Ms. Heather Goldsmith, (USAID) Promoting the Rule of Law in Myanmar (PRLM)မှ အေအေပီပီပြခန်းသို့ လာရောက်လေ့လာ

17 Oct 2018 တွင် USAID (Promoting the Rule of Law in Myanmar, PRLM) မှ Ms. Heather Goldsmith အေအေပီပီ ပြခန်းသိုု့ လာရောက်လည်ပတ်ပြီး၊ ကိုုတိတ်နိုုင် (အတွင်းရေးမှူး၊ နိုုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း)၊ ကိုုကျော်စိုုးဝင်း၊ ကိုုဇော်မိုုးတိုု့နှင့် တွေ့ဆုုံပြီး အေအေပီပီ၏ လုုပ်ငန်းစဉ်များ၊ (ထောက်ပံ့ရေးနှင့် ကူညီစောင့်ရှောက်ရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ စိတ်ပင်းဆိုုင်ရာ ပြန်လည်မြှင့်တင်ရေး၊ မှတ်တမ်းနှင့် သုုတေသန) လုုပ်ဆောင်နေမှုများ၊ လက်ရှိနိုုင်ငံရေးအခြေအနေနှင့်…

အေအေပီပီမှ ဖော်ပြသည့် လစဉ်သတင်းလွှာစက်တင်ဘာလ ၂၀၁၈ ခုနှစ်

လူအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္ပလင်းမြို့နယ်တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲများပို့ချပေးခြင်း သံဖြူဇရပ်မြို့နယ်၊ အထကခွဲ(အနင်း)တွင် ပြုလုပ်သော လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၄၂) ပွဲကို မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်ရှိ  အခြေခံ ပညာ အထက်တန်းကျောင်းနှင့်  အခြေခံပညာ အထက်တန်း ကျောင်းခွဲ စုစုပေါင်း (၄၂) ကျောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊…

အေအေပီပီမှစက်တင်ဘာလအတွက်လစဉ်အစီရင်ခံစာနှင့်နိုင်ငံရေးအကျဉ်းသားစာရင်းထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် စက်တင်ဘာလအတွင်းတွင် စုစုပေါင်း ခုနှစ်ဦး တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ခုနှစ်ဦးအနက် တိုင်းရင်းသား နှစ်ဦးသည် မတရားအသင်း ဆက်သွယ်မှုဥပဒေ ၁၇(၁)၊ အရပ်သား လေးဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၂၀၊ တက်ကြွလှုပ်ရှားသူ တစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နှင့် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂ဝ တို့ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ စက်တင်ဘာလတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ခြောက်ဦး ရှိသည့်အနက်မှ တိုင်းရင်းသား နှစ်ဦးသည် မတရားအသင်း ဆက်သွယ်မှုဥပဒေ ၁၇(၁)၊ တက်ကြွလှုပ်ရှားသူ နှစ်ဦးသည် ငြိမ်း၊စု၊စီ…

နန်းမိုဟွမ်အား တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) မှ ဖမ်းဆီးထားခြင်းအပေါ် ထုတ်ပြန်ချက်

ရက်စွဲ။  ။ စက်တင်ဘာလ ၂ရ ရက်၊ ၂၀၁၈ ခုနှစ်​ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်နေ နန်းမိုဟွမ်အား တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) မှ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁ရ ရက်နေ့၌ နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်၍ ထိန်းသိမ်းထားသည်မှာ တစ်လ ကျော်မျှ ကြာမြင့်လာပြီဖြစ်သည်။ နန်းမိုဟွမ်သည် TNLA အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်နေစဉ် အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ ဝတ္တရားနှောင့်ယှက်ခဲ့သည့်အတွက် အရေးယူပေးရန် TNLA ဗဟို တရားရုံးကို အမှုဖွင့်တိုင်ကြားလာခြင်းကြောင့် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု TNLA…

ဗြိတိန်နိုင်ငံနိုင်ငံခြားရေးနှင့်ဓနသဟာယရေးရာဝန်ကြီးနှင့်အဖွဲ့ အေအေပီပီပြခန်းသို့လာရောက်လေ့လာ

UK foreign Secretary Mr.Jeremy Hunt နှင့်အဖွဲ့သည် AAPP ရန်ကုန်ရုံးသို့ ယနေ့ (၁၉-၉-၂၀၁၈) ညနေ ၄:၄၁ နာရီတွင် ရောက်ရှိလာခဲ့ပြီး Memory of the Past ပြခန်းသို့ လေ့လာကြည့်ရှုရာ AAPP မှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ မသီတာ (စမ်းချောင်း)တို့မှ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးနှင့်အဖွဲ့အား AAPP မှ အတွင်းရေးမှူးဦးတိတ်နိုင်၊ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်၊မြန်မာပြည်တာဝန်ခံ ဦးအောင်မျိုးကျော်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနှင့်…

နယ်သာလန်သံရုံးမှကိုယ်စားလှယ်အဖွဲ့ အေအေပီပီပြခန်းသို့လာရောက်လေ့လာ

စက်တင်ဘာလ ၁ရ ရက်နေ့၊ နေ့လည် ၂းဝဝ နာရီတွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ မဲစောက်ရုံးသို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံရုံးမှ Deputy Ambassador Thomas van Leeuwen (Head of Political and Economic Department)၊ Senior Political Officer Chayanuch Thananart နှင့် သံရုံးဝန်ထမ်းတစ်ဦးတို့ လာရောက်လည်ပတ်ခဲ့သည်။ AAPP မှ မမိုးပန်းဖြူမှ လက်ထောက်သံအမတ်ကြီးနှင့်အဖွဲ့အား တွေ့ဆုံခဲ့ပြီး AAPP ၏ လုပ်ဆောင်နေသော…

အပြည်ပြည်ဆိုုင်ရာ ဒီမိုုကရေစီနေ့ ထုုတ်ပြန်ချက်

ရက်စွဲ။  ။ စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုုင်ရာ ဒီမိုုကရေစီနေ့တွင် မြန်မာနိုုင်ငံတွင်း  ဒီမိုုကရေစီ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှုလျော့နည်းနေခြင်းအတွက် နိုုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) မှ အလွန်အမင်း စိုုးရိမ်ပူပန်မိပါသည်။ ယနေ့တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အာဏာရှင် အုုပ်ချုပ်မှုတိုု့ကိုု ပြန်လည် အမှတ်ရမိစေပါသည်။ မျက်မှောက်ကာလထိတိုင်အောင် မြန်မာနိုုင်ငံတွင် လွတ်လပ်စွာ ထုုတ်ဖော်ပြောဆိုုခွင့်ကို ကျင့်သုံးသူများသည်  ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေကြရ သည်။…

အေအေပီပီမှ ဩဂုတ်လလှုပ်ရှားဆောင်ရွက်ချက်များအတွက် လစဉ်သတင်းလွှာ

မွန်ပြည်နယ်အတွင်းလူ့အခွင့်အရေးအသိပညာပေးဆွေးနွေးပွဲများ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် လေးမြို့နယ်တွင် လူ့အခွင့်အရေး ဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချပေးခြင်း ပေါင်မြို့နယ်၊ သဲကုန်း အထကတွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ကျောင်းသားတစ်ဦးမှ သိလိုသည်များကို မေးမြန်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲပေါင်း (၃၉) ပွဲကို မွန်ပြည်နယ် သထုံမြို့နယ်၊ ပေါင်မြို့နယ်၊ မုတ္တမမြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ  အခြေခံပညာ အထက်တန်းကျောင်းများနှင့်  အခြေခံပညာအထက်တန်း ကျောင်းခွဲ စုစုပေါင်း (၃၉) ကျောင်းတွင်  ဟောပြော ပို့ချ ပေးခဲ့သည်။ သထုံမြို့နယ်တွင်…

အေအေပီပီမှလက်ကျန်နို်င်ငံရေးအကျဉ်းသားစာရင်းနှင့်ဩဂုတ်လအတွက်လစဉ်အစီရင်ခံစာထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် ဩဂုတ်လအတွင်း တက်ကြွလှုပ်ရှားသူများ၊ လယ်ယာမြေအရေးလှုပ်ရှားသူများ၊ အရပ်သားများ စုစုပေါင်း ၁ဝ ဦး တရားစွဲဆို ခြင်းခံခဲ့ရသည်။ ထို ၁ဝ ဦးအနက် ကယားပြည်နယ်မှ လူငယ် နှစ်ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ ရခိုင်ပြည်နယ်မှ အရပ်သား နှစ်ဦးသည် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ အရပ်သား ငါးဦးသည် ဒေသန္တရပုဒ်မ ၂၆၊ တက်ကြွ လှုပ်ရှားသူ တစ်ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။…

ရိုက်တာသတင်းထောက်နှစ်ဦးအား ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် သတင်းထုတ်ပြန်ချက်

ရက်စွဲ။    ။ စက်တင်ဘာလ ၃ ရက်၊ ၂၀၁၈ ခုနှစ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တရားရုံးမှ ရိုက်တာသတင်းဌာန၏ သတင်းထောက် နှစ်ဦးဖြစ်သော  ကိုသက်ဦးမောင် (ခ) ဝလုုံးနှင့် ကိုကျော်စိုုးဦး (ခ) မိုုးအောင်တိုု့အား ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့ပါသည်။ ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းအပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ ကန့်ကွက် ရှုတ်ချပါသည်။ ၎င်းတို့နှစ်ဦးသည် သတင်းထောက်တို့၏ ရရှိသင့်သော လွတ်လပ်စွာ သတင်းရယူရေးသားခြင်းကို ဆောင်ရွက်ခဲ့ခြင်းအပေါ်…