ဗြိတိန်သံရုံးကိုယ်စားလှယ်အဖွဲ့ အေအပီပီသို့ လာရောက်လေ့လာ

၂၀၁၉ ခုနှစ် ဇွန်လ ၁ရ ရက်နေ့၊ နေ့လည် ၂ နာရီ ၃ဝမိနစ်ခန့်တွင် – British Embassy, Yangon မှ Dan Chugg (Ambassador of British Embassy, Yangon) နှင့် Menna Rawlings, Director-General Economic and Global Issues at the Foreign & Commonwealth Office (FCO) တို့ဦးဆောင်သောအဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရုံးသို့လာရောက်ပြီး Memory of…

၂၀၁၉ ခုနှစ်၊ မေလ၊ လစဉ်သတင်းလွှာ

လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို တက်ရောက်လာကြသော နောင်ချိုမြို့နယ်အတွင်းရှိ မူလတန်းနှင့်အလယ်တန်းပြ ဆရာ/ဆရာမများ ကျောက်မဲခရိုင်အတွင်းတွင် အခြေခံ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ပို့ချပေးခြင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း လေးပွဲကို ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ် ဆရာ/ဆရာမကြီးများနှင့် မူလတန်း၊အလယ်တန်းပြ ကျောင်းဆရာ/ဆရာမများကို ဟောပြောပို့ချပေးနိုင်ခဲ့သည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲများသို့ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းအုပ်…

အေအေပီပီမှ မေလအတွက် လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် မေလတွင်း အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသူ ၉ဝ ဦး ရှိခဲ့သည်။ ထို ၉ဝ ဦးသည် မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)၊(၂)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၀၊ ၅၀၅(ခ)၊ ၄၃၅၊ ၃၅၃၊ ၁၈၆၊ ၃၃၂၊ ၃၃၃၊ ၁၁၄၊ ၁၀၄၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေ (ငြိမ်း၊စု၊စီ)ပုဒ်မ ၁၉၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ (က)၊ ၅ဝ (ဈ)၊ ၅၂(က) ၅၄၊ ၁၉၄၉ လက်နက်အရေးပေါ် ယာယီ…

အကျဉ်းထောင်များမှပြန်လည်လွတ်မြောက်လာပြီးကွယ်လွန်နိုင်ကျဉ်းစာရင်းပြုစုနေမှုအပေါ် ထုတ်ပြန်ချက်

ရက်စွဲ- ၂၀၁၉ခုနှစ်၊ဇွန်လ ( ၁၄ )ရက် မြန်မာနိုင်ငံတွင် ၁၉၆၂ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးအချိန်မှစ၍ အာဏာသိမ်းစစ်အစိုးရအဆက်အဆက်တို့မှ အတိုက်အခံနိုင်ငံရေးအကျဉ်းသားများအား ရန်သူသဖွယ်သဘောထားကာ ဖိနှိပ်မှု၊ ချုပ်ချယ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများ တစိုက်မတ်မတ်ပြုလုပ်ခဲ့ပြီး မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းများကို အစဉ်တစိုက်ပြုလုပ်ခဲ့ကြပေသည်။ ၁၉၆၂ခုနှစ်မှစ၍ နဝတ၊နအဖ စစ်အစိုးရအဆက်ဆက်နှင့် ယနေ့အချိန်အထိ ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားပေါင်းမှာ သောင်းချီ၍ရှိနိုင်ပေသည်။ စစ်ကြောရေးစခန်းများတွင် အသက်သေဆုံးသည်အထိ နှိပ်စက်ညှဉ်းပန်းမှုများရှိခဲ့သလို အကျဉ်းထောင်၊  ရဲဘက်စခန်းများတွင်လည်း နှိပ်စက်ညှဉ်းပန်းမှု၊ အစာရေစာမလုံလောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းတို့ကြောင့် သေဆုံးခဲ့သူများ များစွာရှိခဲ့သည်။ ထို့အပြင် ပေါ်တာခေါ်ယူခြင်းခံရပြီး ရှေ့တန်းဒေသများတွင်…

reparation Working Group အဖွဲ့ဝင်များနှင့် အမေရိကန် သံကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေး

၁ဝ ရက်ဇွန်လ ၂၀၁၉ နေ့ နေ့လယ် ၂း၃ဝ အချိန်တွင် Ambassador Kelley Currie, Ambassador Scot Marciel (US Ambassador to the Republic of the Union of Burma), Mr. Ari Bassin (Senior Advisor, US Department of State)တို့နှင့် Reparation Working Group အဖွဲ့ဝင်များဖြစ်ကြသော ကိုတိတ်နိုင်(နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း)၊ ကိုဘိုကြည် (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း)…

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနှင့်အကျဉ်းသားဦးရေ လျော့ချရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ယနေ့ ၅-၆-၂၀၁၉ ရက်နေ့ ပြည်သူ့လွှတ်တော်၊ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးခန်းမတွင် အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနှင့်အကျဉ်းသားဦးရေလျှော့ချရေးလုပ်ငန်းညှိနှိုင်းအစည်းသို့ အေအေပီပီမှ ဦးတိတ်နိုင်၊ဦးဘိုကြည်၊ဦးအောင်မျိုးကျော်နှင့် ဦးစိုးနိုင်တို့တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဌအပါအဝင်ကော်မတီဝင်လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ ICRC ၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၊လွှတ်တော်အခြေပြုပြည်သူ့အထောက်ကူပြုရေးအဖွဲ့ တို့မှ တာဝန်ရှိသူများတက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အမေရိကန်သံရုံးမှ ကိုယ်စားလှယ်အဖွဲ့ အေအေပီပီသို့လာရောက် လေ့လာဆွေးနွေး

၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက်နေ့၊ နေ့လည် ၃ နာရီခန့်တွင် — U.S. Embassy မှ John Ryan (Political Officer, Political-Economic Section), Micah L. Watson (Human Rights International Organizations) နှင့် Khine Mwan Lurnn (Political Specialist – Political and Economic Section) ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ)ရုံးသို့လာရောက်ပြီး Memory…

“Basic Coping Skills, Introduction to Counseling, Common Mental Health Problems and Positive Thinking Training”ကို ပို့ချပေးခြင်း

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP) မှ သင်တန်းနည်းပြ ကိုထင်အောင်နှင့် CETA သင်တန်းနည်းပြ မခင်ငြိမ်းချမ်းစိုးတို့သည် “Basic Coping Skills, Introduction to Counseling, Common Mental Health Problems and Positive Thinking Training” ကို Sandhi Governance Institute ၌ မေလ ၂၅ ရက်နေ့မှ မေလ ၂၆ ရက်နေ့ထိ  နှစ်ရက်တာ ပို့ချပေးခဲ့သည်။…

မကဒတ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော် ကျော်ကို (ဦးကျော်ကိုကိုဝင်း) ကွယ်လွန်ခြင်းအတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ

  မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဗဟိုဦးဆောင်ကော်မတီဝင် တဦးဖြစ်သူ ရဲဘော် ကျော်ကို  (၅၂ နှစ်) သည်  ၂၀၁၉  ခုနှစ် မေလ ၁ရ ရက်နေ့၊ ၂၀၁၉  ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကွယ်လွန်သွားခြင်းအတွက် မိသားစုနဲ့ထပ်တူ၊ မကဒတ နှင့် ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါသည်။ ရဲဘော် ကျော်ကိုသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလကတွင် မုဒုံမြို့နယ်မှ တက်ကြွစွာပါဝင်ခဲ့သူတဦးဖြစ်ပါသည်။ အရေးတော်ပုံကာလအတွင်း နယ်စပ်ဒေသသို့ထွက်ကာ စစ်အာဏာရှင်အား လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သူတဦးဖြစ်ပါသည်။ မကဒတ တွင် တပ်သားမှ ဒု…