AAPPB ရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်

ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို ကူညီ စောင့်ရှောက် ပေးနေတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPPB) က အတွင်းရေးမှူးများ ဖြစ်ကြတဲ့ ကိုတိတ်နိုင်နဲ့ ကိုဘိုကြည်တို့ ဟာ ဘန်ကောက် – ရန်ကုန် လေကြောင်းလိုင်းနဲ့ ဇန်နဝါရီလ ၅ ရက်နေ့က မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် အဖြစ် အလည်အပတ် ရောက်ရှိ လာခဲ့ကြပါတယ်။ သူတို့ရဲ့ တလနီးပါးကြာ ခရီးစဉ်အတွင်း နိုင်ငံရေးပါတီတွေ ၊ နိုင်ငံရေး…

နိုင်ငံရေးအကျဉ်းသားပေါင်း၂၂၀ဝကျော်အကျဉ်းကျနေဆဲ ဖြစ်ပြီး လွတ်လပ်မျှတသော ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ရွေးကောက်ပွဲဖြစ်စရာအကြောင်းမရှိ

သတင်းထုတ်ပြန်ချက်။၂၀၁ဝ ခုနှစ် ၊ နိုဝင်ဘာလ (၃) ရက်။ ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀ဝ ထက်မနည်း အချုပ်နှောင်ခံနေရသည့်အပြင် ယခုအပတ်တွင်ကျင်းပမည့် ရွေးကောက်ပွဲ ကာလအတွင်း မဲပေးခွင့်နှင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် လုံးဝပါဝင်နိုင်ခွင့်  မရှိဘဲ အကျဉ်းကျ လျှက်သာ ရှိနေမည်ဖြစ်သည်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)အေအေပီပီမှ ယနေ့ထုတ်ပြန်သော ရွေးကောက်ပွဲ အထူးအစီရင်ခံစာတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၄၅ ဦးသည် ၁၉၉ဝ ရွေးကောက်ပွဲနှင့် ၂၀၁ဝ ရွေးကောက်ပွဲ နှစ်ခုစလုံးအား အကျဉ်းစံများအဖြစ် ဖြတ်သန်းကြရ မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။“ စိတ်မကောင်းစရာတခုက…

စကားဖြင့်အရေးဆိုနေခြင်းများမလုံလောက်တော့ပါ

သတင်း ထုတ်ပြန်ခြင်းအောက်တိုဘာလ ၂ဝ ရက်၊ ၂၀၁၀။စကားဖြင့် အရေးဆိုနေခြင်းများ မလုံလောက်တော့ပါ – နိုင်ငံတကာ အစိုးရများ အနေဖြင့် ချက်ခြင်း လက်ငင်း လုပ်ဆောင်ရမည် ဖြစ်ပြီး မြန်မာ နိုင်ငံ အတွက် အထူးစုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ရန် ထောက်ခံပေး ကြပါ။[မဲဆောက်မြို့၊ ထိုင်းနိုင်ငံ] –  နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း(မြန်မာနိုင်ငံ)သည်ကမာ္ဘ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်ရေး ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ မစ္စတာ တောမတ်စ် အိုဂျေးလ် ကင်တားနား၏ အစီရင်ခံစာ ကို နွေးထွေးလှိုက်လဲစွာ ကြိုဆိုလိုက်ပြီး နိုင်ငံတကာ…

“ကိုမင်းကိုနိုင်နဲ့ ဒီမိုကရေစီ လှုပ်ရှားသူများကို ဝန်းရံကြ”

ကိုမင်းကိုနိုင်၏ ၄၈ နှစ်မြောက်မွေးနေ့ ထုတ်ပြန်ကြေညာချက်နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)ရက်စွဲ။  ။၂၀၁ဝ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ယနေ့သည် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု၏ ခေါင်းဆောင် တဦးဖြစ်သူ မင်းကိုနိုင်၏ ၄၈ နှစ်ပြည့် မွေးနေ့ အထိမ်း အမှတ် အဖြစ် နိုင်ငံရေး အကျဉ်းသားများ ကူူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ ကိုမင်းကိုနိုင်သည် ယုံကြည်မှုအတွက် သူ့ဘဝ၏အကောင်းဆုံးအချိန်များကို နံရံလေးဖက်ကြား ရင်းနှီးမြှပ်နှံ ခဲ့သည်၊ ယခုတဖန် ရင်းနှီးမြှပ်နှံဆဲ ဖြစ်သော် လည်းသူသည် နိုင်ငံရေးသတ္တဝါမျှသာမဟုတ်ပေ၊…

ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်အား ထောင်အဆင့်ဆင့်ပြောင်းခြင်းအား အေအေပီပီမှကန့်ကွက်

ရက်စွဲ။     ။ ၁၂ ဩဂုတ် ၂၀၁၀ နှစ်ရှည်အကျဉ်းချခံထားရသူ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်အား ဩဂုတ်လ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း ခန္တီးထောင်မှ မန္တလေးတိုင်း အိုးဘိုထောင်၊ ထိုမှ ဩဂုတ်လ ၅ ရက်နေ့တွင် အင်းစိန်ထောင်၊ ထိုမှ ဩဂုတ်လ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေထောင်သို့ ထောင်ပြောင်းလိုက်ကြောင်း ကျနော်တို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ကြားသိရပါသည်။ ထောင်ဒဏ် ၁ဝ၆ နှစ် ချမှတ်ခံထားရသူ ဗိုလ်ချုပ်ဆေထင်သည်…

မြင်းခြံထောင်၌ နိုင်ငံရေးအကျဉ်းသားတဦး ထောင်တွင်း၌ ကွယ်လွန်

ရက်စွဲ။ ။ မေလ ၁၉ ရက် ၂၀၁၀ နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုကျော်စိုး ယနေ့နံက်တွင် မြင်းခြံ ထောင် တွင်း၌ ကွယ်လွန်သွားကြောင်း ကျနော်တို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ကြားသိရပါသည်။ အသက် ၃၉ နှစ် ရှိ ကိုကျော်စိုးသည် ၁၉၈၈ ခုနှစ်မှ ှစတင်၍ ထောင်တွင်း၌ ကွယ်လွန်သူများ စာရင်းတွင် ၁၄၄ ဦးမြောက် ကွယ်လွန်သူ ဖြစ်ပါသည်။ အေအေပီပီမှ ကိုကျော်စိုးကွယ်လွန်မှုအပေါ် မိသားစုနှင့်…

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ် (၂၀၁၀ ခုနှစ်)

၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ကျရောက်သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ (၁၀) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား

ကန္တာရမိုင်တိုင်များ (အေအေပီပီ ၁ဝ နှစ်မြောက်မှတ်တမ်း)

စကားဦး နိုင်ငံရေးအကျဉ်းသားဆိုသည်မှာ စစ်အာဏာရှင်ခေတ်အဆက်ဆက် အငြင်းအပွားရဆုံး စကားလုံးတလုံးဖြစ်သည်။ မြန်မာပြည်တွင် ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းမှ နိုင်ငံရေးအကျဉ်းသား ရှိခဲ့ခြင်းမဟုတ်ပါ။ ရှစ်လေးလုံးအရေးတော်ပုံ ရှေ့ပိုင်းတလျှောက်လုံးလည်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ အမြဲမပြတ်ရှိခဲ့ပါသည်။ သို့သော် ဖိနှိပ်အုပ်ချုပ်သူများက လူထုကို နိုင်ငံရေးနှင့် အဆက်ဖြတ်ထားခဲ့ရာ နံရံလေးဘက်အတွင်း ယုံကြည်ချက်ကြောင့် ချုပ်နှောင်ခံထားရသူများ၏ ပုံရိပ်မှာ လူမသိသူမသိသာ ရှိခဲ့ပါသည်။ ရှစ်လေးလုံးအရေးတော်ပုံကြောင့် လူထုအတွင်း နိုင်ငံရေးအသိစိတ်ဓာတ်များ ပြန်လည်နိုးကြားလာခဲ့သည်။ သာမန်လူထုများကိုယ်တိုင် ဖိနှိပ်ချုပ်ချယ်သော ပုဒ်မအမျိုးမျိုးဖြင့် ထောင်ထဲအထည့်ခံကြရသည်။ ထိုအခါ နိုင်ငံရေးအကျဉ်းသားများကိစ္စမှာ မြန်မာ့နိုင်ငံရေးပြဿနာတွင် ရှေ့တန်းမှရောက်လာခဲ့ပါသည်။ လူထု၏နိုင်ငံရေးအသိအမြင်ကို ချိုးနှိမ်ရာတွင် ဖိနှိပ်သူများက…

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အခန်းကဏ္ဍ

ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးဖြစ်ပေါ်တိုးတက်စေဖို့နဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ စစ်မှန်ပြီး ကျယ်ပြန့်ထိရောက်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်တခုပေါ်ပေါက်လာဖို့ မဖြစ်မနေလိုအပ်နေပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေက ဒီမိုကရေစီရေးကြိုးပမ်းမှု၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးတို့ကို ကိုယ်စားပြုနေပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးဖြစ်စဉ်ရဲ့ အရေးကြီးတဲ့ ပထမအဆင့်အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျဉ်းသား ၂၁၀ဝ ကျော်ကို နိုင်ငံရေးအကျဉ်းသားများအဖြစ် တရားဝင်အသိအမှတ်ပြုပြီး ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုနိုင်ငံရေးအကျဉ်းသားတွေကို  ချွင်းချက်မရှိပြန်လွှတ်ပေးခြင်းက စစ်ဖက်ကအုပ်ချုပ်သူတွေ၊ ဒီမိုကရေစီအင်အားစုတွေအပြင် ပိုမိုကျယ်ပြန့်တဲ့ လူ့အသိုင်းအဝိုင်းကြား ယုံကြည်မှုတည်ဆောက်ရေးမှာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍတခုဖြစ်ပါတယ်။ ဒေါင်းလော့ဖိုင်The_Role_of_political_prisoners_in_the_national_reconciliation_process_Burmese

ဘာလဲဟဲ့လူ့ငရဲ (ဟံသာဝတီဦးဝင်းတင်)

လူ့ငရဲထောင်ပြန် စာရေးသူရဲ့ ကျယ်လောင်မြည်ဟိန်းတဲ့ တိုးတိုးအမှာစကား ဒီနေ့ ၂၀၁ဝ ခုနှစ် မတ်လ ၁၂ ရက်။ ကျွန်တော် အသက် ၈ဝ ပြည့်တယ်ဗျာ။ အသက် ၈ဝ ဆိုတာ အတော်ကြီး ကြီးလွန်းပြီဗျ။ သချႋုင်းမီးသင်္ဂြိုလ်စက်ကို လှမ်းမြင်နေရပြီ။ မဝေးတော့ဘူး။ မဝေး တော့ဘူးဆိုမှ ဒီခရီးနီးသလား လာမေးမနေနဲ့။ ဝေးပါသေးတယ်လည်း လာပြော မနေနဲ့။ ခရီးဆုံး နီးနေတာကိုလည်းသိတယ်။ မီးသင်္ဂြိုလ်စက် မဝေးတော့တာလည်း သိတယ်။ ရှင်ချိန်နည်းလာပြီဆိုတာလည်း သိတယ်။ သေချိန်ကပ်လာပြီ ဆိုတာလည်း သိတယ်။ အဲဒါတွေ…