မသင်းသင်းအေး(ခ)မီးမီး ကွယ်လွန်သွားခြင်းအပေါ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ဝမ်းနည်းကြောင်းသဝဏ်လွှာ

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ မသင်းသင်း အေး(ခ)မီးမီးသည်  ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂ဝ အချိန် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် အဝေးပြေးလမ်းပေါ်တွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် ရုတ်တရက် ကွယ်လွန်သွား ခြင်းအတွက် မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်။ မသင်းသင်းအေး(ခ)မီးမီးသည် ၁၉၈၈ အရေးတော်ပုံကာလမှ စ၍ ကွယ်လွန်ချိန်အချိန်ထိ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး၊…

အေအေပီပီမှဇူလိုင်လအတွက် လစဉ်သတင်းလွှာ

မွန်ပြည်နယ်အတွင်းတွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြော ဆွေးနွေးပွဲများ ပို့ချပေးခြင်း ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်း အထကတွင် ပြုလုပ်သော ဆွေးနွေးပွဲ၌ ကျောင်းသားတစ်ဦးမှ သိလိုသည်များကို မေးမြန်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲပေါင်း (၃၃) ပွဲကို မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့နယ်၊ ကျိုက်မရော မြို့နယ်နှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ  အခြေခံပညာအထက်တန်း ကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ စုစုပေါင်း (၃၂) ကျောင်းနှင့် အားကစားနှင့် ပညာရေး ပေါင်းစပ်အထက်တန်းကျောင်း (၁) ကျောင်းတွင်  ဟောပြော ပို့ချပေးနိုင်ခဲ့သည်။ ချောင်းဆုံမြို့နယ်တွင်…

ဇူလိုင်လအတွက် လစဉ်အစီရင်ခံစာထုတ်ပြန်ချက်နှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း

တစ်လအတွင်းသုံးသပ်ချက် ဇူလိုင်လအတွင်း တက်ကြွလှုပ်ရှားသူများ၊ လယ်ယာမြေအရေးလှုပ်ရှားသူများ၊ အရပ်သားများ စုစုပေါင်း ၃ရ ဦးသည် တရားစွဲဆို ခြင်းခံခဲ့ရသည်။ ထို ၃ရ ဦးအနက်မှ ၂၃ ဦးသည် ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းကို ကန့်ကွက် ဆန္ဒထုတ်ဖော် ခဲ့ခြင်းအတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)(ဂ)၊ ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ၂ဝ တို့ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရပြီး သုံးဦးသည် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည် ရရှိရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၉…

Seoul National University မှ အဖွဲ့သားများ AAPP ပြခန်းသို့ လေ့လာ

ဩဂုတ်လ ၁၂ ရက်နေ့တွင် Seoul National University, Global Education Cooperation မှ Lead Reacher Ms. Moon Suk Hong နှင်​့အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ Memory of the Past ပြခန်​းသို့ လာ​ရောက်​​လေ့လာခဲ့ကြသည်။ AAPP မှ ပြခန်းတာဝန်ခံများမှ လိုက်လံရှင်းလင်း ပြသပေးခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ဘဝ ဖြတ်သန်း ခဲ့ရမှုပုံရိပ်များအား ရှင်းလင်းပြောကြားပေးခဲ့သည်။

ကယား(ကရင်နီ)ဒေသမှ လူငယ်များ AAPP ပြခန်းသို့ လာရောက် လေ့လာ

ဩဂုတ်လ ၉ ရက်နေ့တွင် The Wing Institute မှ စီစဉ်ပေးမှုဖြင့် ကယား(ကရင်နီ)ဒေသမှ လူငယ် ၂၈ ဦးသည်  နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ Memory of the Past ပြခန်​းသို့ လာ​ရောက်​​လေ့လာခဲ့သည်။ ထိုသို့လာရောက်လေ့လာရာတွင် AAPP မှ ပြခန်းတာဝန်ခံများမှ ကယား(ကရင်နီ) ဒေသမှ လူငယ်များ အား ပြခန်းအတွင်း လိုက်လံ ရှင်းလင်းပြသပေးခဲ့ပြီး နိုင်ငံရေး ဖြတ်သန်းမှုများ၊ နိုင်ငံအရေးအကျဉ်းသားများ၏ဘဝ အခြေအနေများ အားရှင်းလင်းပြောကြားခဲ့သည်။…

၈၈၈၈ နှစ် ၃ဝ ပြည့်အခမ်းအနားတွင် AAPP မှ ပြခန်းဖွင့်လှစ် ပြသ

၈၈၈၈ အမှတ်တရပြခန်းကို လာရောက်လည်ပတ်သော ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကို AAPP မှ ဦးကျော်စိုးမှ ရှင်းလင်း ပြသ ရန်ကုန်တက္ကသိုလ်၌ ဩဂုတ်လ ၆ ရက်နေ့မှ ဩဂုတ်လ ၈ ရက်နေ့ထိ ကျင်းပပြုလုပ်သော ၈၈၈၈ နှစ် ၃ဝ ပြည့် အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း (AAPP) မှ ၈၈၈၈ အမှတ်တရ ပြခန်းကို ဖွင့်လှစ်ပြသခဲ့သည်။ ထိုပြခန်းသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် အပါအဝင် ဧည့်သည်အများအပြား လာရောက်…

Political Officer Ian R. MacKenzie အေအေပီပီပြခန်းသို့ လာရောက် လေ့လာ

ဩဂုတ်လ  ၂ ရက်နေ့တွင်  အမေရိကန်သံရုံးသို့ အသစ်ရောက်ရှိလာ သော Political Officer Ian R. MacKenzie သည် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရုံးသို့လာရောက်လေ့လာခဲ့သည်။ ထိုသို့လေ့လာရာတွင် AAPP မှ ပြည်တွင်း တာဝန်ခံ ဦးအောင်မျိုးကျော်၊ မှတ်တမ်းနှင့်သုတေသနတာဝန်ခံနှင့် နိုင်ငံခြားရေး ဒုတိယတာဝန်ခံ ဦးဇော်မိုး၊ စိတ်ဓာတ် ပြန်လည် မြှင့်တင်ရေးဌာန တာဝန်ခံ ဦးကျော်စိုးဝင်းတို့မှ လက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိနိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေနှင့် AAPP ၏ လုပ်ဆောင်နေသော လုပ်ငန်းများအကြောင်းများ…

အေအေပီပီမှ ဇွန်လအတွက် လစဉ်သတင်းလွှာ

             ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရွှေကစောင်းအထက်တန်းကျောင်း တွင် လူ့အခွင့်အရေးဆွေးနွေးပွဲ ကျင်းပပြုလုပ် လူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲများပို့ချပေးခြင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကြီးမှူး၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာဟောပြောဆွေးနွေးပွဲပေါင်း (၉) ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း (၇) ကျောင်းနှင့် အထက်တန်းကျောင်းခွဲ (၂) ကျောင်းတွင် ဟောပြော ပို့ချပေးနိုင်ခဲ့သည်။ အဆိုပါ လူ့အခွင့်အရေး ဆွေးနွေးပွဲများသို့ ပဲခူးတိုင်းဒေသကြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမားရေးရာ ကော်မတီ…

လက်ကျန် နိုင်ငံရေးအကျဉ်းသားစာရင်း နှင့် ဇွန်လအတွက်အေအေပီပီမှလစဉ်အစီရင်ခံစာထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက်   ဇွန်လအတွင်းတွင် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂ဝ ဖြင့် နှစ်ဦး၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်ခွင့်နှင့် လုံခြုံမှုဆိုင်ရာ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁ဝ ဖြင့် သုံးဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့ပြင် ဇွန်လတွင်း ခြောက်ဦး တရားစွဲဆိုခြင်းခံခဲ့ရသည်။ တရားစွဲဆိုခြင်းခံရသူ ခြောက်ဦးအနက် တစ်ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၂၀၊ နှစ်ဦးသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုဆိုင်ရာကာကွယ်သည့် ဥပဒေပုဒ်မ ၁၀၊ သုံးဦးသည် ဆက်သွယ်ရေးဥပဒေ ပုဒ် ၆၆(ဃ) ဖြင့်…

Now Action & Unity for Human Rights (NAUH) အဖွဲ့အေအေပီပီပြခန်းသို့လာရောက်လည်ပတ်

၁ရ ဇူလိုင် ၂၀၁၈ နေ့ နံနက် ၁၁ နာရီတွင် NAUH (Now, Action & Unity for Human Rights) Seoul, Korea အဖွဲ့မှ ရန်ကုန်မြို့အေအေပီပီရုံးတွင်ဖွင့်လှစ်ပြသထားသည့် Memory of the Past အမည်ရ နို်င်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းဖြတ်သန်းခဲ့ရမှုအခြေအနေများအား ဖော်ပြထားသည့် ဓါတ်ပုံပြခန်းသို့ ှ လာရောက်လည်ပတ်ခဲ့ပါသည်။ ပြခန်းအတွင်းသို့ ကိုကျော်စိုးဝင်း၊ ကိုဇော်မိုးတို့မှ လိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ထို့နောက NAUH (Now, Action & Unity…