အေအေပီပီမှထုတ်ပြန်သည့် ဇန်နဝါရီလ ၂၀၁ရ အတွက် လစဉ်သတင်းလွှာ

လူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချ ပေးခြင်း ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ရှိ အစိုးရ အထက်တန်းကျောင်းတွင် လူ့အခွင့်အရေး ဆိုင်ရာ ဟောပြော၊ပို့ချ အစိုးရကျောင်းများ၊ပုဂ္ဂလိကကျောင်းများနှင့် လူထုတွင်းတွင် လူ့အခွင့် အရေးဆိုင်ရာဟောပြော၊ဆွေးနွေးပွဲ ပို့ချပေးခြင်း ဇန်နနဝါရီလတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) မှ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ ပေါင်း ၁၆ ပွဲကို အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘော်ဒါ ဆောင်နှင့် လူထုတွင်းတွင် ဟောပြော၊ဆွေးနွေး၊ပို့ချပေးနိုင်ခဲ့သည်။ ထိုသို့ဟောပြောနိုင်ရန်အတွက်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ၈၈ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူမှုအဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့်…

ငှက်အော်စမ်း လူငယ်သင်တန်းကျောင်း သို့ လေ့လာရေး ခရီးစဉ်

၂၀၁ရ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် AAPP မှ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည် ဦးဆောင်သော AAPP အဖွဲ့သားများသည် ကော့မှူးမြို့နယ် ၊ ငှက်အော်စမ်း ကျေးရွာတွင် တည်ရှိသော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း သို့ လေ့လာရေးခရီးစဉ် အဖြစ်ရောက်ရှိခဲ့ကြပါသည်။ အဆိုပါခရီးစဉ်မှာ AAPP နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး နှင့် အဖွဲ့ဝင်များ ဒီဇင်ဘာလဆန်းပိုင်းက နေပြည်တော်တွင် တွေ့ဆုံခဲ့မှုအပြီး နောက်ဆက်တွဲ ပူးပေါင်းဆောင်ရွက်ခြင်း…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ သဘောထား ထုတ်ပြန်ချက်

ရက်စွဲ။  ။ ဇန်နဝါရီလ ၃ဝ ရက်နေ့၊ ၂၀၁ရ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥပဒေအကြံပေးတဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပပြုလုပ်သော Senior Leadership Program ဖြစ်သည့် ဘာသာအယူ မတူကွဲပြားသူများအကြား ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်မှု လေ့လာရေးခရီးစဉ်မှ ရန်ကုန်သို့ပြန်လည်ရောက်ရှိစဉ် မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁ရ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် အကြမ်းဖက်သမားတဦး၏ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရှိရပါသည်။ ဦးကိုနီသေဆုံးခြင်းအတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ မိသားစုနှင့်ထပ်တူ၊…

လူ့အခွင့်အရေးဆောင်ရွက်နေသော CSO များနှင့် Ms. Yan Hee Lee တို့တွေ့ဆုံဆွေးနွေး

၁ရ ဇန်နဝါရီ ၂၀၁ရ တွင် ရန်ကုုန်မြို့ UNDP ရုုံး ဦးသန့်ခန်းမ၌ လူ့အခွင့်အရေးဆောင်ရွက်နေသော CSO များနှင့် Ms. Yan Hee Lee တိုု့ နံနက် ၈နာရီမှ ၁၁နာရီထိ တွေ့ဆုုံ၍ မြန်မာနိုုင်ငံလူ့အခွင့်အရေးအခြေအနများ၊ အစိုုးရနှင့် လွှတ်တော်တို့၏ လုုပ်ဆောင်ချက်များနှင့် ၎င်းတိုု့၏ အခန်းကဏ္ဍတို့ကို တွေ့ဆုုံဆွေးနွေးခဲ့ကြသည်။ ထိုအစည်းအဝေးသိုု့ AAPPမှ ကိုုဇော်မိုုးတက်ရောက်ခဲ့ပြီး၊ LRC မှ Daw Pancy Htun Thein, Equality Myanmar မှ ကိုုအောင်မျိုးမင်း၊…

အေအေပီပီမှ ဒီဇင်ဘာလအတွက် နိုင်ငံရေးအကျဉ်းသားများအခြေအနေပြ လစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများစာရင်း

တစ်လအတွင်းသုံးသပ်ချက် ဒီဇင်ဘာလတွင်းတွင် တိုင်းရင်းသားဒေသများများမှ တိုင်းရင်းသားကိုးဦး၊ ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ၆၆(ဃ)ဖြင့် နှစ်ဦးနှင့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ဗဟိုကော်မတီဝင် တစ်ဦးတို့အပါအဝင် ၁၂ ဦး ဖမ်းဆီး ခံခဲ့ရသည်။ ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ၆၆(ဃ) ဖြင့်ပင် သုံးဦး တရားစွဲဆိုခံခဲ့ရသည်။ လယ်သမား ၈၂ ဦး၊ ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆ (ဃ) ဖြင့် တစ်ဦး၊ မတရားအသင်းအက်ဥပဒေ ၁ရ (၁) ဖြင့် နှစ်ဦး အပါအဝင် စုစုပေါင်း…

ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ နှင့် အေအေပီပီ တွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော်, ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ,နေပြည်တော်နှင့် အေအေပီပီတို့၏ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစည်းအဝေးကို ကော်မတီ၏ ဖိတ်ကြားချက်အရ အေအေပီပီမှ ကိုဘိုကြည်၊ ကိုအောင်မျိုးကျော်၊ ကိုဇော်မိုးနှင့် ကိုကျော်စိုးမိုးတို့တက်ရောက်ကြသည်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ, ပြည်သူ့လွှတ်တော်မှ ကော်မတီ ဥက္ကဌ ဒေါက်တာအောင်ထွန်းခိုင်၊ အတွင်းရေးမှူးဦးတင့်စိုးနှင့် ကော်မတီဝင်များတက်ရောက်ကြပြီး၊ အစည်းအဝေးအား ပြည်သူ့လွှတ်တော်, ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီရုံး (I-2) ၌ နေ့လည် ၂နာရီခွဲမှ ညနေ ၅နာရီထိကျင်းပခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)၏ လစဉ်သတင်းထုတ်ပြန်မှုပုံစံပြောင်းလဲခြင်းအတွက် အသိပေးကြေညာချက်

ချစ်ခင်လေးစားရပါသော AAPP အားပံ့ပိုးကူညီသူများနှင့်ထောက်ခံသူများခင်ဗျား နှစ်ငါးဆယ်အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခဲ့သော အရပ်သားအစိုးရသည် လက်ရှိအချိန်တွင် ပြုပြင်ပြောင်း လဲရေးများ ပြုလုပ်ရန်အခွင့်အလမ်းများ ရရှိလာခဲ့ပြီဖြစ်သည်။ ထိုအခွင့်အလမ်းများမှာ ဥပဒေရေးရာ နှင့်မူဝါဒရေးရာ ပြုပြင်ပြောင်းလဲရန်အတွက် အခွင့် အရေးများနှင့် နိုင်ငံရေးအကျဉ်းသားရေးရာကိစ္စများအပေါ် တိုးတက်မှုတချို့ပြုလုပ်ရန်တို့ဖြစ်သည်။ နိုင်ငံအနှံ့အပြားတွင် လူ့အခွင့်အရေးချိုးဖောက်မှု များ၊ နိုင်ငံရေးနှင့်နိုင်ငံသားတို့၏ အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေသည့်အပြင် နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ရှိနေခြင်းကြောင့် မြန်မာ နိုင်ငံတွင်းထိုအခြေအနေများကို အနီးကပ်စောင့်ကြည့်ခြင်းနှင့်မှတ်တမ်းပြုခြင်းတို့ဆက်လက်ပြုလုပ်ရန် မရှိမဖြစ်အရေးကြီးပါသည်။ နိုင်ငံရေးအခြေအနေများပြောင်းလဲလာခြင်းနှင့်အတူ AAPP မှ ထိုပြောင်းလဲလာခြင်းကို ထင်ဟပ်စေမည့် အဖွဲ့အစည်း၏လုပ်ငန်းဆောင်တာများကိုလည်း ပြောင်းလဲရန်…

နိုဝင်ဘာလ နိုင်ငံရေးအကျဉ်းသားအခြေအနေပြ လစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း

လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလကုန်တွင် မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၈ရ ဦး အကျဉ်းကျခံ နေရသည်။ တက်ကြွလှုပ်ရှားသူ ၁၀၈ ဦးသည် နိုင်ငံရေး လှုပ်ရှား မှုများကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင်နေ ရပြီး ထိုထဲမှ ၂၄ ဦးသည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရ သည်။ တစ်လအတွင်း သုံးသပ်ချက် ယခုလတွင် တက်ကြွလှုပ်ရှားသူ တစ်ဦး အပါအဝင် ၈၅ ဦးဖမ်းဆီးခံခဲ့ရ သည်။ ထို ၈၅…

အမျိုးလွှတ်တော်၌ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနို်င်ငံ) မှ အကျဉ်းထောင်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ

ယနေ့ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၁၆ နေ့တွင် အမျိုးလွှတ်တော်၌ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနို်င်ငံ) မှ အကျဉ်းထောင်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲအား ပြုလုပ်ကျင်းပရာ အမျိုးသားလွှတ်တော်ဒုတိယ ဥက္ကဌ ဦးအေးသာအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဦးအောင်မျိုးကျော် (အေအေပီပီ)မှ အခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို၎င်း၊ ဦးကိုကိုကြီး (၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ အကျဉ်းထောင်နှင့် အကျဉ်းသားအခွင့်အရေးအကြောင်းကို၎င်း၊ ဦးဘိုကြည် (အေအေပီပီ) တွဲဘက်အတွင်းရေးမှူးမှ မြန်မာနိုင်ငံအကျဉ်းထောင်အခြေအနေနှင့် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလားအလာတို့အား ဆွေးနွေးခဲ့ကြပါသည်။ UNOHCHR မှ Mr. Andrew မှ…

လူမှုဝန်ထမ်း- ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် အေအေပီပီတွေ့ဆုံ

ယနေ့ ဒီဇင်ဘာလ ၉ ရက် ၂၀၁၆ နေ့တွင် နံနက် ၁၁ နာရီ ၁၅ မိနစ်မှ ၁၁ နာရီ ၄၅ မိနစ်ထိ လူမှုဝန်ထမ်း- ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) တို့ဝန်ကြီးရုံး (မေခလာ)အစည်းအဝေးခန်းမ ၌တွေ့ဆုံခဲ့ပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည် – အေအေပီပီ ပြည်တွင်းတာဝန်ခံ ဦးအောင်မျိုးကျော်၊ ဦးစောသက်ထွန်း၊ ဦးဇော်မိုးနှင့် ဦးမောင်မောင်နိုင်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပြီး  ဝန်ကြီးဌာနနှင့် အေအေပီပီတို့…