Seoul National University မှ အဖွဲ့သားများ AAPP ပြခန်းသို့ လေ့လာ

Seoul National University

သြဂုတ်လ ၁၂ ရက်နေ့တွင် Seoul National University, Global Education Cooperation မှ Lead Reacher Ms. Moon Suk Hong နှင့်​အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ Memory of the Past ပြခန်းသို့ လာ​ရောက်​​လေ့လာခဲ့ကြသည်။ AAPP မှ ပြခန်းတာဝန်ခံများမှ လိုက်လံရှင်းလင်း ပြသပေးခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ဘဝ ဖြတ်သန်း ခဲ့ရမှုပုံရိပ်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။