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူများမှာ အောက်စီဂျင်ကို မလိုအပ်ဘဲ သိုလှောင်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ တစ်ဖက်တွင်လည်း အကြမ်းဖက်စစ်အုပ်စုမှ အောက်စီဂျင် ဖြည့်တင်းပေးသည့် စက်ရုံများအား ရပ်ဆိုင်းထားရန် ညွှန်ကြားထားသည်။ လူမှုကယ်ဆယ်ရေးအသင်းများမှာ…

ဥပဒေမဲ့ ခြိမ်းခြောက်ခြင်းကို ရင်ဆိုင်နေရသော ဥပဒေအကျိုးဆောင်များ

ဇူလိုင်လ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ တရားမျှတမှုအတွက် ကိုယ်စားပြုဆောင်ကျဉ်းပေးနေသော်လည်း မိမိကိုယ်တိုင် တရားမျှတမှုနှင့် အလှမ်းဝေး နေဆဲဖြစ်ပြီး တရားဥပဒေစိုးမိုးမှုကင်းမဲ့နေသည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသော လူတန်းစားတစ်ရပ် မြန်မာနိုင်ငံတွင် ရှိနေသည်။ တိုင်းပြည်အာဏာကို စစ်တပ်က သုံးကြိမ်မြောက် ပြောင်ပြောင်တင်းတင်း နိုင့်ထက်စီးနင်းရယူသွားပြီးသည့် နောက် ထောင်ပေါင်းများစွာသော ရဟန်းရှင်လူပြည်သူများမှာ တရားလက်လွတ်ဖမ်းဆီးခံရခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်း၊ အသက်သေဆုံးသည်အထိ အဆိုးဝါးဆုံး ရက်စက်ကြမ်းကြုတ်မှုများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင် ကြုံတွေ့ရလျက်ရှိနေသည်။ ထိုကဲ့သို့ ဖမ်းဆီးမှုများ၊ ဥပဒေမဲ့ ခြိမ်းခြောက်မှုများကို အများပြည်သူနည်းတူ ခံစားနေ…

မတရားဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

ဇွန်လ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်၊ ယနေ့နံနက်တွင် အာဏာသိမ်းစစ်အုပ်စုက အကျဉ်းထောင်များမှ ဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသား ၂၃၄၂ ဦးအားလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ စစ်အုပ်စုအနေဖြင့် အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးခြင်းနှင့် အကြမ်းဖက်မှုများအား မူတစ်ခုအနေဖြင့် အသုံးပြုလျှက်ရှိသည်။ ပြန်လည်လွတ်မြောက်လာသူများမှာလည်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများ စွဲကပ် ပါလာမည် ဖြစ်သည်။ သို့သော် ယနေ့ဖြစ်ပေါ်နေသော မတရားမှုများနှင့် ခံစားနေရသော ဆင်းရဲဒုက္ခများကို အသိအမှတ်ပြု၍ ထုတ်ဖော်ပြောဆိုခြင်း၊ ပြန်လည်ပေးလျော်ခြင်း၊ အရေးယူခြင်းများ လုံးဝမရှိပါ။ ထိန်းသိမ်းခံများကို ပြန်လည် လွှတ်ပေးခြင်းမှာ စစ်အုပ်စုအနေဖြင့်…

မြန်မာစစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်ခြင်းသည် နိုင်ငံတကာ ရာဇဝတ်မှုတစ်ခုဖြစ်သည်- ထိုလုပ်ရပ်အား လုံးဝ ရပ်တန့်ရမည်။

ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ ဇွန်လ ၂၆ ရက်၊ ၂၀၂၁ ခုနှစ် ယနေ့ကျရောက်သော ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့တွင် မိမိတို့အနေဖြင့် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်လှသော ညှဉ်းပန်းနှိပ်စက်မှုများကို အမြန်ဆုံးရပ်တန့်ရန်နှင့် တရားမျှတမှုအတွက် ကျူးလွန်သူများကို အပြစ်ပေး အရေးယူရန် တောင်းဆိုပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ AJAR နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အပိုင်း ၅ ပိုင်းပါသော ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့်မည်ဖြစ်သည်။ (AJAR ၏ YouTube channel ((click here))၊…

အာဏာသိမ်း စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် သွေးမြေကျခဲ့သည့် ကလေးသူငယ်များ

ဇွန်လ ၂၅ ရက်၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီလက မတရားလုယူ သိမ်းပိုက်ပြီးချိန်မှစ၍ အာဏာသိမ်းစစ်အုပ်စုသည် အပြစ်မဲ့ ပြည်သူများကို နည်းအမျိုးမျိုးဖြင့် ဖမ်းဆီး၊ နှိပ်စက်၊ ပစ်သတ်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်လျှက်ရှိသည်။ ထိုအထဲတွင် လူမမယ် ကလေးငယ်များအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးသူငယ်လည်းများစွာ ပါဝင်ခဲ့သည်။ အေအေပီပီ၏ လက်လှမ်းမီသလောက် ကောက်ယူမှတ်တမ်းတင်ထားသော စာရင်းအရ စစ်အာဏာသိမ်း သည့်နေ့မှ ယနေ့အထိ အသက် ၁၈နှစ်နှင့် ၁၈ နှစ်အောက် ကလေး စုစုပေါင်း…

အာဏာသိမ်းစစ်အုပ်စု၏ ရမ်းကား ပစ်ခတ်မှုများအောက် အသက်ဆုံးရှုံးနေရမှုများ

ဇွန်လ ၁၈ ရက်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသိမ်းယူချိန်မှစ၍ နိုင်ငံတွင်းရှိ အများပြည်သူများ၏ လုံခြုံရေးမှာ လုံးဝ ကင်းမဲ့သွားခဲ့သည်။ နိုင်ငံအနှံ့တွင်စစ်အုပ်စု လက်ကိုင်တုတ်များဖြစ်သည့် စစ်သားနှင့်ရဲများ၏ လက်နက်အားကိုးဖြင့် ရမ်းကား ပစ်ခတ်မှုများကြောင့် ကလေးများ၊ သက်ကြီးရွယ်အိုများအပါအဝင် မြောက်မြားစွာသော အပြစ်မဲ့ ပြည်သူများ အသက်ဆုံးရှုံးခဲ့ကြရသည်။ ထို့ပြင် ထိုသို့ စိတ်ထင်တိုင်း ရမ်းကား ပစ်ခတ်မှုများသည် လမ်းပန်းဆက်သွယ်မှု၊ သတင်းရယူနိုင်မှု ဝေးကွာသော တိုင်းရင်းသားဒေသများတွင် ပို၍များပြားစွာ တွေ့ရှိရသည်။ ကချင်၊…