အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်ဖြစ်ပါသည်။

  ဂရပ်များတွင်ဖေါ်ပြထားသော ရာခိုင်နှုန်းများသည် စုစုပေါင်းအဖမ်းဆီးခံ၊ အသတ်ဖြတ်ခံအရေအတွက်မှ သက်ဆိုင်ရာအကြောင်းအရာအလိုက် တွက်ချက်ရယူထားသည့် ဖေါ်ပြချက်ဖြစ်သည်။ ‘စုစုပေါင်း သေဆုံး’ ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။ ‘စုစုပေါင်း အဖမ်းအဆီး’ ဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။ ‘ထိန်းသိမ်းခံနေရဆဲ’ ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။ ‘ရာခိုင်နှုန်း’ ဆိုသည်မှာ စုစုပေါင်းအဖမ်းအဆီးနှင့် သေဆုံးအရေအတွက်မှ တွက်ချက်ရယူထားသည့် ဖော်ပြချက်။        …

မြန်မာပြည်ကိုသတိရကြပါ

ဒီမိုကရေစီနှင့် လွတ်လပ်မှုရှိသော မြန်မာနိုင်ငံပေါ်ထွန်းလာရန်ဆိုသည့် ရေရှည်ပန်းတိုင်တစ်ခုအတွက် နေ့စဉ်မတရားမှုကို ခေါင်းငုံ့မခံဘဲ တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့ကြသည့် မြန်မာနိုင်ငံမှ သူရဲကောင်းအားလုံးအတွက် MyanmarAccountabilityProject နှင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ လှုပ်ရှားမှုတစ်ခုအနေဖြင့် ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးဆပ်ခဲ့ကြသော သူရဲကောင်းများကို အမှတ်ရအောက်မေ့စွာဖြင့် ပုံဖော်တင်ဆက်လိုက်ပါသည်။ #RememberBurma

မြန်မာနိုင်ငံ၏လိုအပ်နေသော စိတ်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ

ဤရှင်းလင်းချက်စာတမ်းသည် လူထုအပေါ် စစ်အာဏာရှင်တို့၏ မကြုံစဖူးရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုအခြေအနေများကို ရှုမြင်ခြင်းဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ စိတ်ကျန်းမာရေးအတွက် ရေရှည်ဂယက်ရိုက်ခတ်မှုဆိုင်ရာ အထောက်အထားများ၏ အကျဉ်းချုပ်ကို ဖော်ပြ ပေးထားပါသည်။ ထို့ပြင် COVID-19 ကူးစက်ကပ်ရောဂါကို ဇီဝလက်နက်သဖွယ် အသုံးပြုခြင်း ကိုလည်း ဖော်ပြထားပါသည်။   ဤရှင်းလင်းချက်စာတမ်းသည် အေအေပီပီမှ ပြုစုထားသော အချက်အလက်များ၊ ပညာရှင်များ၏ စာတမ်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများကို တွေ့ဆုံမေးမြန်းခြင်းများအား အခြေခံ ၍ ဖော်ပြ ပါသည်။ စစ်အာဏာရှင် တို့၏ လက်နက်ကိုင်အဖွဲ့များကြောင့် ကြုံတွေ့ ခံစားခဲ့ရသော မလုံခြုံမှု၊ ကျယ်ကျယ်ပြန့်ပြန့်ထိုးစစ်ဆင်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အိုးအိမ် စွန့်ခွါရမှုများမှသည် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု (စိတ်ဒဏ်ရာ) ၏ ပြင်းထန်သော အကျိုးဆက်များ နှင့် လူမှုအသိုင်းအဝိုင်းများကြားတွင် ဆက်လက်ဖြစ်ပေါ်နေသော စိတ်ဆင်းရဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊…

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်ဖြစ်ပါသည်။ *ဂရပ်များတွင်ဖေါ်ပြထားသော ရာခိုင်နှုန်းများသည် စုစုပေါင်းအဖမ်းဆီးခံ၊ အသတ်ဖြတ်ခံအရေအတွက်မှ သက်ဆိုင်ရာအကြောင်းအရာအလိုက် တွက်ချက်ရယူထားသည့် ဖေါ်ပြချက်ဖြစ်သည်။* ‘စုစုပေါင်း သေဆုံး’ ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။ ‘စုစုပေါင်း အဖမ်းအဆီး’ ဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။ ‘ထိန်းသိမ်းခံနေရဆဲ’ ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။ ‘ရာခိုင်နှုန်း’…

နိုဝင်ဘာ ၁၇ ရက် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုနှင့်ပတ်သက်၍ နောက်ဆုံးရအခြေအနေ ထုတ်ပြန်ကြေညာချက်

၂၁ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၂ ၂၀၂၂၊ နိုဝင်ဘာ ၁၇ နေ့တွင် အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း (၅၇၇၄) အား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြန်လည်လွှတ်ပေးမည်ဟု အကြမ်းဖက်စစ်အုပ်စုမှ ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ စောင့်ကြည့်လေ့လာမှတ်တမ်းတင်ခဲ့ရာ အကျဉ်းထောင် (၁၉) ထောင်မှ လွတ်မြောက်ခဲ့သော နိုင်ငံရေးအကျဉ်းသားအရေအတွက် (၄၀၂) ဦးကို အတည်ပြုထားနိုင်ပါသည်။ ထိုအထဲမှ ယနေ့ (နိုဝင်ဘာ ၂၁ ရက်၊…

အမျိုးသားနေ့အထိမ်းအမှတ် အကျဉ်းသားများလွှတ်ပေးမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

နိုဝင်ဘာလ (၁၈) ရက်၊ ၂၀၂၂ ၂၀၂၂၊ နိုဝင်ဘာ ၁၇ နေ့တွင် အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း (၅၇၇၄) အား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြန်လည်လွှတ်ပေးမည်ဟု အကြမ်းဖက်စစ်အုပ်စုမှ ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ စောင့်ကြည့်လေ့လာမှတ်တမ်းတင်ခဲ့ရာ ယခု ကြေညာချက်ထုတ်ပြန်ချိန်အထိ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား (၇၂) ဦးကိုသာ မှတ်တမ်းပြု ထားနိုင်လျက်ရှိသည်။ လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများမှာ နောက်ကြောင်းပြန်ပြစ်ဒဏ်ဆိုသည့် နှောင်ကြိုးဖြင့်သာလွှတ်ပေးခဲ့ ခြင်းဖြစ်ပြီး…

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသူများအတွက် အထူးမေတ္တာရပ်ခံတောင်းဆိုချက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၉) ရက် ၂၀၂၁ ခုနှစ် မတရားအာဏာလုခဲ့ချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုခံခဲ့ရသည့် နစ်နာ ခံစားရသူများအတွက် တာဝန်ယူမှု တာဝန်ခံမှု ယန္တရားများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများထံသို့ အစီရင်ခံနိုင်ရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)  (WLB) တို့မှ ပူးတွဲတောင်းဆိုချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းပြုချက်အရ အကြမ်းဖက်စစ်အုပ်စု၏ လက် ချက်ဖြင့် မုဒိမ်းကျင့်သတ်ဖြတ် (သို့မဟုတ်) သတ်ဖြတ်ပြီးနောက်မုဒိမ်းကျင့်ခြင်းခံခဲ့ရသည်ဟုဆိုနိုင်သော အရပ်သား ပြည်သူ အနည်းဆုံး (၁၂) ဦး…

အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်ဖြစ်ပါသည်။ ‘စုစုပေါင်း သေဆုံး’ ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။ ‘စုစုပေါင်း အဖမ်းအဆီး’ ဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။ ‘ထိန်းသိမ်းခံနေရဆဲ’ ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။  

ဖားကန့်ဒေသ တေးဂီတ ဖျော်ဖြေပွဲသို့ ဗုံးကြဲ သတ်ဖြတ်မှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

ရက်စွဲ။  ။ အောက်တိုဘာလ ၂၅ ရက်၊ ၂၀၂၂ ခုနှစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ညတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ကချင်လွတ်မြောက်ရေးအဖွဲ့ ၏ ဖွဲ့စည်းတည်ထောင်ခြင်း ၆၂ နှစ်မြောက် အကြို တေးဂီတ ဖျော်ဖြေပွဲ ကျင်းပနေစဉ် အကြမ်းဖက်စစ်အုပ်စုမှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူအများအပြား ထိခိုက် ဒဏ်ရာရ၊ သေဆုံးခဲ့ရပါသည်။ ထိုဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုကြောင့် ယခုအချိန်အထိ အနည်းဆုံး ကချင်တိုင်းရင်းသားများအပါအဝင် ပြည်သူ ၆၀…

နိုင်ငံတစ်ဝန်း အကျဉ်းထောင်များနှင့် နိုင်ငံရေးအကျဉ်းသားအခြေအနေများနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်

ရက်စွဲ။  ။ ဩဂုတ်လ ၉ ရက်၊ ၂၀၂၂ ခုနှစ် လတ်တလောအချိန်ကာလတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွင်း အခြေအနေများကို ပြင်ပကမ္ဘာမှ မသိရှိစေရန် သတင်းအမှောင်ချထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ ဆိုးရွားစွာ ဖြစ် ပေါ် နေကြောင်း သိရှိရသည်။ အကျဉ်းထောင်တွင်း စရဖနှင့် ရဲများဝင်ရောက်၍ စောင့်ကြည့်နေခြင်း အကြမ်းဖက်စစ်အုပ်စုသည် အကျဉ်းထောင်များအား စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် ရဲများက အကျဉ်းထောင်များအတွင်း ဝင်ရောက်၍ တိုက်ရိုက်စီမံခြင်း ပြုလုပ်နေသည့်အပြင် အကျဉ်းထောင်အတွင်းရှိ သတင်းများ…