အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၃ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်ဖြစ်ပါသည်။

ဂရပ်များတွင်ဖေါ်ပြထားသော ရာခိုင်နှုန်းများသည် စုစုပေါင်းအဖမ်းဆီးခံ၊ အသတ်ဖြတ်ခံအရေအတွက်မှ သက်ဆိုင်ရာအကြောင်းအရာအလိုက် တွက်ချက်ရယူထားသည့် ဖေါ်ပြချက်ဖြစ်သည်။ စုစုပေါင်း သေဆုံး ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။ စုစုပေါင်း အဖမ်းအဆီး ဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။ ထိန်းသိမ်းခံနေရဆဲ ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။ ရာခိုင်နှုန်း ဆိုသည်မှာ စုစုပေါင်းအဖမ်းအဆီးနှင့် သေဆုံးအရေအတွက်မှ တွက်ချက်ရယူထားသည့် ဖော်ပြချက်။

စစ်အုပ်စု၏ ဖမ်းဆီးပြီးနောက် သတ်ဖြတ်မှုများ

ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၁ ခုနှစ်မှ အစပြုခဲ့သည့် အဓမ္မအာဏာလုမှုကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်အုပ်စု၏ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ (၁၀၇၀) ဦးရှိလာပြီဖြစ်သည်။ ဖမ်းဆီးပြီးနောက်သတ်ဖြတ်ခံရသူများဟုဆိုရာတွင် စစ်အုပ်စုမှ ဖမ်းဆီးအကျဉ်းချ သို့မဟုတ် အတင်းအဓမ္မ ခေါ်ဆောင်ခြင်းခံရပြီးနောက် ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့သောသူများကို ဆိုလိုခြင်းဖြစ်သည်။ ဤထုတ်ပြန်ချက်ပါ အချက်အလက်ကိန်းဂဏန်းများမှာ ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ ခုနှစ်မှ မတ်လ ၃ ရက် ၂၀၂၃ အထိ AAPP မှ ကောက်ယူမှတ်တမ်းတင်ထားသည့် အချက်အလက်များကို အခြေခံထားခြင်းဖြစ်ပြီး မြေပြင်၌ဖြစ်ပွားနေသည့်…

တရားမျှတမှုအတွက် တာဝန်ခံမှု- မြန်မာနိုင်ငံတွင် စစ်တပ်၏ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများကို နိုင်ငံတကာ၏ ပြန်လည်အာရုံစိုက်မှု အရေးတကြီးလိုအပ်ချက် အစီရင်ခံစာ

၂၃-မတ်-၂၀၂၃ ဤအစီရင်ခံစာတွင် အေအေပီပီသည် မအောင်မြင်သော စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်မှစ၍ မြန်မာနိုင်ငံတွင် စစ်တပ် ၏ လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများဆိုင်ရာ အထောက်အထားများကို ၂၀၂၂ ခုနှစ်အတွင်းဖြစ်ရပ်များကို အဓိကထား အသေးစိတ်ဖော်ပြထားသည်။ ဤအစီရင်ခံစာထုတ်ပြန်ခြင်းအပေါ် အေအေပီပီ၏ အတွင်းရေးမှူး ဦးတိတ်နိုင်မှ “အဖွဲ့အစည်း ထူထောင်ခဲ့တဲ့ ၂၃ နှစ်တာ ကာလအတွင်း အေအေပီပီဟာ လူ့အခွင့်အရေး ကျူးလွန်မှုအမှုပေါင်းများစွာကို သက်သေ အထောက်အထားခိုင်လုံစွာနဲ့ ကောက်ယူမှတ်တမ်းတင်ခဲ့ပါတယ်။ သို့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြန်မာ စစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများဟာ…

လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် မှတ်တမ်းတင်ခြင်းဆိုင်ရာ တင်ပြဆွေးနွေးချက်များ (၃)

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာကတည်းက စစ်အုပ်စု၏ အကြမ်းဖက်ရက်စက်ရမ်းကားမှုများကို ပြည်သူတို့ မချိမဆန့်ခံခဲ့ကြရသည်။ လူ့အခွင့်အရေးချိုးဖောက်မှုကို မည်သူကမှ မည်သည့်ချွင်းချက်ဖြင့် ကျူးလွန်ခွင့်မရှိပေ။ ထို့ကြောင့် တရားမျှတမှုပေါ်ထွန်းလာစေရန်၊ နစ်နာခံစားရသူများကို ပြန်လည်ကုစားနိုင်ရန်၊ ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရဓလေ့ကို တိုက်ဖျက်ရန်အတွက် တိကျခိုင်မာသော သက်သေအထောက်အထားများအား စနစ်တကျစုဆောင်းမှတ်တမ်းတင်နိုင်သည့် Citizen Human Rights Documenter များ ပေါ်ထွက်လာစေရေးရည်ရွယ်လျက် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်သော ဗီဒီယိုများကို တင်ဆက်လိုက်ရပါသည်။ ယခုတစ်ပတ်မှာတော့ အချက်အလက်မှတ်တမ်းတင်သူများအနေဖြင့် မဖြစ်မနေလိုက်နာစောင့်ထိန်းရမည့် စည်းမျဉ်းများ၊ မူများအကြောင်းကို ဆက်လက်ဆွေးနွေးသွားမှာဖြစ်သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် မှတ်တမ်းတင်ခြင်းဆိုင်ရာ တင်ပြဆွေးနွေးချက်များ(၂)

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာကတည်းက စစ်အုပ်စု၏ အကြမ်းဖက်ရက်စက်ရမ်းကားမှုများကို ပြည်သူတို့ မချိမဆန့်ခံခဲ့ကြရသည်။ လူ့အခွင့်အရေးချိုးဖောက်မှုကို မည်သူကမှ မည်သည့်ချွင်းချက်ဖြင့် ကျူးလွန်ခွင့်မရှိပေ။ ထို့ကြောင့် တရားမျှတမှုပေါ်ထွန်းလာစေရန်၊ နစ်နာခံစားရသူများကို ပြန်လည်ကုစားနိုင်ရန်၊ ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရဓလေ့ကို တိုက်ဖျက်ရန်အတွက် တိကျခိုင်မာသော သက်သေအထောက်အထားများအား စနစ်တကျစုဆောင်းမှတ်တမ်းတင်နိုင်သည့် Citizen Human Rights Documenter များ ပေါ်ထွက်လာစေရေးရည်ရွယ်လျက် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်သော ဗီဒီယိုများကို တင်ဆက်လိုက်ရပါသည်။ ယခုတစ်ပတ်၌ ဒုတိယပိုင်းအနေဖြင့် ဘာကြောင့်မှတ်တမ်းတင်ရသလဲ၊ ဘာတွေကိုမှတ်တမ်းတင်ရမလဲဆိုသည့် အကြောင်းအရာများကို တင်ပြဆွေးနွေးထားပါသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်ဖြစ်ပါသည်။

*ဂရပ်များတွင်ဖေါ်ပြထားသော ရာခိုင်နှုန်းများသည် စုစုပေါင်းအဖမ်းဆီးခံ၊ အသတ်ဖြတ်ခံအရေအတွက်မှ သက်ဆိုင်ရာအကြောင်းအရာအလိုက် တွက်ချက်ရယူထားသည့် ဖေါ်ပြချက်ဖြစ်သည်။* စုစုပေါင်း သေဆုံး ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။ စုစုပေါင်း အဖမ်းအဆီး ဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။ ထိန်းသိမ်းခံနေရဆဲ ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။ ရာခိုင်နှုန်း ဆိုသည်မှာ စုစုပေါင်းအဖမ်းအဆီးနှင့် သေဆုံးအရေအတွက်မှ တွက်ချက်ရယူထားသည့် ဖော်ပြချက်။

လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် မှတ်တမ်းတင်ခြင်းဆိုင်ရာ တင်ပြဆွေးနွေးချက်များ(၁)

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာကတည်းက စစ်အုပ်စု၏ အကြမ်းဖက်ရက်စက်ရမ်းကားမှုများကို ပြည်သူတို့ မချိမဆန့်ခံခဲ့ကြရသည်။ လူ့အခွင့်အရေးချိုးဖောက်မှုကို မည်သူကမှ မည်သည့်ချွင်းချက်ဖြင့် ကျူးလွန်ခွင့်မရှိပေ။ ထို့ကြောင့် တရားမျှတမှုပေါ်ထွန်းလာစေရန်၊ နစ်နာခံစားရသူများကို ပြန်လည်ကုစားနိုင်ရန်၊ ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရဓလေ့ကို တိုက်ဖျက်ရန်အတွက် တိကျခိုင်မာသော သက်သေအထောက်အထားများအား စနစ်တကျစုဆောင်းမှတ်တမ်းတင်နိုင်သည့် Citizen Human Rights Documenter များ ပေါ်ထွက်လာစေရေးရည်ရွယ်လျက် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်သော ဗီဒီယိုများကို တင်ဆက်လိုက်ရပါသည်။ ယခုတစ်ပတ်၌ ပထမပိုင်းအနေဖြင့် လူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာများကို တင်ပြဆွေးနွေးထားပါသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်ဖြစ်ပါသည်

*ဂရပ်များတွင်ဖေါ်ပြထားသော ရာခိုင်နှုန်းများသည် စုစုပေါင်းအဖမ်းဆီးခံ၊ အသတ်ဖြတ်ခံအရေအတွက်မှ သက်ဆိုင်ရာအကြောင်းအရာအလိုက် တွက်ချက်ရယူထားသည့် ဖေါ်ပြချက်ဖြစ်သည်။* “စုစုပေါင်း သေဆုံး” ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။ “စုစုပေါင်း အဖမ်းအဆီး” ဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။ “ထိန်းသိမ်းခံနေရဆဲ” ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။ “ရာခိုင်နှုန်း” ဆိုသည်မှာ စုစုပေါင်းအဖမ်းအဆီးနှင့် သေဆုံးအရေအတွက်မှ တွက်ချက်ရယူထားသည့် ဖော်ပြချက်။

အကြမ်းဖက် စစ်အုပ်စုမှ နိုင်ငံတော်အာဏာကို အဓမ္မလုယူမှု (၂) နှစ်ပြည့် ထုတ်ပြန်ချက်

ဖေဖေါ်ဝါရီလ ၁ ရက်၊ ၂၀၂၃ ခုနှစ် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့သည်   မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူတို့၏ ဆန္ဒအစစ် အမှန်ဖြင့် ရွေးကောက်တင်မြောက်ထားသော အရပ်သားအစိုးရ၏ နိုင်ငံတော်အာဏာကို မတရားအာဏာလုယူ သည်မှာ (၂) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ အကြမ်းဖက်စစ်တပ်သည် အာဏာလုယူသည့်နေ့မှစ၍ အပြစ်မဲ့ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ ပစ္စည်းဥစ္စာများကို လုယူခြင်း၊ သိမ်းဆည်းခြင်း၊ မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်းစသည့် ရက်စက်ကြမ်းကြုတ်မှု တို့ကို…

ပုသိမ်အကျဉ်းထောင်အတွင်း မတရားညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းအပေါ် ထုတ်ပြန်ချက်

ရက်စွဲ။       ။ ဇန်နဝါရီ ၈၊ ၂၀၂၃။ ပုသိမ်အကျဉ်းထောင်အတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများနှင့် ထောင် အာဏာပိုင်တို့ကြား  ပြဿနာြဖစ်ခဲ့ပြီး ထောင်အာဏာပိုင်တို့ဘက်မှ လူကိုသေစေနိုင်သည့် လက်နက်များဖြင့် ပစ်ခတ်ခြင်း၊ အသံဗုံးခွဲခြင်း၊ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လက်ပြန်ကြိုးတုပ်ပြီးအပြင်းအထန်ရိုက်နှက်ခြင်း တို့ကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံးတစ်ဦး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားအများအပြား အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ထိုလုပ်ရပ်များသည် အကျဉ်းထောင်လုပ်ထုံးလုပ်နည်း များကို ကျော်လွန်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး  မတရား ညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းဖြစ်သည့်…