မြန်မာနိုင်ငံ၏အကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး အလားအလာ

နိဒါန်း ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် အာဏာရှင်စနစ်နှင့် စစ်အစိုးရအုပ်ချုပ်ရေးကာလများ လွန်မြောက်ပြီးမြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်များသည် သက်ဆိုင်သူအားလုံး အတွက် အလေးထားအာရုံစိုက်စရာများအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့သူများအား ၎င်းတို့၏ ချိုးဖောက်မှုများအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန်မှာ အလွန်အရေးကြီးသည့် ကိစ္စရပ်ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံအနေဖြင့် ထိုကဲ့သို့ ချိုးဖောက်မှုများအား ဖယ်ရှားရန်နှင့် အနာဂတ်ကာလတွင် ထိုသို့သော ချိုးဖောက်မှုများ ထပ်မံမဖြစ်ပွားစေရေး၊ အာမခံဆောင်ရွက်ရန်လည်း လုပ်ဆောင်ရမည့်အဆင့်များ ရှိနေပါသေးသည်၊ ပြည်သူလူထု မျက်ကွယ်ဖြစ်သည့်အပြင် အကျဉ်းသားများအနေဖြင့် ရပ်ရွာလူထု၏ စာနာနားလည်မှုအား…







