ပဲခူးတိုင်းကျောက်ကြီးမြို့နယ်အခြေခံလူ့အခွင့်အရေးနှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှု အသိပညာပေးဆွေးနွေးပွဲ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား အခြေခံလူ့အခွင့်အရေး နှင့် ကောင်းမွန်သောစီမံအုပ်ချုပ်မှု အသိပညာပေး ဆွေးနွေးပွဲ (တရက်တာ) ကို AAPP မှကြီးမှူးကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကို ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင် မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ဆွေးနွေးပွဲဖွင့်ပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူး၊မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ၊မြို့နယ်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှုး၊မြို့နယ်လဝက ဦးစီးမှူးတို့မှတက်ရောက်ခဲ့ပါသည်။AAPP မှ ကိုအောင်မျိုးကျော်မှ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက် များကိုရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ကိုဝဏ္ဏနွယ် လူ့အခွင့်အရေးအကြောင်းများ၊ UDHR အချက် ၃ဝ နှင့် ပတ်သက်၍ ဟောပြောရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ ဆရာရဲအောင်မှ ကောင်းမွန်သော စီမံအုပ်ချုပ်မှု နှင့်…









