မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အေအေပီပီသို့ လာရောက်လည်ပတ်

ယနေ့ ၆ ဇွန်လ ၂၀၁ရ တွင် မြန်မာနိုုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်နာများဖြစ်သော ဦးယုုလွင်အောင်၊ ဒေါက်တာမြင့်ကြည်၊ ညွှန်ကြားရေးမှူးချုပ် ဦးဖုုန်းကြွယ်၊ ညွှန်ကြားရေးမှူး ဦးသူရကျော်၊ လူ့အခွင့်အရေးအရာရှိ ဦးရဲနောင်လွင်တိုု့ နိုုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း သုို့ လာရောက်လည်ပတ်ခဲ့သည်။ အေအေပီပီ၏ ပြခန်းငယ်အား ကြည့်ရှုပြီးနောက်၊ အေအေပီပီဖွဲ့စည်းပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်၊ အေအေပီပီ၏ vision, mission, objectives၊ အေအေပီပီ လက်ရှိလုုပ်ဆောင်နေသော ဆောင်ရွက်မှုများ၊ စသည်တိုု့အား အေအေပီပီမှ တာဝန်ရှိသူများမှ ရှင်းလင်းဆွေးနွေးပြီး၊ ကျန်ရှိနေသော နိုုင်ငံရေးအကျဉ်းသားများကိစ္စ၊ နိုုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တိုု့ပူးပေါင်းလုုပ်ဆောင်နိုုင်မည့် အခန်းကဏ္ဍများအား…

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီနှင့်အေအေပီပီဆွေးနွေး.

ယနေ့ ၂၂ မေ ၂၀၁ရ နေ့ နေ့လည် ၁၄ နာရီအချိန်တွင် အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-16) ၌ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဌဦးဇော်မင်း၊ အဖွဲ့ဝင် ဦးအောင်သိန်းတို့နှင့် အေအေပီပီမှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်၊ ဦအောင်မျိုးကျော်၊ ဦးဇော်မိုးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ အကျဉ်းထောင်ဥပဒေပြင်ဆင်ရေးဆွေးနွေးခဲ့ကြပါသည်။

ရှေ့နေ ဒေါ်ခင်ခင်ကျော်နှင့် တက်ကြွလှုပ်ရှားသူ ကိုသန်းထိုက်တို့၏ တရားစီရင်မှုကြန့်ကြာနေခြင်းနှင့် ပတ်သက် ၍ သဘောထား ထုတ်ပြန်ချက်

ရက်စွဲ။           ။ မေလ (၁၈) ရက်၊ ၂၀၁ရ ခုနှစ်   ရှေ့နေ ဒေါ်ခင်ခင်ကျော်နှင့် တက်ကြွလှုပ်ရှားသူ ကိုသန်းထိုက်တို့၏ တရားစီရင်မှုကြန့်ကြာနေခြင်းနှင့် ပတ်သက် ၍ သဘောထား ထုတ်ပြန်ချက်   ၂၀၁၅ ခုနှစ်၊ မတ်လတွင် အမျိုးသား ပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြနေစဉ်အတွင်း လက်ပံတန်းမြို့နယ်တွင် ဖမ်းဆီး၊ ထိန်းသိမ်းခံခဲ့ရသော ကျောင်းသားများနှင့် ဝန်းရံသူများ၏ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေများ ကွန်ယက်မှ ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ခင်ခင်ကျော်နှင့် ဆန္ဒပြ ကျောင်းသားများအား ဝန်ရံပေးသည့်အတွက် သာယာဝတီထောင်တွင်…

အေအေပီပီမှ လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းနှင့် ဧပြီလအတွက် လစဉ်အစီရင်ခံစာထုတ်ပြန်ချက်

လက်ရှိအခြေအနေအကျဉ်းချုပ် ၂၀၁ရ ခုနှစ်၊ ဧပြီလကုန်တွင် မြန်မာနိုင်ငံတွင်း၌ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထိန်း သိမ်းခံထားရသူ ၃၀၅ ဦးရှိသည်။ ထိုထဲမှ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၉၉ ဦး အကျဉ်းကျခံနေ ရပြီး တက်ကြွလှုပ်ရှားသူ ၉၁ ဦးသည် ထောင်တွင်း မှနေ၍ တရားရင်ဆိုင်နေရကာ ၁၁၅ ဦးသည် ထောင်ပြင်ပမှနေ၍ တရားရင်ဆိုင်နေရ သည်။ တစ်လအတွင်းသုံးသပ်ချက် ဧပြီလတွင်းတွင် လယ်သမား ၁၆ ဦး၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ) ဥပဒေ၊…

အေအေပီပီ လစဉ်သတင်းလွှာ မတ်လ၂၀၁၇

လူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချ ပေးခြင်း ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် AAPP အဖွဲ့ဝင် ကိုဝဏ္ဏနွယ်မှ လူ့အခွင့်အရေး ဆိုင်ရာ ဟောပြော၊ပို့ချ လူထုတွင်း လူ့အခွင့်အရေးဆိုင်ရာဟောပြော၊ ဆွေးနွေးပွဲများ ပို့ချပေး ခြင်း မတ်လတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေး ပွဲ ပေါင်း ၁၃ ပွဲကို လူထုတွင်းတွင် ဟောပြော၊ဆွေးနွေး၊ ပို့ချပေး နိုင်ခဲ့သည်။ ဟောပြော၊ ဆွေးနွေးပွဲပေါင်း ရှစ်ပွဲကို တနလာင်္ရီတိုင်း၊ ပုလောမြို့နယ်တွင်းရှိ ကျေးရွာ ရှစ်ရွာတွင် လည်းကောင်း၊ ဟောပြော…

မတ်လ၂၀၁ရ ခုနှစ်၊ လစဉ်အစီရင်ခံစာ

  လစဉ်အစီရင်ခံစာသုံးသပ်ချက်အပြည့်အစုံကိုဒေါင်းလော့ရယူရန် March Month in Review (Finalized Burmese-PDF) လစဉ်သတင်းဖော်ပြချက်အား ဒေါင်းလော့ရယူရန် March Chronology(Burmese-PDF) လစဉ်သတင်းစဉ် ဒေါင်းလော့ရယူရန် March Newsletter FINAL လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းကိုဒေါင်းလော့ရယူရန် 93 Remaining PPs Updated on Mar 31, 17 အမှုရင်ဆိုင်ဆဲ တက်ကြွလှုပ်ရှားသူများစာရင်း ဒေါင်းလော့ရယူရန် 206 facing trial list updated on Mar 31, 17 (burmese)

အေအေပီပီ နှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်အဖွဲ့တွေ့ဆုံ

၂၂-၃-၂၀၁ရ ရက်နေ့ညနေ ၄ နာရီအချိန် ပဲခူးတိုင်းလွှတ်တော် ဥက္ကဌရုံးခန်းတွင် လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်။ဒုဥက္ကဌဦးကြည်ဇင်။ ပညာရေး ကျန်းမာရေး လူမှုရေး အလုပ်သမားရေးရာကော်မတီဥက္ကဌ ဒေါက်တာကျော်ကျော် တို့နှင့် အေအေပီပီမှ ကိုအောင်မျိုးကျော်-ကိုလွင်မိုးမြင့် -ပဲခူးတိုင်းအရှေ့ခြမ်းနိုင်ကျဉ်းဟောင်းအဖွဲ့တို့တွေ့ဆုံပြီး ဒီမိုကရေစီအရေးတော်ပုံအဆက်ဆက်ကျဆုံးရဲဘော်များအတွက်ဂုဏ်ပြုကျောက်တိုင်စိုက်ထူရေးဆွေးနွေးခဲ့ပါသည်။

ဖေဖော်ဝါရီ နိုင်ငံရေးအကျဉ်းသားများအခြေအနေပြ လစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း ထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် ဖေဖော်ဝါရီလတွင်းတွင် ၉၂ ဦး ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့ထဲမှ ၉ဝ ဦးသည် တိုင်းရင်းသားများဖြစ်ပြီး တစ်ဦးသည် ဆယ်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် ဖမ်းဆီးခံခဲ့ရကာ ကျန်တစ်ဦးသည် ငြိမ်း၊စု၊စီအက်ဥပဒေပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ဖေဖော်ဝါရီလတွင်း ၄၂ ဦး တရားစွဲဆိုခံခဲ့ရပြီး ထို ၄၂ ဦးထဲမှ ၃၆ ဦးသည် လယ်သမားများဖြစ်ဖြစ်ကြသည်။ ယခုလတွင် လယ်သမား ၁၅ ဦး၊ တက်ကြွလှုပ်ရှားသူ နှစ်ဦးအပါအဝင် စုစုပေါင်း ၁ရ ဦး လွတ်မြောက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားနှစ်ဦးမှာမှု…

လစဉ်သတင်းလွှာ ဖေဖော်ဝါရီလ၂၀၁၇

               လူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချ ပေးခြင်း                         မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လူထုတွင်း၌ လူ့အခွင့်အရေးဆိုင်ရာ ဟောပြော၊ပို့ချ လူထုတွင်းတွင်လူ့အခွင့်အရေးဆိုင်ရာဟောပြော၊ ဆွေးနွေးပွဲများ ပို့ချ ပေးခြင်း ဖေဖော်ဝါရီလတွင်းတွင် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်း (AAPP) မှ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေး ပွဲပေါင်း ၉ ပွဲကိုလူထုတွင်းတွင်…

ဇန်နဝါရီလအတွက် နိုင်ငံရေးအကျဉ်းသားအခြေအနေပြလစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း

လက်ရှိအခြေအနေအကျဉ်းချုပ် ၂၀၁ရ ခုနှစ်၊ ဇန်နဝါရီလကုန်တွင် မြန်မာနိုင်ငံ တွင်း၌ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထိန်း သိမ်းခံထားရသူ ၂၅ဝ ဦးရှိသည်။ ထိုထဲမှ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၈၆ ဦး အကျဉ်း ကျခံနေရပြီး တက်ကြွလှုပ်ရှားသူ ၉ဝ ဦးသည် ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရကာ ၇၄ ဦးသည် ထောင်ပြင်ပမှ နေ၍ တရားရင်ဆိုင်နေရ သည်။ တစ်လအတွင်းသုံးသပ်ချက် ယခုလတွင် တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၃ဝ ဦး ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့ထဲမှ ၂၅…