ပဲခူးတက္ကသိုလ် (လူ့အခွင့်အရေးအသိပညာပေးဆွေးနွေးပွဲ).

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီ၊ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း (ပဲခူး) နှင့် ပဲခူးတက္ကသိုလ် ကျောင်းသားသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်) တို့မှ ကြီးမှူးကျင်းပသည့် လူ့အခွင့်အရေးအသိပညာပေး ဆွေးနွေးဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် ၁၃ ဇူလိုင်လ ၂၀၁ရ နေ့ နံနက် ၁ဝ နာရီမှ ၁၂ နာရီထိ ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ သယံဇာတနှင့် သစ်တောရေးရာဝန်ကြီး ဦးကျော်မင်းစံ၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ် ဒေါက်တာမင်းအောင် တို့မှအဖွင့်အမှာစကား…

HRD forum သို့အေအေပီပီမှတက်ရောက်ဆွေးနွေး.

၂၉ ဇွန်လ ၂၀၁ရ နေ့လည် ၃ နာရီ တွင် Summit Park View Hotel ၌ပြုလုပ်သော Human Right Defender Forum “Legal Framework and Initiative to Stop Torture in Myanmar” တွင် အေအေပီပီမှ မြန်မာပြည်တာဝန်ခံ ကိုအောင်မျိုးကျော်မှ မြန်မာနိုင်ငံတွင်းရှိ နှိပ်စက်ညှဉ်းပန်းမှုအခြေအေန၊ ကာကွယ်ပေးနိုင်ရေးယန္တရား၊ နှိပ်စက်ညှဉ်းပန်းမှု အပေါ် ကာကွယ်တားဆီးရန်အေအေပီပီ၏ လုပ်ဆောင်မှုများ၊ UNCAT နှင့် ပတ်သတ်ပြီး အစိုးရမှ…

၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သည့်ညှဉ်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီသည့် နိုင်ငံတကာနေ့ အတွက် သတင်းထုတ်ပြန်ချက်

ညှင်းပန်းနှိပ်စက်မှုများပပျောက်ရေးနှင့် အသက်ရှင်ကျန်ရစ်သူများ၏ လိုုအပ်ချက်များအတွက် ဆောင် ရွက်ပေးခြင်းသည် ဒီမိုုကရေစီနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အဓိကကျသည့် လုုပ်ငန်းဖြစ် သည်။ ဝိမုုတ္တတိ အမျိုးသမီးအဖွဲ့ (VWO)၊ နိုုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုုင်ငံ (WLB)၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုုင်ငံ (ND-Burma)၊ အာရှတရားမျှတမှုနှင့် အခွင့်အရေး (AJAR) တိုု့မှ ညှဉ်းပန်းနှိပ်စက်မှုများ အဆုုံးသတ်ရန်နှင့် အသက်ရှင်သန် လွတ်မြောက်လာသူများအတွက် ပြန်လည်ထူထောင်ရေး လုုပ်ငန်းများလုုပ်ဆောင်ရန် ပန်ကြားလိုုက်သည်။ VWO, AAPP, WLB, ND-Burma နှင့် AJAR…

ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားရက်စက်၍ လူမဆန်သော (သို့မဟုတ်) လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု (သို့မဟုတ်) ပြစ်ဒဏ်ပေးမှု ဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ်

ကျေးဇူးတင်လွှာဤစာအုပ်ဖြစ်မြောက်အောင် အဓိကရံပုံငွေ ထောက်ပံ့ပေးခဲ့သော အန်အီးဒီ (National Endowment for Democracy) နှင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားဗျူရို (Department of State’s Bureau for Democracy, Human Rights and Labor) အား အထူးကျေးဇူးတင်ရှိပါသည်။ဤစာအုပ်ဖြစ်မြောက်ရန် အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို ပေးသော ကိုအောင်မိုးဇော် (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ)၊ ကိုတိုးကျော်လှိုင်၊ ကိုစိုးမြတ်သူ၊ ကိုဘိုကြည် (အေအေပီပီ) နှင့် ကိုဇော်မိုး (အေအေပီပီ)၊ ဝိုင်းဝန်း တည်းဖြတ်ပေးသော…

အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးလက်စွဲ

လက်ရှိအခြေအနေတွင် အကျဉ်းထောင်များနှင့် ပတ်သက်ပြီး တရားဝင် စစ်ဆေးနိုင်သော အဖွဲ့များ ရှိနေပြီးဖြစ်ပါသည်။ အနည်းဆုံး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် လွှတ်တော်အမတ်များ ဖြစ်ပါသည်။ ထို့အပြင် သတင်းမီဒီယာများ အနေဖြင့်လည်း အကျဉ်းထောင်နှင့် ပတ်သက်သော သတင်းများ ထုတ်လွှင့်နေသည်များလည်း ရှိပါသည်။ ထိုသို့သော အဖွဲ့များမှ တာဝန်ရှိသူများအတွက် အထောက်အကူပြုရန် ရည်ရွယ်၍ အကျဉ်းထောင်နှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းသင့်သည်များကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ထုတ်ဝေပေးလိုက်ပါသည်။ အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေးလက်စွဲ အပြည့်အစုံ ဒေါင်းလော့ရယူနိုင်ရန် Prison reform from SSR -Burmese version…

မေလ-အေအပီပီလစဉ်အစီရင်ခံစာထုတ်ပြန်ချက်နှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် မေလတွင်းတွင် လယ်သမား ၂ဝ ဦး၊ လယ်သမားအရေးလှုပ်ရှားသူ တစ်ဦး၊ အလုပ်သမားအရေးလှုပ်ရှားသူ တစ်ဦး၊ ဆက်သွယ် ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် နှစ်ဦးအပါအဝင် စုစုပေါင်း ၂၄ ဦး ဖမ်းဆီးခံခဲ့ရသည်။ မေလတွင်း ၂၁ ဦး ပြစ် ဒဏ်ချမှတ်ခံခဲ့ရသည်။ ထို ၂၁ ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် (ငြိမ်း၊စု၊စီ) ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် ကျောင်းသား လေးဦး၊ ပုဒ်မ ၆၆(ဃ) ဖြင့်…

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးနှင့်အေအေပီပီတွေ့ဆုံ.

ရ ဇွန်လ ၂၀၁ရနေ့၊ နေ့လည်၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းအား အေအေပီပီ(နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း)မှ ဦးဘိုကြည်နှင့်ဦးအောင်မျိုးကျော်တို့သွားရောက်တွေ့ဆုံကာ နိုင်ကျဉ်းဟောင်းများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆွေးနွေးခဲ့ရာ ဝန်ကြီးမှကြိုးစားဆောင်ရွက်ပေးမည့်အကြောင်းပြန်လည်ပြောကြားခဲ့ပါသည်။