အေအေပီပီမှ ဇန်နဝါရီလအတွက် လစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ကျဉ်းစာရင်း ထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် ဇန်နဝါရီလအတွင်း စုစုပေါင်း ၁၄ ဦး အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ၁၄ ဦးအနက်မှ ရခိုင်ပြည်နယ်၊        ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရပ်သား စုစုပေါင်း ရှစ်ဦးသည် မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ၁၇(၁)၊(၂)၊ ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊(ခ)၊ ရခိုင်ပြည်နယ်မှ လူငယ် လေးဦးသည် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ အရပ်သားတစ်ဦးသည် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ဇန်နဝါရီလအတွင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၁၂…

တိုင်းရင်းသားများ၊ ကျောင်းသားလူငယ်များ အားဖမ်းဆီးနေခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်

ရက်စွဲ။  ။ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ (၇၂ နှစ်မြောက် ပြည်ထောင်စုနေ့)   မြန်မာနိုင်ငံသည် ဖယ်ဒရယ် ဒီမိုကရေစီ စနစ်သို့ ဦးတည်ဖေါ်ဆောင်မည်ဟု အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသားခေါင်းဆောင် အသီးသီးမှ သဘောတူ လက်ခံထားကြသည်။ အစိုးရမှလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ဖော်ဆောင်နေပါသည် ဟု ဆိုထားပါသည်။ သို့ရာတွင် ဒီမိုကရေစီ စံနူန်းများနှင့် မကိုက်ညီသော၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အနှောင့်အယှက်ဖြစ်စေသော ဖြစ်ရပ်များသည်လည်း ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါသည်။ ထိုဖြစ်ရပ်များတွင် အဆိုးဆုံးမှာ ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်…

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ လစဉ်သတင်းလွှာ

ပဲခူးတက္ကသိုလ်တွင် လူ့အခွင့်အရေးနှင့် တာဝန်ယူမှုတာဝန်ခံမှု စကားဝိုင်းကျင်းပ ပြုလုပ် ပဲခူးတက္ကသိုလ်တွင်  ပြုလုပ်သော တာဝန်ယူမှု၊တာဝန်ခံမှုဆိုင်ရာ စကားဝိုင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ ပဲခူးတက္ကသိုလ်ဆရာများသမဂ္ဂ၊ ၈၈ ငြိမ်းပွင့်(ပဲခူး) တို့ ပူးပေါင်းစီစဉ်သည့် နှစ် ၇ဝ ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်၊ လူ့အခွင့်အရေးနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုစကားဝိုင်းကို  ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဒီဇင်ဘာလ ၁ဝ ရက်နေ့၊ နံနက်၉ နာရီခွဲတွင် စတင်ကျင်းပခဲ့သည်။ အဆိုပါစကားဝိုင်းကို ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ ဒေါ်အေးအေးမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး၊…

၂၀၁၈ ခုနှစ်ဒီဇင်ဘာလ လစဉ်အစီရင်ခံစာနှင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်း ထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် ဒီဇင်ဘာလတွင်း စုစုပေါင်း ၂၉ ဦး အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ၂၉ ဦးအနက်မှ ရတနာပုံတက္ကသိုလ် ကျောင်းသား ရှစ်ဦးသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေ (ငြိမ်း၊စု၊စီ) ပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မများ ဖြစ်သည့် ၁၁၄၊ ၃၅၃၊ ၄၃၅၊ ၅၀၅(ခ)၊ တက်ကြွလှုပ်ရှားသူ၊ အလုပ်သမားနှင့် ကျောင်းသား ၂၁ ဦးသည် ငြိမ်း၊စု၊စီဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မ ၂ဝ တို့ဖြင့် အသီးသီး အမှုဖွင့်၊ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။ ဒီဇင်ဘာလတွင်း…

စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ပေးရေးအစီအစဉ် (MHAP)မှ ပြုစုသော အစီရင်ခံစာ တင်ပြခြင်း အခမ်းအနား

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည် မြှင့်တင်ပေးရေးအစီအစဉ် (MHAP)မှ ပြုစုသော “မြန်မာနိုင်ငံ တွင် ဖြစ်လေ့ဖြစ်ထရှိသော စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်မှုကို ကုသပေးခြင်းနှင့် ပြည့်စုံသော စိတ်ကျန်းမာရေးမူဝါဒများ လိုအပ်မှု” အစီရင်ခံစာကို ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ပဲခူးတိုင်းလွှတ်တော်အဆောက်အအုံတွင် ကျင်းပပြုလုပ်ခဲ့ သည်။ ထိုအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဦးသန်းထိုက်ဝင်းမှ ဆောင်ရွက်ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးကြည်ဇင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး AAPP ၏…

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ လစဉ်သတင်းလွှာ

သင်တန်းပို့ချပေးခြင်း မိုးမောက်မြို့နှင့် ဟင်္သာတမြို့နယ်တို့တွင် လူ့အခွင့်အရေး၊ လူ့အခွင့်အရေး မှတ်တမ်းတင်ခြင်းနှင့် အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု သင်တန်းပို့ချခြင်း ဟင်္သာတမြို့နယ်တွင် ပြုလုပ်သော အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ လူ့အခွင့်အရေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်းနှင့်  အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုသင်တန်းကို ကချင် ပြည်နယ်၊ မိုးမောက်မြို့တွင် နိုဝင်ဘာလ ၅ ရက်နေ့မှ နိုဝင်ဘာလ ၁ရ ရက်နေ့ထိလည်းကောင်း၊ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် တွင် နိုဝင်ဘာလ ၆  ရက်နေ့မှ နိုဝင်ဘာလ ၁ရ ရက်နေ့ထိ လည်းကောင်း…

လက်ကျန်နိုင်ငံရေးအကျဉ်းသားစာရင်းနှင့် နိုဝင်ဘာလအတွက် လစဉ်အစီရင်ခံစာထုတ်ပြန်ချက်

တစ်လအတွင်းသုံးသပ်ချက် နိုဝင်ဘာလအတွင်း စုစုပေါင်း ၆၃ ဦးသည် အမှုဖွင့်၊တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထို ၆၃ ဦးအနက်မှ ပန်ဒါ အလုပ်သမားသပိတ်ကို ဦးဆောင်သူ အလုပ်သမား လေးဦးသည် ငြိမ်း၊စု၊စီ ဥပဒေ ပုဒ်မ ၁၈၊၁၉၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) မှ အဖွဲ့ဝင် နှစ်ဦးနှင့် အရပ်သား တစ်ဦးသည် မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)၊ လယ်သမားခြောက်ဦးသည် ရာဇသတ်ကြီးပုဒ်မ ၄၄၀၊ ၅၀၆၊ ၁၁၄၊ ၃၃၂၊ ၂၉၄၊ စကြီးရွာသား ၅ဝ ဦးသည်…

ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် MHAP အေအေပီပီတို့ တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌရုံးခန်း၌ စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်မှုကို ကုသပေးခြင်းနှင့် ပြည့်စုံသော စိတ်ကျန်းမာရေးမူဝါဒများ လိုအပ်မှုအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲကျင်းပနိုင်ရန် အကြိုညှိနှိုင်းဆွေးနွေးပွဲအား လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်နှင့် အေအေပီပီမှ ကိုအောင်မျိးကျော်(ရန်ကုန်ရုံးတာဝန်ခံ)၊ ကိုဗိုလ်ဗိုလ်လင်း(စိတ်ဓါတ်ပြန်လည်မြှင့်တင်ရေးဌာန- စူပါဗိုက်ဆာ)၊ ကိုလွင်မိုးမြင့်(ကောင်ဆယ်လာ)တို့မှ ယနေ့ ၁၄ ဒီဇင်ဘာ ၂၀၁၈ နေ့တွင် အသေးစိတ်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ စိတ်ပိုင်းဆိုင်ရာနာမကျန်းဖြစ်မှုကို ကုသပေးခြင်းနှင့် ပြည့်စုံသော စိတ်ကျန်းမာရေးမူဝါဒများ လိုအပ်မှုအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲကို လာမည့် ၂၈ ဒီဇင်ဘာ မနက် ၁ဝနာရီမှ၁၂နာရီထိ ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပါသည်။

အကျဉ်းထောင်တွင်းလူဦးရေ လျော့ချ နိုင်ရေး အရေးတကြီး လုပ်ဆောင်ရန်လိုအပ်သည့် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ

အကျဉ်းထောင်များသည် ထိုနိုင်ငံ၏ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့ အားကောင်းခြင်း၊ အားနည်းခြင်းကိုထင်ဟပ်စေပါသည်၊ ထို့အပြင် အကျဉ်းထောင်များသည် အများပြည်သူ မြင်ကွင်းမှ သီးခြားတည်ရှိနေခြင်းကြောင့်၊ အကျဉ်းသားများ ခံစားနေရသည့်အခွင့်အရေး ချိုးဖောက်ခံနေရမှုများအပေါ် အများပြည်သူ၏ သိရှိ၊ စာနာမှုကိုရရှိစေရန် ခက်ခဲစေပါသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ အကျဉ်းထောင်များတွင်လည်း အကျဉ်းသားဦးရေမှာ အကျဉ်းထောင်မှ ဝင်ဆံ့နိုင်သော လူဦးရေထက် ပိုများနေတတ်ပြီး လူဦးရေထူထပ်မှုများ ဖြစ်ပေါ်နေလျက်ရှိပါသည်။ အကျဉ်းထောင်အသီးသီး တွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများ လွန်လွန်ကျူးကျူးဖြစ်ပေါ်နေပြီး၊ လူ့အခွင့်အရေးချိုးဖောက်သူများကိုလည်း ပြန်လည်အရေးယူနိုင်ခြင်း အားနည်းသောနာမည်ဆိုးဖြင့် ကျော်ကြားနေသည့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင်…

အကျဉ်းထောင်တွင်းလူဦးရေလျော့ချနိုင်ရေးအရေးတကြီးလုပ်ဆောင်ရန်လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အစီရင်ခံစာမိတ်ဆက်ပွဲ

အကျဉ်းထောင်တွင်းလူဦးရေလျော့ချနိုင်ရေးအရေးတကြီးလုပ်ဆောင်ရန်လိုအပ်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး နည်းလမ်းများ အစီရင်ခံစာမိတ်ဆက်ပွဲအား ရန်ကုန်မြို့ အမှတ် (၀၂) ဖိုးစိန်လမ်း တာမွေမြို့နယ်ရှိ Green Hill Hotel တွင် ယနေ့ ၁၃ ဒီဇင်ဘာ ၂၀၁၈ နေ့ နေ့လယ် ၃ နာရီမှ ညနေ ၅ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာမိတ်ဆက်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မီဒီယာ အသီးသီးမှသတင်းထောက်များ၊စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်တွင် မီဒီယာများ၊ တက်ရောက်လာသူများ၏ မေးမြန်းမှုများအား ကိုတိတ်နိုင် (အတွင်းရေးမှူး-…