အေအေပီပီမှ စက်တင်ဘာလအတွက် နိုင်ငံရေးအကျဉ်းသားများအခြေအနေပြ လစဉ်အစီရင်ခံစာ

လက်ရှိအခြေအနေ အကျဉ်းချုပ် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလကုန်တွင် မြန်မာနိုင်ငံ အကျဉ်း ထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၉၆ ဦး အကျဉ်း ကျခံနေရပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄၆၆ ဦးတို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် လက်ရှိအချိန်တွင် တရားရင်ဆိုင် နေရပါသည်။ တစ်လအတွင်း သုံးသပ်ချက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၆ ဦး ဖမ်းဆီခံရပြီး ထို ၆ ဦးထဲမှ ၁ ဦးသည် ထောင်ဒဏ် ချမှတ်…









