ဩဂုတ်လအတွက်လစဉ်အစီရင်ခံစာ၊ သတင်းလွှာနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် ဩဂုတ်လတွင်းတွင် တိုင်းရင်းသားဒေသများမှ တိုင်းရင်းသား ၂ဝ ဦး၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂ရတို့အပါအဝင် ရာဇသတ်ကြီး ပုဒ်မများဖြင့် လယ်သမား ၁၄ ဦး၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် သတင်းထောက်တစ်ဦး၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)ဖြင့် ဗကသကျောင်းသားဟောင်း တစ်ဦးနှင့် ကလေးစစ်သားဖြစ်ခဲ့ဖူးသူ တစ်ဦး၊ ရာဇသတ်ကြီးပုဒ်မ ၃၅၃ ဖြင့် တက်ကြွလှုပ်ရှား သူတစ်ဦး အပါအဝင် စုစုပေါင်း ၃၈ ဦး ဖမ်းဆီးခံခဲ့ရသည်။ ဩဂုတ်လတွင်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် ကလေးစစ်သားဖြစ် ခဲ့ဖူးသူ တစ်ဦး၊…









