အရေးတကြီး စစ်ဆေးအရေးယူရန် လိုအပ်လာသည့် ဥပဒေမဲ့သတ်ဖြတ်မှုများ

ရက်စွဲ။  ။ ဇူလိုင် ၁၉ ရက်၊ ၂၀၂၃ ခုနှစ် ဇွန်လ (၂၇) ရက်နေ့တွင် ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နှင့် (၈) ရက်နေ့များတွင် ကိုခန့်လင်းနိုင်(ခ) ကိုခန့်(ခ) လက်ဝဲနှင့် ပြည့်ဖြိုးဟိန်း(ခ) ကိုပြည့်တို့၏ မိသားစုများထံသို့ ဒိုက်ဦးအကျဉ်းထောင် ဦးစီးအရာရှိထံမှ ဇွန်လ (၂၇) ရက်နေ့တွင် သေဆုံးသွားပြီဖြစ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်းနှင့်ပတ်သက်၍ မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းအနေနှင့်…

နိုင်ငံရေးအကျဉ်းသားများအား ဥပဒေမဲ့သတ်ဖြတ်ခြင်းအပေါ် ထုတ်ပြန်ချက်

ရက်စွဲ။       ။ ဇူလိုင် ၁၀ ရက်၊ ၂၀၂၃ခုနှစ် ဒိုက်ဦး (ကျိုက်ဇကော) ထောင်မှ ဇွန်လ (၂၇) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်တပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့ပါသည်။ အဆိုပါနိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများ ဒိုက်ဦးထောင်သို့ သွားရောက်စုံစမ်းရာ ဒိုက်ဦးထောင်တာဝန်ရှိသူများမှ အကြိမ်အကြိမ် ငြင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ( ၇  ) ရက်နေ့တွင် ခန့်လင်းနိုင်(ခ) ကိုခန့် (ခ) လက်ဝဲ…

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၃ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်ဖြစ်ပါသည်။

  ဂရပ်များတွင်ဖေါ်ပြထားသော ရာခိုင်နှုန်းများသည် စုစုပေါင်းအဖမ်းဆီးခံ၊ အသတ်ဖြတ်ခံအရေအတွက်မှ သက်ဆိုင်ရာအကြောင်းအရာအလိုက် တွက်ချက်ရယူထားသည့် ဖေါ်ပြချက်ဖြစ်သည်။ စုစုပေါင်း သေဆုံး ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။ စုစုပေါင်း အဖမ်းအဆီး ဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။ ထိန်းသိမ်းခံနေရဆဲ ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။ ရာခိုင်နှုန်း ဆိုသည်မှာ စုစုပေါင်းအဖမ်းအဆီးနှင့် သေဆုံးအရေအတွက်မှ တွက်ချက်ရယူထားသည့် ဖော်ပြချက်။

မူရတ်ကျင့်ဝတ်စည်းမျဉ်း မြန်မာဘာသာဖြင့်ထုတ်ပြန်ခြင်း

Institute for International Criminal Investigations (www.iici.global)အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် မူရတ်ကျင့်ဝတ်စည်းမျဉ်း (စနစ်တကျကျူးလွန်သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အချက်အလက်များ ကောက်ယူခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ်စည်းမျဉ်းများ) ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီးဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာလိုပါသည်။ မြန်မာဘာသာ ပြန်ဆိုချက် အပါအဝင် အခြားဘာသာပြန်ဆိုချက်များကိုလည်း  မူရတ်ကျင့်ဝတ်စည်းမျဉ်း  စီမံကိန်း/ ဝက်ဘ်ဆိုက် www.muradcode.com/murad-code တွင် ဝင်ရောက်ကြည့်ရှု ရယူနိုင်ပါသည်။ နောက်လာမည့် ၃ နှစ်တာကာလအတွင်း…

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၃ခုနှစ်၊ မေလ (၃၁) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်ဖြစ်ပါသည်။

ဂရပ်များတွင်ဖေါ်ပြထားသော ရာခိုင်နှုန်းများသည် စုစုပေါင်းအဖမ်းဆီးခံ၊ အသတ်ဖြတ်ခံအရေအတွက်မှ သက်ဆိုင်ရာအကြောင်းအရာအလိုက် တွက်ချက်ရယူထားသည့် ဖေါ်ပြချက်ဖြစ်သည်။ စုစုပေါင်း သေဆုံး ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။ စုစုပေါင်း အဖမ်းအဆီး ဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။ ထိန်းသိမ်းခံနေရဆဲ ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။ ရာခိုင်နှုန်း ဆိုသည်မှာ စုစုပေါင်းအဖမ်းအဆီးနှင့် သေဆုံးအရေအတွက်မှ တွက်ချက်ရယူထားသည့် ဖော်ပြချက်။

အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၃ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်ဖြစ်ပါသည်။

  ဂရပ်များတွင်ဖေါ်ပြထားသော ရာခိုင်နှုန်းများသည် စုစုပေါင်းအဖမ်းဆီးခံ၊ အသတ်ဖြတ်ခံအရေအတွက်မှ သက်ဆိုင်ရာအကြောင်းအရာအလိုက် တွက်ချက်ရယူထားသည့် ဖေါ်ပြချက်ဖြစ်သည်။ စုစုပေါင်း သေဆုံး ဆိုသည်မှာ စစ်အုပ်စုနှင့်သူ၏ လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်။ စုစုပေါင်း အဖမ်းအဆီး ဆိုသည်မှာ အာဏာသိမ်းချိန်မှစ၍ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်းအရေအတွက်။ ထိန်းသိမ်းခံနေရဆဲ ဆိုသည်မှာ အမိန့်ချမှတ်ခံထားရသူများအပါအဝင် လက်ရှိအချိန်ထိ စစ်အုပ်စု၏ နေရာအမျိုးမျိုး၌ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်။ ရာခိုင်နှုန်း ဆိုသည်မှာ စုစုပေါင်းအဖမ်းအဆီးနှင့် သေဆုံးအရေအတွက်မှ တွက်ချက်ရယူထားသည့် ဖော်ပြချက်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

စစ်အုပ်စု၏ ချိပ်ပိတ်သိမ်းဆည်းခြင်းများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ စစ်အုပ်စုသည် မြန်မာနိုင်ငံအနှံ့က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထား၍ ၎င်းတို့၏ နေအိမ်၊ အဆောက်အဦနှင့် အကြီးစားပစ္စည်းစသည့် ပိုင်ဆိုင်မှုပေါင်း အနည်းဆုံး (၇၅၁) ခုကို ချိပ်ပိတ်သိမ်း ဆည်းခဲ့ပြီးဖြစ်သည်။ အဆိုပါ ချိပ်ပိတ်သိမ်းဆည်းမှုများသည် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူနှင့် အရပ်သား (၆၃၆) ဦး၏ ပိုင်ဆိုင်မှုများဖြစ် သည်။ ၎င်း (၆၃၆) ဦးအနက် အနည်းဆုံး လူ (၃၀၀)…

လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် မှတ်တမ်းတင်ခြင်းဆိုင်ရာ တင်ပြဆွေးနွေးချက်များ (၅)

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာကတည်းက စစ်အုပ်စု၏ အကြမ်းဖက်ရက်စက်ရမ်းကားမှုများကို ပြည်သူတို့ မချိမဆန့်ခံခဲ့ကြရသည်။ လူ့အခွင့်အရေးချိုးဖောက်မှုကို မည်သူကမှ မည်သည့်ချွင်းချက်ဖြင့် ကျူးလွန်ခွင့်မရှိပေ။ ထို့ကြောင့် တရားမျှတမှုပေါ်ထွန်းလာစေရန်၊ နစ်နာခံစားရသူများကို ပြန်လည်ကုစားနိုင်ရန်၊ ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရဓလေ့ကို တိုက်ဖျက်ရန်အတွက် တိကျခိုင်မာသော သက်သေအထောက်အထားများအား စနစ်တကျစုဆောင်းမှတ်တမ်းတင်နိုင်သည့် Citizen Human Rights Documenter များ ပေါ်ထွက်လာစေရေးရည်ရွယ်လျက် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်သော ဗီဒီယိုများကို တင်ဆက်လိုက်ရပါသည်။ အခုအပတ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်၍ တင်ဆက်ဆွေးနွေးပေးနေသည့် ဗီဒီယိုများ၏ နောက်ဆုံးအပိုင်းဖြစ်သော အမြင်ဆိုင်ရာအချက်အလက်ကောက်ယူစုဆောင်းမှုအကြောင်းကို ဆွေးနွေး တင်ဆက်သွားမည်ဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)

စစ်အုပ်စုမှ သေဒဏ်ချမှတ်ခြင်း

အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့အထိ အေအေပီပီမှ စုဆောင်းကောက်ယူထားသည့် စာရင်းများအရ စစ်အုပ်စုသည် ဒီမိုကရေစီရေးလှုပ်ရှားသူနှင့်အရပ်သား (၁၅၁) ဦးကို သေဒဏ်အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။ အသက်အရွယ်သိရှိထားသော သေဒဏ်ချမှတ်ခံရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူ (၃၄) ယောက်တွင် (၅၈.၈) ရာခိုင်နှုန်းမှာ အသက် ၃၀ အောက် ပုဂ္ဂိုလ်များဖြစ်သည်။ ၎င်းကို ကြည့်ခြင်းအားဖြင့် စစ်အုပ်စုသည်စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်၍ ဒီမိုကရေစီအရေးကို တက်တက်ကြွကြွ ထောက်ခံလှုပ်ရှားနေ သော လူငယ်များအပေါ် သေဒဏ်ချမှတ်ခြင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်နေသည်ကို တွေ့နိုင်သည်။ အစီရင်ခံစာ…

လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် မှတ်တမ်းတင်ခြင်းဆိုင်ရာ တင်ပြဆွေးနွေးချက်များ (၄)

မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာကတည်းက စစ်အုပ်စု၏ အကြမ်းဖက်ရက်စက်ရမ်းကားမှုများကို ပြည်သူတို့ မချိမဆန့်ခံခဲ့ကြရသည်။ လူ့အခွင့်အရေးချိုးဖောက်မှုကို မည်သူကမှ မည်သည့်ချွင်းချက်ဖြင့် ကျူးလွန်ခွင့်မရှိပေ။ ထို့ကြောင့် တရားမျှတမှုပေါ်ထွန်းလာစေရန်၊ နစ်နာခံစားရသူများကို ပြန်လည်ကုစားနိုင်ရန်၊ ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရဓလေ့ကို တိုက်ဖျက်ရန်အတွက် တိကျခိုင်မာသော သက်သေအထောက်အထားများအား စနစ်တကျစုဆောင်းမှတ်တမ်းတင်နိုင်သည့် Citizen Human Rights Documenter များ ပေါ်ထွက်လာစေရေးရည်ရွယ်လျက် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်သော ဗီဒီယိုများကို တင်ဆက်လိုက်ရပါသည်။ အခုအပတ်မှာ တွေ့ ဆုံမေးမြန်းမှုလုပ်ငန်းစဉ်ကို လုပ်ဆောင်မည်ဆိုပါက အင်တာဗျူးမတိုင်ခင်ပြင်ဆင်ထားရမှုများ၊ အင်တာဗျူးနေစဉ်အတွင်း ဆောင်ရွက်ရမည့်ကိစ္စများ၊ အင်တာဗျူးပြီးသည့်နောက် ဆက်လုပ်ရန်လိုအပ်သည်များနှင့် အင်တာဗျူးမှတ်တမ်းတင်ရန် အသုံးပြုလေ့ရှိသည့်…