မတ်လ ၂၀၁၈ခုနှစ် အေအေပီပီလစဉ်သတင်းလွှာ

ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့်လူ့အခွင့်အရေးအသိပညာပေးဆွေးနွေးပွဲများပြုလုပ်ခြင်း လက်ပံတန်းမြို့နယ်တွင် ပြုလုပ်သော အခြေခံ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု ဆွေးနွေးပွဲ ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ကိုးမြို့နယ်တွင် အခြေခံလူ့အခွင့်အရေးနှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှု ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ခြင်း မတ်လအတွင်းတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) မှ အခြေခံ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီမံ အုပ်ချုပ်မှု အသိပညာပေး ဆွေးနွေးပွဲ (၉) ပွဲကို ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၉) မြို့နယ်ဖြစ်သည့် မိုးညိုမြို့နယ်၊ သာယာဝတီ မြို့နယ်၊ ဇီးကုန်း…

၂၀၁၈ ခုနှစ် မတ်လအတွက်လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် မတ်လအတွင်းတွင် အရပ်သား စုစုပေါင်း ၆၈ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို ၆၈ ဦးအနက်မှ တောင်သူ နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၄၁၊ ၃၃၃ ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့မရဲစခန်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၆ ဦးကို ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)၊ ၂၃ ဦးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊  ၂ရ ဦးကို ကရင်လက်နက်ကိုင်အဖွဲ့တို့မှ ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။ မတ်လအတွင်းတွင် မတရားအသင်း အက်ဥပဒေ ၁၇(၁) ဖြင့် တစ်ဦး၊ ရာဇသတ်ကြီးပုဒ်မ…

အေအေပီပီမှဖေဖော်ဝါရီလအတွက် လစဉ်သတင်းလွှာ

အခြေခံလူ့အခွင့်အရေးနှင့်ကောင်းမွန်သောစီမံအုပ်ချုပ်မှု ဆွေးနွေးဟောပြောပွဲများ ဒိုက်ဦးမြို့နယ်တွင် ပြုလုပ်သော အခြေခံ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု ဆွေးနွေးပွဲကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက် ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တွင် အခြေခံလူ့အခွင့်အရေးနှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှု ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်ခြင်း ဖေဖော်ဝါရီလအတွင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) မှ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်တွင် အခြေခံ လူ့အခွင့်အရေးနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှု အသိပညာပေး ဆွေးနွေးပွဲ ၁၄ ပွဲကို ကြီးမှူး…

အေအေပီပီမှဖေဖော်ဝါရီလအတွက်လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် ဖေဖော်ဝါရီလအတွင်းတွင် အရပ်သား စုစုပေါင်း ၃၆ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို ၃၆ ဦးထဲမှ ၂၈ ဦးသည် လီဆူတိုင်းရင်းသား များဖြစ်ကြပြီး ကချင် လွတ်မြောက်ရေးတပ်မတော်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကျန် ရှစ်ဦးသည် စစ်တွေမြို့ ဗုံးပေါက်ကွဲမှုနှင့် ဆက်နွယ်ကာ သံသယဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသူများဖြစ်သည်။ ဖေဖော်ဝါရီလအတွင်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ (ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉ ဖြင့် ငါးဦး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ပုဒ်မ ၅ဝ (က)၊ (ဈ)…

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲ

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးအလုပ်ရုံဆွေးနွေးပွဲအား နေပြည်တော်ရှိ Hotel Max တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း တို့ပူးပေါင်း၍ ၂၀၁၈ခုနှစ်၊မတ်လ ၈/၉ရက်နေ့များတွင်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး အေအေပီပီမှ ကိုတိတ်နိုင်မှ ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်အားရှင်းလင်းတင်ပြခဲ့ပါသည်။ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်မှ ကော်မရှင်၏ ထောင်အတွေ့အကြုံများကိုရှင်းပြခဲ့ပါသည်။ အေအေပီပီမှ ကိုဘိုကြည်မှ အကျဉ်းထောင်စနစ်ပြုပြင်လဲရေးအတွက်အကြံပြုချက်များကိုတင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ မေးခွန်းများပြန်လည်မေးမြန်းခဲ့ပါသည်။ ဆွေးနွေးပွဲတွင် Main Facilitator အဖြစ် ကိုအောင်သူငြိမ်း က ကူညီပေးခဲ့ပြီး။ တိုက်ရိုက်ဘာသာပြန်ဆိုမှု ကို ကိုစိုးမြတ်သူ -နိုင်ကျဉ်းဟောင်း က ကူညီပေးခဲ့ပါသည် ICRC မှ Mr…

တရားဥပဒေစိုးမိုးရေးအတွက်တရားမျှတမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးညီလာခံ

တရားဥပဒေစိုးမိုးရေးအတွက်တရားမျှတမှုဆိုင်ရာပေါင်းစပ်ညီနှိုင်းရေးညီလာခံအား ရ မတ်လ ၂၀၁၈နှင့် ၈ မတ်လ ၂၀၁၈ တွင် နေပြည်တော် MICC-2၌ ကျင်းပခဲ့ပါသည်။. “တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံ” သို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကိုဇော်မိုး (မှတ်တမ်းနှင့် သုတေသန တာဝန်ခံ/ နိုင်ငံခြားရေးရာ ဒုတိယတာဝန်ခံ) မှတက်ရောက်ခဲ့ပြီး၊ “တရားမျှတမှုလက်လှမ်းမီစေခြင်းနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး” အခန်းကဏ္ဍ ၌ အကျဉ်းထောင်တွင်းရှိ အကျဉ်းသားများ တရားမျှတမှု လက်လှမ်းမှီစေရေး၊ တည်ဆဲဥပဒေများ ပြန်လည်ဆန်းစစ်သုံးသပ်ရေး၊ ဓလေ့ရိုးရာ ဥပဒေများ လေ့လာဆန်းစစ်ရေး စသည်တို့အား…

နိုင်ငံရေးလှုပ်ရှားမှုများနှင့်၎င်းတို့ပါဝင်ဆောင်ရွက်ခဲ့မှုများ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူများ၏ အကျဉ်းကျခံရစဉ်ကတွေ့ကြုံခံစားခဲ့ရမှုများ

အကျဉ်းချုပ် ကမာ္ဘတစ်ဝန်းတွင် အကျဉ်းချခံထားရမှုနှုန်းများသည် တဖြည်းဖြည်း မြင့်တက်လျှက်ရှိပြီး ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း အကျဉ်းချခံထားရသော အမျိုးသမီးဦးရေသည် ၅၀% အထိ မြင့်တက်ခဲ့သည်။ ထိုကဲ့သို့ မြင့်တက်လာခြင်းသည်   တရားစွဲဆိုခြင်း မပြုမီ ထိန်းသိမ်းထားခြင်းကို အားပေးခြင်းနှင့် ရာဇဝတ်မှုဆိုင်ရာ တရား စီရင်ရေး စနစ်တွင် အကျဉ်းချထားခြင်းကို အဓိက လက်ကိုင်ထားခြင်းစသည့် မူဝါဒဆိုင်ရာ ပြောင်းလဲမှုများ ကြောင့်ဖြစ်သည်။ အရှေ့တောင်အာရှ၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် အကျဉ်းချခံထားရသော အမျိုးသမီး အရေအတွက်သည် တကမာ္ဘလုံးတွင် အကျဉ်းချခံထားရသော ပျှမ်းမျှ အမျိုးသမီးအရေအတွက်ထက်…

အေအေပီပီမှထုတ်ပြန်သည့် ဇန်နဝါရီလအတွက် လစဉ်သတင်းလွှာ

                                        AAPP တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည်မှ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား ပဲခူးတိုင်း၊ သနပ္ပင်မြို့နယ်တွင် လူ့အခွင့်အရေး အသိပညာပေး ဆွေးနွေး ပွဲ ပြုလုပ်ပေးခြင်း ဇန်နဝါရီလ ၃၁ ရက်နေ့တွင် နိုင်ငံရေး…

ဇန်နဝါရီလအတွက်လစဉ်အစီရင်ခံစာထုတ်ပြန်ချက်နှင့်လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း

တစ်လအတွင်းသုံးသပ်ချက် ဇန်နဝါရီလအတွင်းတွင် စုစုပေါင်း ၁၁ ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းတို့မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ ၁၅၃ တို့ဖြင့် နှစ်ဦး၊ ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ (ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉ ဖြင့် ကိုးဦးတို့ဖြစ်ကြပြီး ထိုကိုးဦးထဲမှ တစ်ဦးသည် နိုင်ငံ တော် အလံ အက်ဥပဒေ ပုဒ်မ ၆ ဖြင့်ပါ အမှုဖွင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဇန်နဝါရီလအတွင်းတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို…

အေအေပီပီမှ မြစ်ကြီးနားမြို့တွင် စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ Counseling (၁၀) ရက် သင်တန်းကို သင်ကြားပို့ချ

အေအေပီပီ(AAPP) မှ သင်တန်းဆရာများဖြစ်ကြသော ဦးထင်အောင်နှင့် ဒေါ်ခင်ငြိမ်းချမ်းစိုးတို့သည် ဖေဖော်ဝါရီလ (၁၂) ရက်မှ (၂၃) ရက်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စိတ်ဓါတ်မြှင့်တင်ရေးဆိုင်ရာ Counseling (၁၀) ရက် သင်တန်းကို သင်ကြားပို့ချပေးခဲ့ကြပါသည်။ အဆိုပါသင်တန်းကို ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ ဒေသတွင်းအကြမ်းဖက်မှုများ ပပျောက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးများ ဆောင်ရွက်လျက်ရှိသော Kachin Baptist Convention (KBC) ၊ Karuna Mission Social Solidarity (KMSS) ၊ Kachin Development Group (KDG) နှင့်…