ပြင်သစ်သံရုံးမှ ကိုယ်စားလှယ်များ AAPP ပြခန်းသို့ လာရောက်လေ့လာ

ဩဂုတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ပြင်သစ်သံရုံးမှ Joachim Stassart (Political Attaché) နှင့် Ma Naing Naing Tun (Public Relation France Embassy Yangon) တို့သည် AAPP ရန်ကုန်ရုံးသို့ လာရောက်လည်ပတ်ခဲ့ကြသည်။ AAPP ၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်နှင့် မှတ်တမ်းနှင့်သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဦးဇော်မိုး တို့မှ AAPP ၏ လုပ်ငန်းများ လုပ်ဆောင် နေမှုအခြေအနေများ၊ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်…








