နွေဦးတော်လှန်ရေးတနှစ်ပြည့်မှတ်တမ်း



၂၀၂၁ နွေဦးတော်လှန်ရေးမှာ မြန်မာနိုင်ငံအဝှမ်း အလွှာပေါင်းစုံက အမျိုးသမီးထုရဲ့ တော်လှန်စိတ်ဓာတ်နဲ့ ရဲရင့်ပြောင်မြောက်စွာ ဦးဆောင်မှုတွေဟာ အာဏာလု စစ်အုပ်စုကို သွေးပျက်မတတ် ထိတ်လန့် တုန်လှုပ်စေခဲ့တာပါ။မြန်မာ့သမိုင်းမှာ ပထမဦးဆုံးအဖြစ် ထမီအလံလွှင့်ထူပြီး ငါတို့ထမီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ ဆိုတဲ့ ဣတ္ထိယ နွေဦးတေးဟာ နိုင်ငံနယ်နမိတ် အပြင်ဘက်ထိ တုန်ဟီးစေခဲ့တယ်။ ပြည်တွင်းသာမက ကမ္ဘာတဝှမ်းက ပြည်သူအပေါင်း မြန်မာ့အမျိုးသမီးထုရဲ့ တော်လှန်စိတ်ဓာတ်ကို လေးစားတန်ဖိုးထား အသိအမှတ်ပြုခဲ့ကြရပါတယ်။အကြမ်းဖက် စစ်အုပ်စုဟာ စစ်အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ဆန့်ကျင်သူတိုင်းကို လက်နက်အားကိုးပြီး ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲခဲ့တယ်။ အကြောက်တရားနဲ့ အုပ်ချုပ်နိုင်အောင်ကြိုးစားခဲ့တယ်။…

ဇန်နဝါရီ (၅) ရက်၊ ၂၀၂၂ အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာသိမ်းမှု (၁၁) လ ကျော်လာသည့်အချိန်တွင် တနိုင်ငံလုံးအနှံ့ လူမဆန်စွာရက်စက်မှုများ၊ ဘေးဒုက္ခများ၊ စစ်ရေးအရှိန်မြင့်တက်လာမှုများနှင့်အတူ အရပ်သား ပြည်သူလူထု ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရမှုများနှင့် နစ်နာခံစားရမှုများမှာ ဆထက်တိုး၍ ဆိုးရွားလာနေဆဲ ပင် ဖြစ်သည်။ ဒီဇင်ဘာ (၅) ရက်နေ့က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်း၌ ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူအုပ်ထဲသို့ စစ်အုပ်စုလက်ပါးစေများက ကားကိုအရှိန်ပြင်းပြင်းမောင်းနှင်၍ ဝင်တိုက်ကာ သေနတ်ဖြင့် ပစ်ခတ်၍ ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့သည်။ ထို့ကြောင့် ဒဏ်ရာရရှိသူများ၊…

ဒီဇင်ဘာ ၄ ရက်၊ ၂၀၂၁ အကြမ်းဖက်စစ်အုပ်စု၏ အာဏာသိမ်းမှု ရက်ပေါင်း (၃၀၀) ကျော်လာသည့်အချိန်အတွင်း အရပ်သားပြည်သူ များ၏ ထိခိုက်နစ်နာခံစားရမှုများမှာ ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရလျက်ရှိသည်။ တရားလက်လွတ်ဖမ်းဆီးမှုများ ဆက်တိုက်တိုးမြှင့်လာနေသလို မတရားသတ်ဖြတ်မှုများမှာလည်း ရပ်တန့်မသွားသေးဘဲ စစ်သုံ့ပန်းများကိုပါ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်လျက်ရှိသည်။ ကျဆုံးမှု နိုဝင်ဘာလအတွင်း စစ်အုပ်စု၏ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် နိုင်ငံတဝှမ်းရှိ ပြည်သူ (၅၉) ဦးကျဆုံးခဲ့ရပါသည်။ ထိုအထဲတွင် CDM ပြုလုပ်နေသည့် အရာထမ်းများ၊ ကျောင်းဆရာများ၊ စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသူများနှင့် ကျောင်းသားများအပြင် အရပ်သားပြည်သူများပါဝင်ခဲ့သည်။ မိမိတို့ကောက်ယူ ရရှိသည့်…

နိုဝင်ဘာ ၃ ရက်၊ ၂၀၂၁ အာဏာသိမ်းစစ်အုပ်စု၏ လူမဆန်စွာ ရက်စက်မှုများမှာ မတရားအာဏာလုယူမှု လပေါင်း (၉) လ ကြာလာသည့်အချိန်ထိ ဆထက်တိုး၍ ပိုမိုဆိုးရွားလာနေသည်။ မြို့ရွာများအတွင်း အကြမ်းဖက်ဝင်ရောက်စီးနင်းမှုများ၊ လက်နက်ဖြင့်ပစ်ခတ်မှုများကြောင့် ကလေးသူငယ် များအပါအဝင် အရပ်သားထိခိုက်နစ်နာခံစားရမှုများမှာ တိုင်းနှင့်ပြည်နယ်အနှံ့ ရင်ဆိုင်နေရလျက်ရှိသည်။ ထို့အပြင် မတရားဖမ်းဆီးပြီးနောက် အခကြေးငွေဖြင့် ပြန်လည်ရွေးခိုင်းမှုများ၊ စစ်ဘေးရှောင်များ၏ နေရာ များထိ လိုက်လံခြိမ်းခြောက်နှောင့်ယှက်မှုများ၊ ညှဉ်းပန်း နှိပ်စက်မှုများကိုလည်း စနစ်တကျကျူးလွန် လျက်ရှိရာ ပြည်သူများအား အကြောက်တရားလွှမ်းမိုးနေစေရန် အလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် အကောင် အထည်ဖော်လျက်ရှိသည်။…

အောက်တိုဘာလ ၂၆ ရက်၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်၍ အကြမ်းဖက်စစ်အုပ်စုမှ နိုင်ငံရေးနှင့်ဆက်နွယ်သော ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ (၁၃၁၆)ဦး၊ တရားရင်ဆိုင်နေရသူ (၄၃၂၀)ဦး၊ စုစုပေါင်း (၅၆၃၆) ကို လွှတ်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မှတ်တမ်းပြုချက်များအရ အောက်တိုဘာ ၂၅ အထိ အရေအတွက်အားဖြင့် (၄၀၆၅) ဦးမှာ လွတ်မြောက်လာခဲ့ပြီး ထိုအထဲမှ နာမည်နှင့်တကွ အတည်ပြုနိုင်သည့် လွတ်မြောက်သူ (၄၈၀) ဦး ရှိသည်။ စစ်အုပ်စုအနေဖြင့် ယခင်ကတည်းက…

၂၅၊ အောက်တိုဘာလ၊ ၂၀၂၁ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့ ညပိုင်းတွင် ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီ(ခ) ကိုကျော်မင်းယုအား အာဏာသိမ်းစစ်အုပ်စုမှ အင်အားအလွန်အကျွံသုံးပြီး အကြမ်းဖက်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ ထိုသို့ ဖမ်းဆီးစဉ်အတွင်း ဦးခေါင်းတွင် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ အာဏာသိမ်း စစ်အုပ်စုသည် ၎င်းတို့နှင့် အယူအဆမတူသူများအား ဖမ်းဆီးရာတွင် မလိုလားအပ်ဘဲ ကြမ်းတမ်းစွာဆက်ဆံခြင်းများကို ပြုလုပ်နေသည်ကိုလည်း တွေ့ရှိနေရပါသည်။ ဖမ်းဆီးစဉ်ပစ်ခတ်ခံရပြီး သေဆုံးမှုများ၊ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးမှုများလည်း ရှိနေသည်ကို တွေ့ရှိရပါသည်။…

ရက်စွဲ။ ။ အောက်တိုဘာ ၂၁ ရက်၊ ၂၀၂၁ ခုနှစ် ၁) ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အုပ်စုမှ နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးချိန်မှစတင်၍ အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒထုတ်ဖေါ်မှုနှင့် သဘောထားကွဲလွဲသူများအား အာဏာသိမ်းစစ်အုပ်က အကြမ်းဖက်ရိုက်နှက်ဖြိုခွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ထောင်ပေါင်းများစွာသော အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးအကျဉ်းချမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ၂) မတရားသဖြင့်ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံရသူများအားလုံးနီးပါးသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ခံခဲ့ကြရပြီး မျှတသောတရားစီရင်မှုလည်း မရရှိခဲ့ကြပေ။ ၃) အောက်တိုဘာ…

အောက်တိုဘာ ၄ ရက်၊ ၂၀၂၁ စစ်တပ်မှ အာဏာသိမ်းယူသည့် အချိန်မှစ၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် အရပ်သားပြည်သူများအပေါ် ပြင်းပြင်းထန်ထန်နှိပ်ကွပ်မှုများကို စစ်အုပ်စုက ပြုလုပ်ဆောင်ရွက်လျက်ရှိခဲ့သည်။ စက်တင်ဘာလ (၇) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရက စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှုများဖြင့် ပြန်လှန်ခုခံသွားရန် ကြေညာချက် ထွက်ပေါ်ခဲ့ပြီးနောက် စစ်အုပ်စု၏ အကြမ်းဖက်မှုများမှာ ပိုမို ဆိုးရွားရက်စက်လာခဲ့သည်။ စက်တင်ဘာလအတွင်း၌ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့တွင် စစ်အုပ်စု၏ လက်ပါးစေ တပ်ရင်းတပ်ခွဲများက အကြမ်းဖက်ဝင်ရောက်စီးနင်းမှုများပြုလုပ်ကာ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း၊ ပစ္စည်းဥစ္စာများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ ကြသည်။…

ဩဂုတ်လ ၃ဝ ရက်၊ ၂၀၂၁ ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အတင်းအဓမ္မအစအနပျောက်ဆုံးစေမှုဒဏ် ခံရသူများနေ့၌ စစ်တပ်အာဏာသိမ်းချိန်ကတည်းက မြန်မာပြည်သူလူထုတစ်ရပ်လုံးကို ခြိမ်းခြောက်လျက်ရှိနေသည့် ၎င်းတို့ ၏ လူမဆန်သော ကျူးလွန်မှုများထဲတွင် ပါဝင်လျက်ရှိသော ပြည်သူများအား အတင်းအဓမ္မ အစအန ပျောက်ဆုံးစေမှုများကို နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် သတိမူ၍ အရေးယူမှုများ ပြုလုပ်ရန် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ တောင်းဆိုလိုက်သည်။ အာဏာသိမ်းမှု စတင်သည့် ဖေဖော်ဝါရီလကတည်းက အတင်းအဓမ္မ အစအနပျောက်ဆုံးစေမှုများမှာ ယခု အချိန်ထိ ဖြစ်ပေါ်နေဆဲဖြစ်ပြီး AAPP ၏…