ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် MHAP အေအေပီပီတို့ တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌရုံးခန်း၌ စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်မှုကို ကုသပေးခြင်းနှင့် ပြည့်စုံသော စိတ်ကျန်းမာရေးမူဝါဒများ လိုအပ်မှုအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲကျင်းပနိုင်ရန် အကြိုညှိနှိုင်းဆွေးနွေးပွဲအား လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်နှင့် အေအေပီပီမှ ကိုအောင်မျိးကျော်(ရန်ကုန်ရုံးတာဝန်ခံ)၊ ကိုဗိုလ်ဗိုလ်လင်း(စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေးဌာန- စူပါဗိုက်ဆာ)၊ ကိုလွင်မိုးမြင့်(ကောင်ဆယ်လာ)တို့မှ ယနေ့ ၁၄ ဒီဇင်ဘာ ၂၀၁၈ နေ့တွင် အသေးစိတ်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်မှုကို ကုသပေးခြင်းနှင့် ပြည့်စုံသော စိတ်ကျန်းမာရေးမူဝါဒများ လိုအပ်မှုအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲကို လာမည့် ၂၈ ဒီဇင်ဘာ မနက် ၁ဝနာရီမှ၁၂နာရီထိ ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပါသည်။

အကျဉ်းထောင်တွင်းလူဦးရေ လျော့ချ နိုင်ရေး အရေးတကြီး လုပ်ဆောင်ရန်လိုအပ်သည့် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ

အကျဉ်းထောင်များသည် ထိုနိုင်ငံ၏ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့ အားကောင်းခြင်း၊ အားနည်းခြင်းကိုထင်ဟပ်စေပါသည်၊ ထို့အပြင် အကျဉ်းထောင်များသည် အများပြည်သူ မြင်ကွင်းမှ သီးခြားတည်ရှိနေခြင်းကြောင့်၊ အကျဉ်းသားများ ခံစားနေရသည့်အခွင့်အရေး ချိုးဖောက်ခံနေရမှုများအပေါ် အများပြည်သူ၏ သိရှိ၊ စာနာမှုကိုရရှိစေရန် ခက်ခဲစေပါသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အကျဉ်းထောင်များတွင်လည်း အကျဉ်းသားဦးရေမှာ အကျဉ်းထောင်မှ ဝင်ဆံ့နိုင်သော လူဦးရေထက် ပိုများနေတတ်ပြီး လူဦးရေထူထပ်မှုများ ဖြစ်ပေါ်နေလျက်ရှိပါသည်။ အကျဉ်းထောင်အသီးသီး တွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများ လွန်လွန်ကျူးကျူးဖြစ်ပေါ်နေပြီး၊ လူ့အခွင့်အရေးချိုးဖောက်သူများကိုလည်း ပြန်လည်အရေးယူနိုင်ခြင်း အားနည်းသောနာမည်ဆိုးဖြင့် ကျော်ကြားနေသည့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင်…

အကျဉ်းထောင်တွင်းလူဦးရေလျော့ချနိုင်ရေးအရေးတကြီးလုပ်ဆောင်ရန်လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အစီရင်ခံစာမိတ်ဆက်ပွဲ

အကျဉ်းထောင်တွင်းလူဦးရေလျော့ချနိုင်ရေးအရေးတကြီးလုပ်ဆောင်ရန်လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အစီရင်ခံစာမိတ်ဆက်ပွဲအား ရန်ကုန်မြို့ အမှတ် (၀၂) ဖိုးစိန်လမ်း တာမွေမြို့နယ်ရှိ Green Hill Hotel တွင် ယနေ့ ၁၃ ဒီဇင်ဘာ ၂၀၁၈ နေ့ နေ့လယ် ၃ နာရီမှ ညနေ ၅ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာမိတ်ဆက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မီဒီယာ အသီးသီးမှသတင်းထောက်များ၊စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်တွင် မီဒီယာများ၊ တက်ရောက်လာသူများ၏ မေးမြန်းမှုများအား ကိုတိတ်နိုင် (အတွင်းရေးမှူး-…

ပြည်သူ့လွှတ်တော်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီနှင့် အေအေပီပီတို့တွေ့ဆုံဆွေးနွေး

ယနေ၁၂ ဒီဇင်ဘာ ၂၀၁၈ နေ့တွင် ပြည်သူ့လွှတ်တော်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၏ဖိတ်ကြားချက်အရ လွှတ်တော်အတွင်းရှိ အဆိုပါရေးရာကော်မတီအစည်းအဝေးခန်းမတွင် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး၊ဥပဒေပြုပြင်ပြောင်းလဲရေးအကြောင်းအရာများဆွေးနွေးအကြံပြုခဲ့ပါသည်။ ကော်မတီဥက္ကဌအပါအဝင်ကော်မတီဝင်ဆယ်ဦးနှင့်အေအေပီပီမှ ကိုအောင်မျိုးကျော်၊မသန်းသန်းဌေး၊ကိုဝဏ္ဏနွယ်တို့တက်ရောက်ဆွေးနွေးကြပါပြီး၊အစည်းအဝေးအား ညနေ၃နရီခွဲမှ၅နာရီအထိကျင်းပခဲ့ပါသည်။  

ပြင်သစ်သံအမတ်H.E. Ambassador Christian Lechervy နှင့် ချက်သံအမတ်ကြီး H.E. Ambassador Jaroslav DOLEČEKတို့မှ နိုင်ကျဉ်းဟောင်းများတွေ့ဆုံ

ပြင်သစ်သမ္မတ ဖရန်ဆွာမီထရောင်းမှ ချက်ကိုုစလိုုဗက်ကီးယား အတိုုက်အခံများအား မနက်စာဖြင့် ဂုုဏ်ပြုဧည့်ခံခဲ့သော နှစ်(၃၀)မြောက် အမှတ်တရ အခမ်းအနားအဖြစ် ရန်ကုုန်မြို့ချက်ထရီယမ်ဟုိုတယ်တွင် ပြင်သစ်သံအမတ်ကြီး H.E. Ambassador Christian Lechervy နှင့် ချက်သံအမတ်ကြီး H.E. Ambassador Jaroslav DOLEČEK တိုု့မှ မြန်မာနိုုင်ငံမှ နိုုင်ငံရေးအကျဉ်းသားဟောင်း (၈)ဦးအား မနက်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ရာ နိုုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကိုုတိတ်နိုုင် (အတွင်းရေးမှူး) နှင့် ကိုုဇော်မိုုး (မှတ်တမ်းနှင့် သုုတေသနတာဝန်ခံ/ နိုုင်ငံခြားရေးရာ ဒုုတိယတာဝန်ခံ) တိုု့တက်ရောက်ခဲ့သည်။ ချက်သံအမတ်ကြီးမှ ယနေ့သည် နှစ်(၇၀)မြောက်…

အောက်တိုဘာလအတွက် လစဉ်သတင်းလွှာ

လူအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ   ချောင်းဆုံမြို့နယ်၊ အထက(ကလွီ)တွင် ပြုလုပ်သော လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် လူ့အခွင့်အရေး ဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချ ပေးခြင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၁၃) ပွဲကို မွန်ပြည်နယ် ချောင်းဆုံမြို့နယ်နှင့် ရေးမြို့နယ်အတွင်းရှိ  အခြေခံပညာ အထက်တန်းကျောင်းများနှင့်  အခြေခံပညာအထက်တန်း ကျောင်းခွဲ စုစုပေါင်း (၁၃) ကျောင်းတွင်  ဟောပြော ပို့ချ ပေးခဲ့သည်။ ချောင်းဆုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း သုံးကျောင်းနှင့်…

အေအေပီပီမှ အောက်တိုဘာလအတွက်လစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် အောက်တိုဘာလအတွင်းတွင် စုစုပေါင်း ၁ရ ဦး တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ၁ရ ဦးအနက် ချင်းတိုင်းရင်းသား နှစ်ဦး သည် မတရားအသင်း ဆက်သွယ်မှုဥပဒေ ၁၇(၁)၊ တက်ကြွလှုပ်ရှားသူ ရှစ်ဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မ ၂၀၊ သတင်းသမား သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နှင့် ရခိုင်လူငယ် သုံးဦးသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂ နှင့် NLD ပါတီ(ဗဟို)၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးသည် နိုင်ငံသားမျာ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို…

သတင်းသမားများအပေါ် သက်ရောက်စေသည့် ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေခြင်းအား အဆုံးသတ်ရန် အပြည်ပြည်ဆိုင်ရာနေ့ ထုတ်ပြန်ချက်

ရက်စွဲ။  ။ နိုဝင်ဘာလ ၂ ရက်၊ ၂၀၁၈ ခုနှစ် ၂၀၁၈ ခုနှစ်တွင် ကျရောက်သော သတင်းသမားများအပေါ် သက်ရောက်စေသည့် ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေခြင်းအား အဆုံးသတ်ရန် အပြည်ပြည်ဆိုင်ရာနေ့ (International Day to End Impunity for Crimes against Journalists) တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ မြန်မာနိုင်ငံနှင့် ကမာ္ဘတစ်ဝန်းတွင်ရှိသော သတင်းသမားများဘက်မှ ရပ်တည်ကြောင်း ဖေါ်ပြအပ်ပါသည်။ ၂၀၁၈ ခုနှစ်သည် မြန်မာနိုင်ငံတွင်း သတင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍…

ပြည်ထောင်စုု သမ္မတ ဂျာမဏီနိုုင်ငံသံရုုံး၊ ရန်ကုုန်မြို့မှ သံအမတ် H.E Ambassador Dorothee Janetzke-Wenzelနှင့်အဖွဲ့အေအေပီပီသို့ လာရောက်လေ့လာ

18 Oct 2018 တွင် ပြည်ထောင်စုု သမ္မတ ဂျာမဏီနိုုင်ငံသံရုုံး၊ ရန်ကုုန်မြို့မှ သံမတ် H.E Ambassador Dorothee Janetzke-Wenzel, Dr. Katharina Spiess (Counsellor), Mr. Maik Fischer (Third Secretary) တိုု့သည် နိုုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရုုံးသိုု့ လာရောက်လည်ပတ်ပြီး အေအေပီပီပြခန်း Memory of the Past အား လေ့လာကြည့်ရှုခဲ့သည်။ ထိုု့နောက် ကိုုတိတ်နိုုင်၊ ကိုုကျော်စိုုးဝင်း၊ ကိုုဇော်မိုုးတိုု့နှင့်တွေ့ဆုံပြီး အေအေပီပီ လုုပ်ဆောင်နေသော လုုပ်ငန်းစဉ်များ၊…

Ms. Ulrika Strand (General Secretary of The Swedish Foundation for Human Rights) မှ အအေပီပီ ပြခန်းသိုု့ လာရောက်လည်ပတ်

17 Oct 2018 တွင် Ms. Ulrika Strand (General Secretary of The Swedish Foundation for Human Rights) သည် အအေပီပီ ပြခန်းသိုု့ လာရောက်လည်ပတ်ပြီး၊ ကိုုတိတ်နိုုင် (အတွင်းရေးမှူး၊ နိုုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း)၊ ကိုုကျော်စိုုးဝင်း၊ ကိုုဇော်မိုုးတိုု့နှင့် တွေ့ဆုုံပြီး အေအေပီပီ၏ လုုပ်ငန်းစဉ်များ၊ (ထောက်ပံ့ရေးနှင့် ကူညီစောင့်ရှောက်ရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ စိတ်ပင်းဆိုုင်ရာ ပြန်လည်မြှင့်တင်ရေး၊ မှတ်တမ်းနှင့် သုုတေသန) လုုပ်ဆောင်နေမှုများ၊ လက်ရှိနိုုင်ငံရေးအခြေအနေနှင့်…