စိတ်ကျန်းမာရေးမူဝါဒ ပြင်ဆင်ရေးဆွဲရေး ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်

ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့ထိ နေပြည်တော်ရှိ ဂရင်းအမရာဟိုတယ်တွင် ကျင်းပပြုလုပ်သည့် စိတ်ကျန်းမာရေး မူဝါဒ ပြင်ဆင်ရေးဆွဲရေး ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) တာဝန်ခံ ဦးကျော်စိုးဝင်းနှင့် မှတ်တမ်းနှင့် သုတေသနဌာန တာဝန်ခံနှင့် နိုင်ငံခြားရေးရာ ဒုတိယ တာဝန်ခံ ကိုဇော်မိုးတို့ သည် တက်ရောက် ဆွေးနွေးခဲ့သည်။  

၂၀၁၉ ခုနှစ်၊ ဇွန်လ၊ လစဉ်သတင်းလွှာ

လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ မိထ္ထီလာမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ပို့ချပေးခြင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း(၇)ပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိထ္ထီလာမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့တွင် ဟောပြော ပို့ချပေးနိုင် ခဲ့သည်။ အဆိုပါဟောပြောဆွေးနွေးပွဲများသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၆၀)ဦး တက်ရောက်ခဲ့ပြီး ဆရာ၊ ဆရာမများလည်း ပူးပေါင်း ပါဝင် တက်ရောက်ခဲ့သည်။ မိထ္ထီလာမြို့နယ်တွင် ဟောပြောဆွေးနွေးပွဲပေါင်း(၄)ပွဲကို မိထ္ထီလာ ကွန်ပျူတာတက္ကသိုလ်၊ မိထ္ထီလာ နည်းပညာ တက္ကသိုလ်၊ မိထ္ထီလာ စီးပွားရေးတက္ကသိုလ်နှင့်…

၂၀၁၉ ဇွန်လအတွက် လစဉ်အစီရင်ခံစာနှင့် နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် ဇွန်လတွင်း အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသူ ၇၆ ဦး ရှိခဲ့သည်။ ထို ၇၆ ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်(ငြိမ်း၊စု၊စီ)ဥပဒေ ပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂၇၊ ၅၀၀၊ ၅၀၅(က)၊(ခ)၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ၁၀၊ ၁၀/၁၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)၊ ပုဒ်မ ၅၂(က)၊ ဖောက်ခွဲမှုဥပဒေ တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကိုခံခဲ့ရသည်။ ဇွန်လတွင်း…

နိုင်ငံတကာသဘောတူစာချုပ်များ တရားဝင်အတည်ပြုလက်မှတ်ရေးထိုးခြင်း

 နိုင်ငံတကာ သဘောတူစာချုပ်များ တရားဝင် အတည်ပြု လက်မှတ်ရေးထိုးခြင်း-မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး သဘောတူစာချုပ်၊ နောက်ဆက်တွဲစာချုပ်နှင့် ပဋိညာဉ်စာချုပ်များ လက်မှတ်ရေးထိုးသင့်သည့် အကြောင်းတရားများ” အစီရင်ခံစာကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးဖြင့် ယနေ့တွင် ထုတ်ဝေလိုက်သည်။ ထိုအစီရင်ခံစာတွင် နိုင်ငံတကာဥပဒေ အောက်/အရ မြန်မာနိုင်ငံ၏ လက်ရှိ တာဝန်ဝတ္တရားများ၊ မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုကာလတွင် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏  အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အခက်အခဲအတားအဆီးများနှင့် UNCAT နှင့် ICCPR တို့ကို မြန်မာနိုင်ငံမှ…

PAUNG SIE FACILITY မှကိုယ်စားလှယ်အဖွဲ့လာရောက်လည်ပတ်

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့၊ နေ့လည် ၃ နာရီ ၂ဝမိနစ်ခန့်တွင် – PAUNG SIE FACILITY မှ Anthony Neil နှင့် Myo Hein Htut (Programme Officer) တို့သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရုံးသို့လာရောက်ပြီး Memory of the Past ပြခန်းအား ကြည့်ရှု့လေ့လာခဲ့ရာ အေအေပီပီ(AAPP)မှ တာဝန်ရှိသူများက လိုက်လံရှင်းပြပေးခဲ့ပါသည်။ ထို့နောက် အေအေပီပီမှတာဝန်ရှိသူများဖြစ်ကြသော် ကိုဘိုကြည် (တွဲဘက်အတွင်းရေးမှူး)၊ ကိုကျော်စိုးဝင်း (စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တာဝန်ခံနှင့်…

ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ ၂၀၁၉ ခုနှစ်၊ ဇွန်လ၊ ၂၆ ရက်

ညှဉ်းပန်းနှိပ်စက်မှုများမှ အသက်ရှင်ကျန်ရစ်သူများအတွက် အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှု လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ခြင်းသည် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အဓိကကျသည့်လုပ်ငန်းဖြစ်သည်။ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ ဝိမုတ္တိအမျိုးသမီးအဖွဲ့ (VWO) နှင့် အာရှတရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ (AJAR) တို့မှ ပူးပေါင်းပြီး  ညှဉ်းပန်းနှိပ်စက်မှုများ အဆုံးသတ်ရန်နှင့် အသက်ရှင်သန်လွတ်မြောက်လာ သူများအတွက် အားလုံးလွှမ်း ခြုံနိုင်သော တရားမျှတရေးလုပ်ငန်းများ လုပ်ဆောင်ရန် တောင်းဆိုပါသည်။ မြန်မာနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်မှုများကို နိုင်ငံတော်အာဏာပိုင်များက အတိတ်တွင်သာမက လက်ရှိကာလတွင်ပင် ကျင့်သုံးလျှက်ရှိသည်။ အထူးသဖြင့် ပဋိပက္ခများဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် ကြုံတွေ့နေရဆဲ ဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုများကို ထိန်းသိမ်းရေးစခန်းများနှင့် စစ်ကြောရေးများတွင် အသုံးပြုလျှက်ရှိပြီး သတင်းအချက်အလက်ရရှိရန်နှင့်…

ညှဉ်းပန်းနှိပ်စက်ခံရသူများကိုကူညီထောက်ပံ့ရေးအပြည်ပြည်ဆိုင်ရာနေ့အခမ်းအနားဖိတ်ကြားလွှာ

သတင်းမီဒီယာများ၊ အဖွဲ့အစည်းအသီးသီးမှ ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသောကြောင့် တက်ရောက်ပေးပါရန် ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။ နေ့ရက် ။ ။ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၆) ရက် အချိန် ။ ။ နေ့လယ် ၁ နာရီမှ ၄ နာရီထိ နေရာ ။ ။ Best Western Green Hill Hotel အမှတ် ၁၂၊ ဖိုးစိန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်

MHAP အစီအစဉ်အကြောင်းကို ရှင်းလင်းပြောကြားခြင်း

ဇွန်လ ၁၉ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(AAPP)၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ်(MHAP) တာဝန်ခံ ဦးကျော်စိုးဝင်း၊ စူပါဗိုက်ဆာ မသန်းသန်းဌေးနှင့် ကောင်ဆယ်လာ သုံးဦးတို့ သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေး ဦးစီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးကြပ် အုပ်ချုပ်သော ကျိုက်ဝိုင်း မသန်စွမ်းသက်ကြီး သင်တန်း ကျောင်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထို့နောက် MHAP တာဝန်ခံ ဦးကျော်စိုးဝင်းသည် သင်တန်းသူ/သားများအား စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။…

Mental Health Awareness and Self-care Training ကို ပို့ချပေးခြင်း

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စိတ်ဓာတ်ပြန်လည် မြှင့်တင်ရေးအစီအစဉ် (MHAP) သင်တန်းနည်းပြ ကိုထင်အောင်သည် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ပြုလုပ်သော လူ့အခွင့်အရေး (နည်းပြ)နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (မွမ်းမံ)သင်တန်း၌ Mental Health Awareness and Self-care Training ကို ဇွန်လ ၁၈ ရက်နေ့တွင်   ပို့ချပေးခဲ့သည်။ သင်တန်းကို သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၂၄ ဦး တက်ရောက်ခဲ့သည်။

စိတ်ကျန်းမာရေးမူဝါဒ ပြင်ဆင်ရေးဆွဲရေး ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲ

ဇွန်လ ၅ – ၆ ရက်နေ့တွင် နေပြည်တော် ဂရင်းအမရာ ဟိုတယ်တွင် ကျင်းပသည့် စိတ်ကျန်းမာရေးမူဝါဒ ပြင်ဆင်ရေးဆွဲရေး ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ AAPP ၏ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်တာဝန်ခံ ဦးကျော်စိုးဝင်း နှင့် မှတ်တမ်းနှင့် သုတေသန ဌာနတာဝန်ခံ ဦးဇော်မိုးတို့ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။