အေအေပီပီမှဖေဖော်ဝါရီလအတွက်လစဉ်အစီရင်ခံစာနှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ၈၃ ဦးသည် အမှုဖွင့်၊တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ထို ၈၃ ဦးအနက်မှ ရခိုင်တိုင်းရင်းသား ၁၄ ဦးသည် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ၁၇(၁)၊(၂)၊ ကရင်နီတက်ကြွလှုပ်ရှားသူများ အပါအဝင် တက်ကြွလှုပ်ရှားသူ ၆၈ ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ(ငြိမ်း၊စု၊စီ)ပုဒ်မ ၁၉၊ ၂၀၊ တက်ကြွလှုပ်ရှားသူ တစ်ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ…









