ဦးအောင်မျိုးကျော် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း နှင့် One News Myanmar interview



သင်တန်းများပေးပို့ခြင်း မြိတ်မြို့တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု သင်တန်း ပို့ချ ခြင်း မြိတ်မြို့တွင် ပြုလုပ်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရား မျှတမှုသင်တန်းကို ဧပြီလ ၂ဝ ရက်နေ့မှ ဧပြီလ ၃ဝ ရက်နေ့ထိ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျောက်ဖျာကျေးရွာတွင် ပို့ချပေးနိုင်ခဲ့သည်။ သင်တန်း၌ လူ့အခွင့်အရေးသင်တန်းနည်းပြ အဖြစ် ကိုစောသန်းလှိုင်မှ သင်တန်းပို့ချပေးခဲ့ပြီး…

တစ်လအတွင်းသုံးသပ်ချက် ဧပြီလတွင်း အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသူ ၂၂ ဦး ရှိခဲ့သည်။ ထို ၂၂ ဦးအနက်မှ ခုနှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) (သို့) ၅၀၅(ခ) (သို့) ၅၀၅(က)(ခ)၊ အရပ်သား ကိုးဦးသည် မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ တက်ကြွလှုပ်ရှားသူ ငါးဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ(ငြိမ်း၊စု၊စီ) ပုဒ်မ ၁၈၊ ၁၉ နှင့် အရပ်သား တစ်ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကို…
နေ့စွဲ – ၂၀၁၉ ခုနှစ် မေလ ၁၄ ရက်နေ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) အနေဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်းသားနယ်မြေများတွင် အစိုးရစစ်တပ် ကျူးလွန်သည့် ရက်စက် ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ လွတ်လပ် အမှီခိုကင်းပြီး မှန်ကန် ခိုင်မာပြတ်သားသည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ရန် မိမိတို့ အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့ ပါဝင်သည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (CSO…

ရက်စွဲ။ ။ မေလ ၉၊ ၂၀၁၉ ၂၀၁၉ ခုနှစ် ဧပြီလ ၁ရ ရက်နေ့တွင် နိုင်ငံတော်သမ္မတ မှ ပထမ အကြိမ်အဖြစ် အကျဉ်းသား ၉၅၃၅ဦး အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ထိုလွတ်ငြိမ်းချမ်းသာခွင့်တွင် မပါဝင်ခဲ့သော ရွှေဘိုထောင်မှ အကျဉ်းသားများ က ဧပြီလ ၂၂ ရက်နေ့ က ၎င်းတို့လွတ်မြောက်ရေး အတွက် ပထမဆုံး ဆန္ဒပြ တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုမှု ကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆန္ဒပြ အကျဉ်းသားများ နှင့်…

နိုင်ငံတော်သမ္မတ လွတ်ငြိမ်းသက်သာခွင့် ၁၆/ ၂၀၁၉ ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားစာရင်းမှာ ၁။ ကျော်စိုးဦး (ခ) မိုးအောင် နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှု ၃/၁ ရ နှစ် အင်းစိန်ထောင် (ရိုက်တာသတင်းထောက်) ၂။ ဝလုံး (ခ) သက်ဦးမောင် နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှု ၃/၁ ရ နှစ် အင်းစိန်ထောင် (ရိုက်တာသတင်းထောက်) ၃။ အောင်ဆွေဦး တရားမဝင်အဖွဲ့အစည်းဆက်သွယ်မှု ၁၇(၁) ၂ နှစ် မိုးညှင်းထောင် (အေဘီအက်စ်ဒီအက်ဖ်) ၄။ မောင်ဦး တရားမဝင်အဖွဲ့အစည်းဆက်သွယ်မှု ၁၇(၁) ၂…

လူအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ပို့ချပေးခြင်း မန္တလေး ပညာရေးကောလိပ်တွင် ပြုလုပ်သော လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၃)ပွဲကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေး ပညာရေးကောလိပ်နှင့် မိတ္ထီလာမြို့နယ်၊ မိတ္ထီလာပညာရေးကောလိပ်တို့တွင် ဟောပြော ပို့ချပေးနိုင်ခဲ့သည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲများသို့ ကျောင်းသူ၊ကျောင်းသားဦးရေ ၁၇၆ဝ ဦးကျော်နှင့် ဆရာ၊ဆရာမ များ တက်ရောက်နားထောင်ခဲ့ကြ သည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲများတွင် AAPP…

၂၀၁၉ ခုနှစ် ဧပြီ်လ ၂၃ ရက်နေ့၊ နံနက် ၁ဝ နာရီတွင် — မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးမှ Violeta PODAGELYTE (နိုင်ငံရေးအရာရှိ – နို်င်ငံရေး၊ သတင်းနှင့် ပြန်ကြားရေးဌာန) သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရုံးသို့လာရောက်ပြီး Memory of the Past ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ ကိုကျော်စိုးဝင်း (ဦးဆောင်ကော်မတီအဖွဲ့ဝင်) မှ လိုက်လံရှင်းပြပေးခဲ့ပါသည်။ ထို့နောက် အေအေပီပီမှတာဝန်ရှိသူများဖြစ်ကြသော ကိုတိတ်နိုင် (အတွင်းရေးမှူး)၊ ကိုအောင်မျိုးကျော် (ဦးဆောင်ကော်မတီအဖွဲ့ဝင်)၊ ကိုကျော်စိုးဝင်း (ဦးဆောင်ကော်မတီအဖွဲ့ဝင်) နှင့် ကိုဇော်မိုး (ဦးဆောင်ကော်မတီအဖွဲ့ဝင်)တို့မှ…

တစ်လအတွင်းသုံးသပ်ချက် မတ်လတွင်း အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသူ ၁၆ ဦး ရှိခဲ့သည်။ ထို ၁၆ ဦးအနက်မှ ရခိုင်တိုင်းရင်းသား ၁၁ ဦးသည် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁)၊(၂)၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ–ကပ္ပလန် (NSCN-K)မှ ထိပ်တန်းခေါင်းဆောင် ငါးဦးသည် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇(၁) တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ မတ်လတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၃၁ ဦးရှိခဲ့သည်။ ထို ၃၁ ဦးအနက်မှ ငါးဦးသည် နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ–ကပ္ပလန်(NSCN-K)…

လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ မန္တလာဒီဂရီကောလိပ်၌ ပြုလုပ်သော လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ပို့ချပေးခြင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၉)ပွဲကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(GTI)၊ မန္တလေး နည်းပညာတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလာဒီဂရီ ကောလိပ်၊ ရတနာပုံတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)၊ ပုသိမ်ကြီးမြို့နယ်ရှိ ကွန်ပျူတာ တက္ကသိုလ်(UCSM) တွင်လည်းကောင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့ရှိ အစိုးရ နည်းပညာ ကောလိပ်(မြင်းခြံ)တွင် လည်းကောင်း၊ ကျောက်ဆည်မြို့နယ်ရှိ…