Our museum in Mae Sot

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အေအေပီပီ ပြခန်းပုံ။ လာရောက်လည်ပတ်လေ့လာသူများအား အေအေပီပီမှ ကြိုဆိုပါသည်။ လေ့လာသူများအနေဖြင့် ရှင်းလင်းပြောပြသည်များကို နားထောင်နိုင်ပြီး ဝင်ကြေးပေးရန်မလိုအပ်ပါ။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အေအေပီပီ ပြခန်းပုံ။ လာရောက်လည်ပတ်လေ့လာသူများအား အေအေပီပီမှ ကြိုဆိုပါသည်။ လေ့လာသူများအနေဖြင့် ရှင်းလင်းပြောပြသည်များကို နားထောင်နိုင်ပြီး ဝင်ကြေးပေးရန်မလိုအပ်ပါ။

အမေရိကန်နိုင်ငံ တက္ကသိုလ်များ ထောက်ပံ့ကူညီမှုဖြင့် အေအေပီပီမှ ဦးဆောင်ပြုလုပ်သည့် သင်တန်း၏ အစိတ်အပိုင်းတစ်ပိုင်းအနေဖြင့် စိတ်ဓါတ်မြှင့်တင်ရေးအစီအစဉ် (MHAP) သင်တန်းသားများမှ စိတ်ဒဏ်ရာ ရရှိခံစားခဲ့ရသူများအား နှစ်သိမ့်ဆွေးနွေးမှုပေးမည့်ပုံစံတစ်ခု၏ အဆင့်များကို စာရွက်များတွင် စီစဉ်ရေးသား ပြသမှုကို ရန်ကုန်မြို့တွင် အတူတကွ လုပ်ဆောင်စဉ်။

၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြင်သစ်သံရုံး တွင် ပြုလုပ်ကျင်းပသည် “Transition Imagine Future” ဆွေးနွေးပွဲသို့ အေအေပီပီမှ တက်ရောက်ခြင်း။

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ ရက်စွဲ။ ။ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (အသက် ၈၅ နှစ်) သည် ၂၀၁၄ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ မနက်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အနေနှင့် မိသားစုနှင့်ထပ်တူ၊ ပြည်သူများနှင့် ထပ်တူ အထူးပင်ဝမ်းနည်း ကြေကွဲမိပါသည်။ ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်းသည်…

အတွင်းရေးမှူးရဲ့ စကား ၂၀၁၃ ခုနှစ်ဟာ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း အတွက် ထူးခြားတဲ့နှစ်လို့ ပြောလို့ရပါတယ်။ ၂၀၀ဝ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ အေအေပီပီအနေနဲ့ အတွင်းရေးမှုးနဲ့ တွဲဘက်အတွင်းရေးမှုးတို့ ဇန်နဝါရီလမှာပဲ မြန်မာနိုင်ငံကို ပြန်ဝင်ခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ဆိုရင်လည်း နယ်စပ်ကိုထွက်လာတဲ့ ၁၆ နှစ်တာကာလအတွင်းမှာ မှာ ပထမဆုံး ပြည်တွင်းကို ပြန်လည် ခြေချခဲ့ရတဲ့နှစ်ပါ။ အေအေပီပီအနေနဲ့ ပထမအကြိမ် ဝင်ခွင့်ရတဲ့ အချိန်မှာပဲ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနဲ့ လွတ်မြောက်ပြီး နိုင်ငံရေး…

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂ရ ရက်နေ့တွင် YMCA ခန်းမတွင် ကျင်းပသော ဂျွန်ဟော့ပ်ကင်း ယူနီဗာစတီနှင့် ပူးတွဲပြုလုပ်ကျင်းပသည့် စိတ်ဓါတ်မြှင့်တင်ရေးအစီအစဉ် (MHAP) ဖွင့်ပွဲအခမ်းအနား။

ဤ ‘မြန်မာနိုင်ငံရှိ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများ ” အစီရင်ခံစာကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တို့ပူးတွဲထုတ်ဝေခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်ပါက ကိုလိုနီခောတ် လွတ်လပ်ရေးရပြီးခောတ်၊ မဆလခောတ်နှင့် ယခုနောက်ဆုံး နဝတ၊ နအဖခောတ်များအထိ အမျိုးသမီးများ မပါဝင်ခဲ့သောနိုင်ငံရေးလှုပ်ရှားမှုဟူ၍ မရှိခဲ့ပေ။ နိုင်ငံရေးဟူသည်မှာ အမျိုးသားများ၏ အလုပ်ဖြစ်သည်ဟု ခံယူကျင့်သုံးလျှက်ရှိသော မိမိတို့ လူ့အဖွဲ့အစည်း၏ သမားရိုးကျ အမြင်သဘောထားများ၊ ယုံကြည်မှုများ၊ အစွဲအလမ်းများကြားထဲမှာပင် ယောက်ကျားသားများနှင့် ရင်ဘောင်တန်းကာ နိုင်ငံရေးခရီးကြမ်းထဲသို့ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား၊ ပါဝင်လာခဲ့ကြသော…
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့မှ ကျင်းပသော ကျဆုံးနိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သောသဝဏ်လွှာ

ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ ကျင်းပပြုလုပ်သည့် ကျဆုံးနိုင်ငံရေးအကျဉ်းသားများအတွက် ရည်စူးပြီးပြုလုပ်သည့် ဂုဏ်ပြုပွဲအခန်းအနားတွင် ကိုမင်းကိုနိုင်မှ မိန့်ခွန်းပြောကြားစဉ်။

၁၉၈၈ မှ ယခုအချိန်အထိ နိုင်ငံရေးအကျဉ်းသား (၁၇၅) ဦးသည် မတရားသဖြင့် နှိပ်စက်ခံရမှုကြောင့် အကျဉ်းထောင်များအတွင်း သေဆုံးခဲ့ရပါသည်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ကျဆုံးနိုင်ငံရေးအကျဉ်းသားများအတွက် ရည်စူးပြီးပြုလုပ်သည့် ဂုဏ်ပြုပွဲအခန်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပခဲ့ပါသည်။