မြန်မာနိုင်ငံဆိုင်ရာ ချက်နိုင်ငံ သံအမတ်ကြီး H.E. Jaroslav DOLEČEK အေအေပီပီပြခန်း Memory of the Past အားလာရောက်လေ့လာ ကြည့်ရှု

၂၄ မေလ ၂၀၁၈ တွင် မြန်မာနိုင်ငံဆိုင်ရာ ချက်နိုင်ငံ သံအမတ်ကြီး H.E. Jaroslav DOLEČEK အေအေပီပီပြခန်း Memory of the Past အားလာရောက်လေ့လာ ကြည့်ရှုသည်။ သံအမတ်ကြီးအား အေအေပီပီမှ တာဝန်ရှိသူများမှ ကြိုဆိုနှုတ်ဆက်ပြီး၊ အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင်နှင့် တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်တို့မှ ပြခန်းအားလှည့်လည်ရှင်းပြခဲ့ပြီး၊ သံအမတ်ကြီးအား အေအေပီပီ၏ အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့သည်။

Project 2049 မှ Rachael Burton နှင့် Cherry Zahau တို့ အေအေပီပီရုံးနှင့်ပြခန်းသို့လာရောက်လည်ပတ်

၂၄ မေလ ၂၀၁၈ တွင် Project 2049 မှ Rachael Burton နှင့် Cherry Zahau တို့ အေအေပီပီရုံးသို့လာရောက်လည်ပတ်၍ အေအေပီပီ၏ ပြခန်း “Memory of the Past” အားကြည့်ရှုပြီး လူ့ခွင့်အရေးနှင့်ပတ်သတ်၍ အေအေပီပီ၏ဆောင်ရွက်ချက်များ၊ ဥပဒေပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်ချက်များ စသည်တို့အားဆွေးနွေးကြသည်။ ဆွေးနွေးပွဲသို့ Ms. Rachael Burton, Ms. Cherry Zahauနှင့် ကိုတိတ်နိုင်၊ ကိုဘိုကြည်၊ ကိုအောင်မျိုးကျော်၊ ၊ ကိုကျော်စိုးဝင်း၊ ကိုဇော်မိုးတို့တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အေအေပီပီမှဧပြီလအတွက်လစဉ်သတင်းလွှာထုတ်ပြန်

အခြေခံလူ့အခွင့်အရေးနှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှု ဆွေးနွေး ပွဲများ ကျင်းပပြုလုပ်ခြင်း ရွှေတောင်မြို့နယ်တွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ တက်ရောက်သူတစ်ဦးမှ ပါဝင်ဆွေးနွေး ဧပြီလအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အခြေခံ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီမံ အုပ်ချုပ်မှု အသိပညာပေး ဆွေးနွေးပွဲပေါင်း ရှစ်ပွဲကို ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ခြောက်မြို့နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်တစ်မြို့နယ်တို့တွင် ကြီးမှူးကျင်းပပေးနိုင်ခဲ့သည်။ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ ရွှေတောင်မြို့နယ်၊ သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့ နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်မြို့နယ်တို့တွင်…

အေအေပီပီလစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် ဧပြီလအတွင်းတွင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အရပ်သားတစ်ဦးသည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဧပြီလအတွင်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်(ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉ ဖြင့် တောင်သူ လေးဦး၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် အရပ်သား တစ်ဦးတို့သည် အမှုဖွင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ ဧပြီလအတွင်းတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀ဝ ဖြင့် ကျောင်းသား ရှစ်ဦးနှင့် မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ရှမ်းတိုင်းရင်းသား ၁၉ ဦးတို့သည် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဧပြီလအတွင်း…

၂၅ နှစ်မြောက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ထုတ်ပြန်ချက်

  ရက်စွဲ။  ။ မေလ ၃ ရက်၊ ၂၀၁၈ ခုနှစ် ၂၅ နှစ်မြောက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(အေအေပီပီ)သည် မြန်မာနိုင်ငံအတွင်း စာနယ်ဇင်းလွတ်လပ်ခွင့်ကျဆင်းလာခြင်း နှင့်အတူ နိုင်ငံသားနှင့်နိုင်ငံရေးအခွင့်အရေးများလျော့နည်းလာခြင်းအပေါ် စိုးရိမ်မှုများပိုမိုမြင့်တက်လာပါသည်။ ပြီးခဲ့သည့် ၂၀၁ရ ခုနှစ် ကမာ္ဘ့သတင်းလွတ်လပ်ခွင့်နေ့မှ တစ်နှစ်အတွင်း သတင်းသမားများသည် မတရား ဖမ်းဆီးဖိနှိပ်မှုများနှင့် နှောင့်ယှက်မှုများအား ဆက်လက်ရင်ဆိုင်နေကြရသည်ကို ရိုက်တာ(Reuters) သတင်းဌာနမှ သတင်းထောက် နှစ်ဦးဖြစ်သည့် ကိုသက်ဦးမောင် ခေါ် ကိုဝလုံး၊ ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်နှင့် ယနေ့မြန်မာ…

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွေ့ဆုံ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တို့ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေး ၂၀၁၈ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့ မွန်းလွှဲ ၃ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒေါက်တာ သီတာလှ (ကုသရေး ဒု-ညွှန်ချုပ်)၊ ဒေါက်တာသောင်းလှိုင်(ပြည်သူ့ကျန်းမာရေးဒု-ညွှန်ချုပ်)၊ ဒေါက်တာထက်လင်း၊ ဒေါက်တာဟန်နီဝင်း၊ အေအေပီပီမှ ကိုအောင်မျိုးကျော် (ရန်ကုန်ရုံးတာဝန်ခံ)၊ ကိုကျော်စိုးဝင်း (စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ် တာဝန်ခံ) တို့ တွေ့ဆုံပြီး စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ရေးလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မှဒုဥက္ကဌ ဦးစစ်မြိုင်နှင့်အဖွဲ့ AAPP ပြခန်းသို့ လာရောက်လေ့လာကြည့်ရှု

ယနေ့ ၃ဝ ဧပြီလ ၂၀၁၈ နေ့ နေ့လယ် ၁ နာရီမှ ၂ နာရီ ၃ဝ ထိ “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဌ ဦးစစ်မြိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမှတ် (၇၅) ဥဿဖရားလမ်း၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်မြို့ AAPP ရုံးသို့ လာရောက်လည်ပတ်ခဲ့ကြပြီး၊ အေအေပီပီမှ ဖွင့်လှစ်ပြသထားသည့် Memory of The Past အမည်ရ ပြခန်းအား လေ့လာကြည့်ရှုခဲ့ကြပါသည်။ MNHRC မှ ဒုတိယဥက္ကဌ ဦးစစ်မြိုင်ဦးဆောင်သောအဖွဲ့အား…

OHCHR Regional Officer for South East Asia မှအေအေပီပီပြခန်းသို့လာရောက်လေ့လာ

ယနေ့ ဧပြီလ ၂၉ ရက် ၂၀၁၈ နေ့နေ့လည် ၂ နာရီတွင် OHCHR Regional Office for South East Asia မှ John Coughlan (Human Rights Officer )နှင့် Raja Azwa Petra (Human Rights Officer Asia – Pacific Section) တို့သည် အမှတ် (၇၅) ဥဿဖရားလမ်း၊ ၃၃ တိုးချဲ့ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ရန်ကုန်မြို့…

အမေရိကန်သံအမတ်ကြီးနှင့်အဖွဲ့အေအေပီပီ(ဘီ)ပြခန်းသို့ လာရောက်လေ့လာကြည့်ရှု

27.4.2018 ရက်နေ့၊ နေ့လည် ၂ နာရီတွင် US Embassy မှ Scott Marciel (US Ambassador), Sean R.Smith (Political Officer), Khine Mwan Lurnn (Political Specialist) နှင့် သံရုံးမှဝန်ထမ်း ၂ ဦး တို့သည် ရန်ကုန်ရှိ AAPP ပြခန်းသို့ လာရောက်လေ့လာခဲ့ပြီး ကိုဘိုကြည်၊ ကိုကျော်စိုးဝင်း ကိုဇော်မိုးတို့နှင့် AAPP ၏ လက်ရှိလုပ်နေသောလုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် လူ့အခွင့်အရေးအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။…

ဩစတေးလျနိုင်ငံမှ သံအရာရှိနှင့် အဖွဲ့ အေအေပီပီ ပြခန်းသို့ လေ့လာ

ဧပြီလ ၂၆ ရက်နေ့ ၂၀၁၈ နေ့လည် ၂ နာရီတွင် ဩစတေးလျနိုင်ငံ သံရုံးမှ သံအရာရှိများဖြစ်သည့် Jerey Kruse (Deputy Head of Mission), Alex Street (First Secretary), and Jonathan McManus (Senior Policy Officer) တို့သည် ရန်ကုန်မြို့ရှိ အေအေပီပီရုံးတွင် မတ်လ ၂၃ ရက်နေ့မှ စတင်ဖွင့်လှစ်ပြသထားသည့် Memory of the past အမည်ရှိ ပြခန်းသို့လာရောက်လေ့လာခဲ့ကြပါသည်။ အေဆေအပီပီမှ…